တတိယပိုင်း

883 114 4
                                    

unicode

"နမ်ဂျွန်း မင်းငါ့ကိုအမှန်တိုင်းပြောမလား "

"အင်း ဒါပေမဲ့လှို့ဝှက်ထားပေးပါဟိုဆော့ "

"အင်းပါ အဲ့ဆိုဒီတစ်ချိန်တော့ငါတို့ခေါင်မိုးထပ်
သွားရအောင်လေ "

" ရတယ်လေ သွားတာပေါ့ "

ဟုတ်တယ်လေ ခုချိန်လည်းအတန်းထဲမှာထိုင်နေပြီးအကိုလေးကိုလည်းမျက်နှာချင်းမဆိုင်ခြင်ပေ။နားမလည်နိုင်ဘူးအကိုလေးဘာလိုချင်နေတာလည်းဘာဖြစ်ချင်နေတာမှန်းသူမသိ ။အကိုလေးက ကျနော်ထင်တာထပ်ပိုပြီး နားလည်ရခတ်တယ် ။

"ရောက်ပြီ ကဲနမ်ဂျွန်းငါ့ကိုဘာတေဖြစ်တေနေ တာလည်းအမှန်တိုင်းပြောတော့ "

"ငါလည်းမသိဘူးဟိုဆော့ အကိုလေးဘာဖြစ်ချင်နေမှန်း "

"အဲ့တော့ အခုလိုတေဖြစ်ကုန်တာပေါ့ ဟူး ညီကိုခြင်းတေရန်ဖြစ်တာမဆန်းပေမဲ့ ငါတမျိုးကြီး ခံစားနေရတယ်ဂျွန်း "

"အမှန်တိုင်းပြောရရင် အကိုလေးနဲ့ငါက ညီကိုရင်း မဟုတ်ဘူး Mr.kimကငါ့ကိုမိဘမဲ့ဂေဟာကမွေး စားထားတာ ငါအသက်ခြောက်နှစ်မှာပေါ့ "

"အဲ့တော့ ဘာဆက်ဖြစ်လည်း "

ထပ်ပြောလာမဲ့နမ်ဂျွန်စကားကိုဟိုဆော့ဂရုတစ်ဆိုက်နားထောင်နေလိုက်သည်။

"အင်း...........အဲ့တော့ငယ်ငယ်ကတည်းကအရမ်းဆိုးလွန်းတဲ့အကိုလေးကိုသူအဖေကလည်းမိတဆိုးသားလေးဆိုပြီးအလိုလိုက်ခဲ့ပေမဲ့ ငါကိုမွေးစားပြီး တဲ့နောက်မှာအကိုလေးကအရင်က ထပ်သူ့အဖေနဲ့ အဆင်မပြေတော့ဘူးလေ ငါ့ကိုလည်းမပြော​ပြနိုင်တဲ့အနိုင် ကျင့်တာတေလုပ်ဖူးတယ် ဒါပေမဲ့ အခုနောက်ပိုင်း တော့သူဆင်ခြင်လာတယ် Mr.kimကလည်း ကျန်းမာရေးအခြေအနေမကောင်းတော့ ဘူးလေ အခုဖြစ်တဲ့ကိစ္စကလည်း အကိုကမင်းကိုငါနဲ့မပေါင်းစေချင်တာ ဒါပေမဲ့ မင်းဆို တာကငါ့ကိုဒုက္ခပေးနေတဲ့သူမှ မဟုတ်တာ ငါတကယ် အကိုလေးဘာဖြစ်ချင်နေမှန်း နားမလည် ဘူး "

"အဟင်း ငါသိပြီ အဲ့တော့မင်းအကိုလေးကငါ့ကိုမင်းနားမှာမရှိစေချင်တာပေါ့ စိတ်ချမင်းနဲ့ငါရဲ့ ဆက်ဆံရေးကဘယ်တော့မှ ပြတ်တောက်သွားမှာမဟုတ်ဘူး နမ်ဂျွန် အခုကစပြီး ဆော့ဂျင်ဟျောင်းမင်းကိုအနိုင်မကျင့်စေရဘူး  "

Senior ' Min ' (Season-1)Where stories live. Discover now