ပထမဆုံးတွေ့ဆုံခြင်း(ကျနော်သဘောကျမိတဲ့အပြုံး)

2.6K 165 23
                                    

အင်း...ခင်ဗျားတို့သိလားကျနော့တွက်အငြိမ်းချမ်းဆုံးချိန်က ကျနော်နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့ ချိန်ပဲ...။ခင်ဗျားတို့ကတော့ကျနော်မဟုတ်တော့အဲ့အရသာကိုဘယ်သိမလဲ...။

ဉပမာ-အိမ်မှာအိပ်ရာထနောက်ကျလို့အမေဆူတာခံပြီးအိပ်ရေးပျက်မဲ့အစားကျောင်းကိုစောစောလာပြီးဟောဒီလိုနှစ်နှစ်ချိုက်ချိုက်အိပ်နေတော့ဘယ်အမေကကောအိပ်ယာထနောက်ကျလိုဆူတာမှမခံရတော့ဘူး၊ပြီးတော့ကျောင်းလည်းနောက်ကျမှမပူရတော့ဘူးလေ...အဟားဟား...ကျ​နော့အကြံမဆိုးဘူးမလား...။ဟင်း...ခင်ဗျားတို့ရှင်းပြရတာကျနော့်အိမ်မက်ပျက်တယ်...အခုတော့အိမ်မင်ထဲမှာကျနော်....ဆက်အိပ်လိုက်ဉီးမယ်လို့ဟဲဟဲ...ု။

"မင်ယွန်းဂီ!!..."

အင်း...ဒါကတော့အမေရဲ့နှိုးဆက်သံလော်စပီကာတော့မဟုတ်ဘူး...ဘယ်သူ့အသံတုန်းဟ...ငါအိပ်နေတာကို...။

"မင်!!...ယွန်း!!...ဂီ!!.."

"ဂွတ်!!..."

"အား!!...ဆ...ဆရာမ..."

"ခုအတန်းရှေ့ထွက်ခဲ့ပါမောင်မင်းကြီးသား..."

ကျယ်လောင်တဲ့ခေါ်သံနဲ့အတူလျှင်မြန်တဲ့ဘောဖျက်ပြစ်ချက်ကိုသူရှောင်ချိန်မရလိုက်ငယ်ထိပ်တည့်တည့်ကိုထိမှန်သွားတဲ့dusterနဲ့အတူအိမ်မက်ကမ္ဘာမှသူနိုးထလာခဲ့ချေပြီ...။သူမေ့နေခဲ့တာကအိမ်ကနေစောစောထွက်လာရုံနဲ့အမေ့နှိုးဆက်ကိုလွတ်နိုင်ပေမဲ့ဆရာမရဲ့ဘောဖျက်ကိုတော့ရှောင်မည်မဟုတ်သည်ဆိူတာကိုပဲ..။အခုတော့ဆရာမကအတန်းရှေ့ခေါ်နေချေပြီ။

"မင်ယွန်းဂီတို့များအတန်းစတတ်ထဲကပြဿနာပေါင်းဆုံနဲ့...ဟူး...မလွယ်ဖူးဒီနှစ်အထက်တန်းအောင်ဖို့..."

"ဘောလိုကောင်...မင်းသာအထက်တန်းကိုနှစ်ချင်းပေါက်အောင်အောင်အရင်ကြိုးစား..."

အရေးထဲအနောက်ကနေနှောက်နေသောအနှောက်ကောင်သိုးနာကြောင့်ပတ်ပတ်ဆင်အောင်ပြန်ပြောခဲ့လိုက်သည်...။ရုပ်လေးချောရုံကလွဲလို့နေရာတကာချတူးလန်နေသောMr.jinကြောင့်သူမှာလည်းအထက်တန်းကိုတစ်နှစ်အောက်ခဲ့ချေပြီ...ထိုကောင်ကတော့သုံးနှစ်လုံးလုံးကျခဲ့တာတောင်အမှတ်သဲချေရှိမည့်ပုံမပေါ်...။

Senior ' Min ' (Season-1)Opowieści tętniące życiem. Odkryj je teraz