FRIEND ZONE(part1)

1.5K 37 0
                                    

ဒေါက်~ဒေါက်~ဒေါက်~~
သမီးလေးရေ...ထတော့နော်ကျောင်းချိန်နီးနေပြီ!!
-မေမေမှနှိုးနေပြီဖြစ်၍ထလိုက်ကာ ''ဟုတ်ကဲ့မေမေ"လို့ပြန်ဖြေလိုက်သည်။
ရေချိုးပြီးကျောင်းအကျီလဲကာအိမ်အောက်သို့ဆင်းလာလိုက်ပြီးမနက်စာစားပြီးသည့်နှင့်ကျောင်းသို့သွားရတော့သည်။
''မေ"ကဒီနှစ်မှ‌ဒီကျောင်းကိုပြောင်းလာရတဲ့ငါးတန်းကျောင်းသူလေးပေါ့ ..... နာမည်အပြည့်အစုံကတော့
''မေသက်ထား''လို့ခေါ်တယ်။မေတို့မိဘတွေကအစိုးရဝန်ထမ်းတွေဆိုတော့တနယ်ပြီးတနယ်ပြောင်းရတော့ ‌''မေ"လဲကျောင်းတွေအမြဲပြောင်းခဲ့ရပါတယ်
အခုဒီမြို့မှာကတော့မေတို့မိသားစုအခြေချရမယ့်မြို့တစ်မြို့ဖြစ်တယ်။ထပ်လဲမပြောင်းရတော့မယ့်မြို့ပေါ့
မေအရမ်းပျော်ခဲ့တယ်ထပ်မပြောင်းရတော့လို့လေ
အဲ့တာကြောင့်မေဒီမြို့လေးမှာတော့မေသူငယ်ချင်းထားမယ်ဆုံးဖြတ်ထားတယ်....အရင်ကနယ်တွေပြောင်းရလို့သူငယ်ချင်းမရှိပေမယ့်အခုဒီမြို့လေးမှာတစ်သက်လုံးနေရတော့မှာဆိုတော့သူငယ်ချင်းလိုချင်နေမိတယ်။ကျောင်းအသစ်လေးမှာလဲသူငယ်ချင်းအသစ်တွေနဲ့တည့်အောင်နေမယ်လဲဆုံးဖြတ်ထားတယ်:)))

ကျောင်းသို့စရောက်~~~~~~~~
မေတစ်ယောက်အရမ်းအံ့ဩသွားသည်!!!!
မေ: ဝိုး!!!!!ကျောင်းကြီးကကျယ်လိုက်တာအရမ်းလဲမိုက်တာပဲ!!! Basketballကွင်းလဲရှိတယ်!!

မေအံ့ဩလွန်နေသည်.....အဘယ့်ကြောင့်ဆိုသော်သူအရင်တက်ခဲ့သည့်ကျောင်းမှာအနည်းငယ်ကျဉ်း၍
သူ့အရမ်းကြိုက်တဲ့ basketballကစားကွင်းမရှိသေးကြောင့်ရယ် ပြီးတော့ မိန်းကလေးသီးသန့်ကျောင်းမှာအခုလိုရှိမယ်မထင်ထားတာရယ်ကြောင့်ဖြစ်သည်။
မေလဲအံ့ဩမှုတွေနဲ့အတူကျောင်းဝန်းအတွင်းသို့ဝင်ပြီးမိမိရဲ့အခန်းဖြစ်တဲ့ငါးတန်း(B)ခန်းသို့ဝင်လာခဲ့သည်။ မေမှာကျောင်းသူသစ်ဖြစ်၍အတန်းထဲကမည်သူကမျှအဖတ်မလုပ်သလိုမေကလဲနှုတ်ဆက်ခြင်းမရှိခဲ့.......

ကျောင်းတက်ပြီးစာသင်ချိန်~~~~~
အတန်းခေါင်းဆောင်မှထ၍ဝင်လာသောဆရာမအားနှုတ်ဆက်ရန်ပြောသည်။
အတန်းခေါင်ဆောင်: အားလုံးမတ်တပ်ရပ်။ဆရာမကိုနှုတ်ဆက်။
ကျောင်းသူများ: မဂ်လာပါဆရာမ။
ဆရာမ: မဂ်လာပါကွယ်။ထိုင်လို့ရပါပြီကလေးတို့။
ကျောင်းသူများ :ကျေးဇူးတင်ပါတယ်ဆရာမ။
ဆရာမမှဆက်၍စကားပြောသည်။
ဆရာမ: ကယ်ကလေးတို့ ဒီနေ့ကတော့ကျောင်းစတက်တဲ့နေ့ဖြစ်လို့ကလေးတို့သိအောင် ဆရာမနာမည်ကိုဆရာမကနှုတ်ဆက်မယ်ကွယ်။
ဆရာမကတော့ကလေးတို့အတန်းရဲ့အတန်းပိုင်ဆရာမဒေါ်ကြည်ဖြူပါ။ဆရာမက Englishသင်မှာဖြစ်ပါတယ်။ နောက်ပြီးဆရာမရဲ့အတန်းထဲကလေးတွေတစ်နှစ်လုံးလိမ္မာမယ်လို့ထင်တယ်...လိမ်လဲလိမ္မာရမယ်။ ကယ်မိတ်ဆက်ပြီးပြီဆိုတော့စာအုပ်ထုတ်ကြစာသင်ကြမယ် lesson 1 ကိုကြည့်ကြပါ။

FRIEND ZONEWhere stories live. Discover now