FRIEND Zone (part 10)

158 8 0
                                    

ခြောက်တန်းအောင်ပြီးခုနစ်တန်းအရောက်~~~
အခြေနေတွေဟာဘာမှမထူးခြားသွားခဲ့ပါဘူး။ပြောင်းလဲသွားတာဆိုလို့ခုနစ်တန်းရောက်လာတာရယ်ရှင်းသန့်ရဲ့စိတ်လေးနည်းနည်းပြောင်းသွားတာပဲရှိပါတယ်။ရှင်းသန့်စိတ်လေးနည်းနည်းပြောင်းသွားတာကမေ့အတွက်တော့ရှင်းသန့်ကမေ့အပေါ်အတော်ပြောင်းလဲသွားခဲ့ပါတယ်။တစ်ခါတစ်လေနှစ်ယောက်သားစိတ်ကောက်ရင်ရှင်းသန့်ကအရင်လိုနည်းနည်းလေးတောင်ပြန်မချော့တော့ပါဘူး။သူမသိသလိုပဲနေတယ်။မေသွားခေါ်မှသာပြန်ခေါ်တယ်။မေကမေးမိတယ်ဘာလို့မချော့လဲလို့၊အဲ့လိုမေးတော့ရှင်းသန့်ကခုနစ်တန်းတောင်ရောက်လာပြီကလေးလိုမချော့ချင်ဘူးလို့ပြန်ဖြေပါတယ်။နောက်ပြီးရှင်းသန့်ကမေ့ကိုပြန်ခါနီးတိုင်းတာ့တာမပြတော့ပါဘူး။ဘာလို့တာ့တာမပြလဲလို့မေးရင်ကလေးကုလားမလုပ်ချင်ဘူးဟုပဲမေ့ကိုပြန်ပြောပါတယ်။နောက်ပြီးအခုတလောရှင်းသန့် BLကားတွေကြည့်လာခဲ့ပါတယ်။သူကြည့်နေတာကိုမေတောင်မသိရပါဘူးဟိုတစ်ခါသူ့အိမ်မထင်မှတ်ပဲရောက်သွားတော့မှသိခဲ့ရတယ်။နောက်ပြီးမေကမေးမိပါတယ်နင်ကဒါတွေမကြိုက်ဘူးလဲပြောတယ်ဘာလို့အခုကျကြည့်နေတာလဲလို့မေးမိတော့ကြည့်ချင်လာလို့ကြည့်တာလို့ပဲခပ်ပြတ်ပြတ်မေ့ကိုဖြေတယ်။နောက်ပြီးနင်ဘာလို့ငါ့ကိုဒီကား‌ေတွကြည့်နေတာမပြောလဲလို့မေးမိတော့နင့်ကိုပြောစရာမလိုဘူးလို့ထင်လို့မပြောတာဟုပြန်ဖြေလာပါသည်။
‌ရှင်းသန့်ရဲ့ပြောင်းလဲမှုအကြီးကြီးကတော့ရှင်းသန့်ကအလှပြင်ရတာကြိုက်လာပြီးရည်းစားစထားလာတတ်ခြင်းပါပဲ။အရင်တုန်းက‌ေမ့ကိုရည်းစားမထားရဘူးဟုသူပဲပြောခဲ့ပြီးအခုတော့မေမသိအောင်မေတို့ကျောင်းနဲ့မနီးမဝေးမှာရှိယောကျာ်းလေးကိုယ်ပိုင်အထက်တန်းကျောင်းကရှစ်တန်းအကိုကြီးတစ်ယောက်နဲ့ရည်းစားဖြစ်နေကြသည်။မေဒီကိစ္စကိုအတော်အတန်ကြာသည်ထိမသိရခဲ့ပါ။ကျောင်းမှာသူများတွေတီးတိုးပြောမှသာမေသိခဲ့ရသည်။မေသိသိချင်းပဲရှင်းသန့်ကိုမေးတော့ရှင်းသန့်ကဟုတ်သည်ဟုဖြေသည်။ထို့နောက်မေကရှင်းသန့်အားငါ့ကိုဘာလို့ဒီအကြောင်းမပြောလဲမေးတော့ရှင်းသန့်ကစကားမစပ်မိလို့မပြောတာဟုပဲဖြေသည်။နောက်ပြီးရှင်းသန့်ကဆက်ပြောသည်ငါ့ကိုအမေလိုလိုက်ချုပ်ခြယ်မနေနဲ့ငါမကြိုက်ဘူးဟုခပ်ဆတ်ဆတ်အသံနဲ့မေ့ကိုပြောသည်။ရှင်းသန့်...ရှင်းသန့်အရမ်းပြောင်းလဲသွားသည်။တခြားသူတွေအပေါ်ထက်မေ့အပေါ်အရမ်းကိုပြောင်းလဲသွားသည်။တစ်ခါတစ်လေစဉ်းစားမိသည်ရှင်းသန့်များမေ့ကိုမခင်တော့ဘူးလားလို့။အဲ့လိုစဉ်းစားမိတိုင်းလဲမေငိုနေမိသည်။ဘာကြောင့်ငိုနေမိမှန်းလဲမသိ။နောက်ပြီးရှင်းသန့်သည်ရည်းစားများကိုတစ်ယောက်ပြီးတစ်ယောက်ထားသည့်အခါတိုင်းလဲမေဝမ်းနည်းပြီးငိုမိသည်။နောက်ပြီးသူ့ရည်းစာဆိုသောအကောင်များကိုတွေ့တာနဲ့သတ်ပစ်ချင်လောက်မုန်းသည်။ဒါပေမယ့်ရှင်းသန့်ကိုတော့မမုန်းမိပါ။မေလဲဘာလို့ခုလိုဖြစ်နေလဲသေချာမစဉ်းစားနိုင်။မစဉ်းစားရဲတာဆိုပိုမှန်မည်ထင်သည်။ဘာပဲဖြစ်ဖြစ်မေသည်ရှင်းသန့်ကိုအခုထိခင်သည်အရင်ကထက်ပိုခင်သည်။ရှင်းသန့်မွေးနေ့တိုင်းလဲမေအတူရှိပေးသည်။အမြဲအမှတ်ရပေးသည်။
ရှင်းသန့်ကတော့မေ့မွေးနေ့ကိုမေပြောမှအမြဲအမှတ်ရသည်။ဘယ်တော့မှမမှတ်မိခဲ့ပေ။တစ်နေ့
ကျူရှင်ဆင်းတော့တခြားသူများပြန်သွားပြီးမေနဲ့ရှင်းသန့်နှစ်ယောက်ထဲသာကျန်ခဲ့သည်။‌ရှင်းသန့်နဲ့ကျူရှင်တူနေရတာလဲမေကသေချာစုံစမ်းပြီးတက်ခဲ့ခြင်းကြောင့်သာတူနေခြင်းဖြစ်သည်။မဟုတ်လျှင်ကျူရှင်တောင်တူမည်မဟုတ်။ထိုအချိန်တွင်မေမှစကားစကာ
မေ:ရှင်းသန့်.......
