ဒုတိယပိုင်း

1K 122 16
                                    

Unicode

Unicode

ပျင်းရိဖွယ်မနက်စာထမင်းဝိုင်းတွင်နမ်ဂျွန်တစ်ယောက်အကိုလေးဆော့ဂျင်အလာကိုဆောင့်နေမိသည်...။မနေ့ကဖြစ်တဲ့ပြဿနာပြီးနောက်သူတို့မျက်နှာချင်းဆိုင်ပြီးတောင်စကားမပြောမိခဲ့ချေ...။အရင်ထက်အေးဆက်လာတဲ့သူတို့ဆက်ဆံရေးတေကိုမည်သူဘက်ကမှလည်းပြန်လည်အစဖော်ချင်သည့်ပုံမပေါ်...။

*အကိုလေးတကယ်ပဲကျနော့ကိုညီကိုတစ်ယောက်လိုမသက်မှတ်နိုင်တော့တာလား...အဟင်း...အရင်ကလည်းမသတ်မှတ်ခဲ့ပါဘူး...အခုဆိုပိုလို့တောင်သွေးအေးသွားခဲ့ပြီ...ကျနော်ဒီဆက်ဆံရေးကိုအဆုံးသတ်ချင်နေပြီ...*

မနက်တိုင်းအိမ်မှာမနက်စာကိုစားလေ့မရှိတဲ့အကိုလေးကိုမနက်တိုင်းထမင်းဝိုင်းမှာနမ်ဂျွန်အမှတ်မရှိစောင့်‌ေနမိသည်။‌ေပြာရင်းဆိုရင်း‌ေလှကားက‌ေန‌ေမြာက်ကြွ‌ေမြာက်ကြ‌ွနဲ့ဆင်းလာတဲ့အကိုလေး လက်ထဲကကားသော့ကိုဝေ့ရမ်းပြီး အိမ်ကထွက်ဖို့တတ်ကြွနေပုံ...အဟင်း...သေချာနေပါပြီဒီနေ့လည်းသူ့ရဲ့ဘယ်နှရောက်မြောက်မှန်းမသိတဲ့ကောင်မလေးကိုကျောင်းအသွားဝင်ခေါ်ဖို့သွားတော့မယ်ဆိုတာ...။

"သခင်လေးမနက်စာ...."

"တော်ပြီ...ကျောင်းရောက်မှစားတော့မယ်ဉီးလေးရွန်...ကျနော်ကျောင်းသွားပြီနော်..."

ဉီးလေးရွန်ရဲ့စကားကိုဖြတ်ကာကျောင်းသွားဖို့ပြင်နေတာကြောင့်နမ်ဂျွန်လည့းမနက်စာကိုစစားနေလိုက်သည်...။အကိုလေးကနေ့တိုင်းလိုလိုကျောင်းကိုကားနဲ့သွားတတ်ပေမဲ့သူကတော့သိပ်မဝေးတာကြောင့်စက်ဘီးနဲ့သာသွားဖြစ်သည်...။

စားပြီးလို့လွယ်အိပ်လွယ်ကာခြံထဲကစက်ဘီးကိုထုတ်ပြီးကျောင်းသွားဖို့ပြင်လိုက်သည်....။

အဟင်း...ကျနော်အမှန်တိုင်းပြောရရင်ဒီအခိုက်အတန့်လေးကိုကြိုက်တယ်...။စက်ဘီးဆီးရင်းလေညှင်းခံတာမျိုးပေါ့...အကိုလေးကောဒီလိုမျိုးစက်ဘီးစီးရတာကိုကြိုက်ပ့မလား...။

ဒီနေ့တော့နမ်ဂျွန်အရင်နေ့တေကထပ်ကျောင်းကိုအနည်းငယ်ပိုစောရောက်ခဲ့သည်....။

Senior ' Min ' (Season-1)Tempat cerita menjadi hidup. Temukan sekarang