အပိုင်း (၉)

659 98 4
                                    

ဟိုဆော့တစ်ယောက်ညကဘာဖြစ်ခဲ့တယ်မသိမနက်ရောက်လို့မျက်လုံးဖွင့်ကြည့်မိတော့အဖြူရောင်မျက်နှာကြပ်တေနဲ့ပြည့်နေတဲ့အခန်းတစ်ခု ။ထိုပြင်ဘေး ဘက်ကိုကြည့်မိတော့ ထိုင်ခုံတစ်ခုံပေါ်တွင်ခြေ ချိတ်ထိုင်ကာ ငိုက်နေသောစီနီယာ့ကို အူယားဖွယ်ရာ တွေ့ရသည် ။ ဒီလောက်ဆိုရင်သူ့ရဲ့မနက်ခင်းဟာ အင်မတန်မှပြည့်စုံနေပြီမို့ အိပ်နေတဲ့စီနီယာ့ကိုမနှိုးမနေပဲ ကိုယ့်ပါကိုယ်ထကာ သိမ်းစရာရှိတာသိမ်းနေမိသည် ။

မနေ့ကညနေလောက်ကစီနီယာအပြင်ထွက်သွားချိန်လူတစ်ယောက်တံခါးလာခေါက်တာကြောင့်ဖွင့်ပေးမိတော့မထင်မှတ်စွာဟိုမိန်းမဖြစ်နေတာကြောင့်အိမ်မှာတစ်ယောက်တည်းရှိနေတာမို့တခါးပြန်ပိတ်ဖို့လုပ်တော့ တခါးကိုအတင်းဆောင့်တွန်းကာတစ်ခန်းလုံးကိုမွေနောက်သွားတဲ့ထိုမိန်းမ ။ ဒါ့အပြင်အဖျားတတ်နေသောသူ့ကိုပါရန်လာစနေသည်မို့ ဒီတိုင်းစကားပြန်မပြောမိပဲ ထိုင်သာကြည့်နေလိုက်သည် ။ဒါတောင်မကြေနပ်နိုင် သေးသောထိုမ်န်းမက လူကိုရုန်းရင်းဆန်ခတ်ဖြစ် အောင်လာလုပ်နေသည်မို့ ရုတ်တရပ်ခေါင်းတေမူးလာပြီးမိုက်ခနဲဖစ်ပြီးမေ့လည်းသွားသည်ထင်သည် ။

အဲ့လိုနေရာတေကြလည်းကိုယ်ကိုကိုယ်မထင်ရလောက်အောင်အားပျော့နေသည်မို့စိတ်ထည်းမှာအတော်ခံပြင်းရသည် ။သို့ပေမဲ့ထိုညနေ့ကလိုသူသာ ဖျားမနေခဲ့ရင်လည်းသူမကိုဘာမှပြင်းပြင်းထန်ထန်သူပြန်လုပ်မိမယ်မထင် ။သူမလည်းအကြောင်းပြချက် တစ်ခုကြောင့်သာသူ့ကိုခုလိုနှောက်နေတာကိုဟိုဆော့ကောင်းကောင်းသိသည် ။အဲ့အကြောင်းပြက တော့သူ့ရဲ့ချစ်လှစွာသောစီနီယာမင်ပေါ့ ။ ဒါပေမဲ့စိတိမကောင်းစွာပဲထိုလူကမနေ့ညကမှသူ့အပိုင်တံဆိပ်တုံးခတ်လိုက်ပြီမို့ရှေ့ရှောက်သူအထိခံမှာမဟုတ်တော့ ။

ဟိုဆော့လည်းအတွေတေကိုတစ်ခန်းရပ်ရင်း အိပ်နေတဲ့စီနီယာ့အနားကိုကပ်ပြီး ဖြေးဖြေးချင်း လှုပ်နိုးလိုက်သည် ။

"စီနီယာမင်ရှီး~~...ထလို့ရပြီးသိလား~~.."

နားထဲသို့ညှင်ညှင်သာသာတို့ဝင်လာသောအသံဖျော့ဖျော့လေးကယွန်းဂီအတွက်အိမ်မက်လားတကယ်လားမသဲကွဲသေးချေ ။မျက်လုံးကိုဖြည်းဖြည်းချင်း အားယူကာဖွင့်ကြည့်မိတော့ နီးကပ်နေသောမျက်နှာ တစ်ခုကြောင့် ယွန်းဂီမျက်နှာမှာရဲခနဲ ။အနီးကပ်မြင် နေရတဲ့သွယ်လျလျမျက်နှာလေးက သူ့ရဲ့မနက်ခင်း ကိုမြန်ဆန်သောရင်ခုံသံ တေနဲ့ပြည့်နှက်စေသည် ။

Senior ' Min ' (Season-1)Where stories live. Discover now