(အပိုင်း၈)

711 100 12
                                    

စီနီယာကသူ့လက်ကိုဆွဲကာခေါ်လာရင်းနှစ်ယောက်သားအိမ်ပြန်လမ်းကိုအတူသွားဖြစ်ကြသည် ။အရင် နေ့တေလိုစက်ဘီးပါမလာသည်မို့ နှစ်ယောက်လုံး ခြေလျင်သာလျောက်နေရသည် ။သို့ပေမဲ့အဲ့လိုလမ်း လျောက်တာကသူ့တို့ကို ပိုမိုနီးကပ်စေသယောင် ။ တစ်ချက်တစ်ချက်စီနီယာ့ရဲ့နီ ဆွေးဆွေးနှုတ်ခမ်း လွှာတေစီအကြည့်ရောက်မိချိန်မှာတော့ သူကြာကြာ မကြည်နူးနိုင် ပိုင်ရှင်ရှိသည့်လူတစ်ယောက်ကို ချစ်မိသလိုခံစားရတာကြောင့် ။

"ဟိုဆော့ရား..."

"ဗျ ဗျာစီနီယာမင် "

"ဟို မင်းခုနကမြင်လိုက်တာကို အထင်မလွဲနဲ့နော် အဲ့တာက သူနဲ့ငါကဘာမှမဆိုင်ဘူး သူက "

"စီနီယာမင် ကျနော်စီနီယာကိုသဘောကျတယ်!! "

"ဟင် "

ရုတ်တရပ်အသံဆူးဆူးလေးနဲ့ခေါင်းငုံကာအော်ပြောလိုက်သောစကားကနားထဲကိုစဉ်တီးသလိုအသံကျယ်လောင်စွာဝင်သွားသည် ။ဒါဘယ်လိုအခြေနေကြီး လည်း ငါအခုဖွင့်ပြောခံနေရတာလား ။ဘာလည်း ကယ်ကြပါဉီးဒီလိုအခြေနေကြီးကနေ ။ငါအဆင် သင့်မဖြစ်သေးဘူးကောင်လေး ။ဒါနဲ့မင်းရောအဆင် သင့်ဖြစ်​နေပြီလား ။

"သဘောကျတယ်လို့ ဒီကဂျောင်ဟိုဆော့ကလေ... "

"shuuu!! ဒီလောက်နဲ့သိပြီမို့ "

နောက်ထပ်ပြီးပြောလာတဲ့စကားတေကသူကိုမယုံနိုင်စွာရပ်တန့်စေသည် ။ညနေနေရောင်အောက်မှာ တောက်ပစွာရဲသွမ်းသွေးနေတဲ့မျက်နှာလေး အရာ အားလုံးထက်လှသည် ။တိတ်ဆိတ်သွားတဲ့နှုတ်ခမ်း လေးဟာလည်း အရှက်သည်းစွာကိုက်နေသည် ။ ဒါကောင်လးရှက်နေတာလား မဖြစ်နိုင်တာကြီး ေကာင်လေးကထင်တာထက်ချစ်ဖို့ကောင်းလှသည် ။

"ဒီ ဒီတိုင်းရပ်ကြည့်နေတော့မှာလားစီနီယာမင်ရှီး!!"

"အမ် အော အဲ့တာကဟို....ကိုကရှဉ့်ပေါက်တေဆိုသိပ်မကြိုက်ဘူးရယ် အဟား.."

"ခင်ဗျား!! yarrr!! စီနီယာမင်ရှီး ကျနော်ကလည်း ကြောင်ထီးတေဆိုသိပ်မုန်းတာသိလား!! "

"အဟားဟားဟား!! "

ဟိုဆော့လည်းရှက်ရှက်နဲ့ရှေ့ကနေပြေးသွားလိုက်သည် ။ဖွင့်ပြောမိတဲ့ကိုယ်ကိုကမှားသည်ထင်သည် ။ ဒီလိုမျိုးကြတော့လည်းစီနီယာ့ကိုသိပ်မုန်းလှပါသည် ။ကိုကသာသူများစီပါသွားမှာဆိုးပြီးမနေနိုင်မထိုင်နိုင်ဖွင့်ပြောမိပါရဲ့ သူလူကိုလှောင်သလိုလိုဘာလိုလိုနဲ့ တကယ်မဆင်မပြေစရာတေဖြစ်ကုန်သည် ။

Senior ' Min ' (Season-1)Onde histórias criam vida. Descubra agora