ပဉ္စမပိုင်း

733 106 11
                                    

Zawgyi

ဟိုဆော့တို့မနက်စောစောစီးထကာတန်းစီနေရသည်။ဘာကြောင့်ဆိုဒီနေ့ကသူတို့တောင်ပေါ်မှာစမ်းသက်စိုက်ပျိုးရမယ့်နေ့လေ အဖွဲသားတေအကုန် တန်းစီ နေပေမဲ့စီနီယာမင်ကိုတော့သူမတွေ့မိသေး။ အိပ်ယာ ထနောက်ကျနေတာတော့မဟုတ်လောက်ဘူး မလား။

"အာ ဆရာမကျနောက်ကျသွား တဲ့တွက်တောင်းပန် ပါတယ်နော် "

"ရပါတယ် အခုမှလူစုတုန်းပဲရှိသေးတာ "

"ဟုတ်ကဲ့ဆရာမ "

ခုမှရောက်လာတဲ့စီနီယာကအိပ်မုံစဝါးနဲ့ဆရာမကိုနှုတ်ဆက်နေလေသည်တော်သေးရဲ့ရောက်လာသေးလို့။

"ယွန်းဂီရှီး!! "

"ဟာ...ဟာရီ "

ဟိုဆော့ထိုမိန်းကလေးကိုစိုက်ကြည့်နေမိသည်။ဘာရယ်မဟုတ်ဒီတိုင်းပဲစိုက်ကြည့်မိသည် ဘာလို့ဆို သူမက​လှရက်လွန်းသည် ။နာမည်နဲ့လိုက်အောင် သွက်သွက်လက်လက် နဲ့တမျိုးကြည့်ကောင်း သည်။

သို့ပေမဲ့စီနီယာကို ကြည့်​​နေသူမမျက်လုံး တေကို တော့သူ သဘောမကျချေ တစ်ခုခုကိုသတိ ထားခံ စေနေသည့်ပုံမျိုးနဲ့ ။

"ကလေးတို့ ဒီကစီနီယာဟာရီက မင်းတို့ကိုစိုက်ပျိုး ရေးနဲ့ပတ်သတ်ပြီး နည်းပြပေးဖို့ကူညီးပေးလိမ့်မယ် သိတဲ့တိုင်းတစ်ဖက်ကျောင်းကကျောင်း သားတော် တော်များများက ဒီကျောင်းကပြောင်း သွားတဲ့သူ တေဆိုတော့မင်းတို့နဲ့လည်း ရင်းနှီးမယ်လို့ ဆရာမ ထင်တယ် အဲ့တော့ဟာရီနဲ့ယွန်းဂီက ကလေးတေ ကိုအတတ်နိုင်ဆုံးနည်းပြပေးဖို့ ဆရာမမျှော်လင့် ပါတယ် "

"ဟုတ်ကဲ့ပါဆရာမ ဟာရီနဲ့ယွန်းဂီနဲ့ကအလယ်တန်း ထဲကသူငယ်ချင်းတေလေ ဟုတ်တယ်မလားယွန်းဂီ"

"အမ် အင်း ဟို ဆရာမရာသီဉတုက အခြေနေသိပ် မကောင်းဘူးနော် "

ယွန်းဂီဟာရီစကားကိုလမ်းကြောင်းမိသည်။ဟုတ်ပါတယ်သူတို့က အလယ်တန်းထဲကသူငယ်ချင်း တေဆိုတာ ဒါပေမဲ့ ထိုထပ်လည်းပိုဖူးခဲ့တာကြောင့် ယွန်းဂီကိုယ့်ကိုကိုယ် မလုံပေ။ဘာပဲဖစ်ဖြစ်သူမ ကိုတော့အတတ်နိုင် ဆုံးသူငယ်ချင်းကောင်း အဖြစ်ပဲ သူများတေကိုပေးသိစေချင်သည်။

Senior ' Min ' (Season-1)Where stories live. Discover now