ရှင်းသန့်: ဟင်မေပြောလေဘာလဲ။
မေ: ဘာမှမဟုတ်ပါဘူးဟာနင်အရမ်းပြောင်းလဲသွားတယ်လို့ပြောမလို့ပါ။
ရှင်းသန့်ကမသိသလိုမျက်မှောင်ကျုံ့ကာ
ရှင်းသန့်: ငါကဘာပြောင်းသွားလို့လဲဟအရင်တိုင်းပါပဲ။
မေ: အရင်နဲ့မတူတာတွေရှိပါတယ်ဟာ။
ရှင်းသန့်: ဘာတွေများလဲငါတောင်မသိရပါလား။ငါဘာတွေပြောင်းလဲလို့လဲနင်သိရင်ပြောကြည့်လေ။
မေ: အော်နင်ဆံပင်တွေရှည်လာတယ်လေ။ပြီးတော့အလှတွေပြင်တတ်လာတယ်။ပြီးတော့နင်BLကားတွေကြည့်တတ်လာတယ်လေ။ပြီးတော့....ပြီးတော့နင်ရည်စားထားတတ်လာတယ်လေဟာနောက်ပြီးနင်ငါနဲ့အတူမထိုင်တော့ဘူးလေနောက်ပြီးနင်ငါ့ကိုမခင်တော့သလိုခံစားလာရတယ် လို့အသံလေးတိမ်ဝင်သွားစွာမေပြောလိုက်သည်။ထိုအခါမှရှင်းသန့်ကမေ့ကိုကြည့်၍ပြန်ပြောလာသည်။
ရှင်းသန့်: ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုဟာအရေးကြီးခွင်ကျယ်နင်ကလဲ ဆံပင်ရှည်လာတာကတော့ထားပါတော့ငါမှမဟုတ်ဘူးနင်လဲရှည်လာတာပဲလေ။နောက်ပြီးအလှပြင်တာကလဲမိန်းကလေးသဘာဝပဲလေ။နောက်ပြီးငါအများကြီးပြင်တာလဲမဟုတ်နည်းနည်းပါးပါးပဲလေ။ပြီးတော့ငါBLကားကြည့်တာလဲအထူးအဆန်းမဟုတ်ငါ့အရွယ်တခြားသူတွေလဲကြည့်တာပဲ။ပြီးတော့နင်ပဲမကြည့်တာနောက်ပြီးရည်းစားထားတာကလဲငါပဲထားတာမဟုတ်တခြားသူတွေလဲထားတာပဲ။နင်နဲ့မထိုင်ဖြစ်ဖူးဆိုတာလဲသူ့အခြေအနေနဲ့သူဖြစ်သွားတာပဲလေ။ဒါပေမယ့်ငါနင့်ကိုငါခုံရဲ့နောက်ကခုံမှာနေရာဦးပေးခဲ့တာပဲနောက်ပြီးနင့်ကိုမခင်တော့ဘူးခံစားနေရတာကနင့်စိတ်ပဲငါကတော့နင့်ကိုအရင်တိုင်းပဲခင်တယ်ဟုခပ်ပေါ့ပေါ့ပြောသည်။
သူပြောတာလဲဟုတ်ပါသည်ရည်စားထားတာတွေ BLကားကြည့်တာတွေကသူမှမဟုတ်မေတို့အရွယ်ကမိန်းကလေးတိုင်းကြည့်ကြသည်၊ထားကြသည်။မိုးတောင်အဲ့ကားတွေကြည့်သည်မေသာမကြိုက်၍မကြည့်ချင်းပင်။‌ဒါပေမယ့်မေကအဲ့ရိုးရိုးအရာတွေပေါ်ပဲဘာလို့လိုက်ခံစားနေမိမှန်းမသိ။
မေ: ဒါပေမယ့်နင်ငါနဲ့မုန့်စားမဆင်းတော့တာကရော
မေလဲသိချင်သဖြင့်ထပ်မေးမိသည်။
ရှင်းသန့်: အော်နင်ကလဲနင်လဲနင့်ဟာနင်နင့်ဘေးကလူနဲ့သွားတာပဲ။ငါလဲမြတ်နိုးတို့နဲ့သွားတာဘာဆန်းလဲ။ပြီးတော့မုန့်ဝယ်တာလဲခဏလေး၊ပြီးရင်အတန်းထဲပြန်ရောက်ရင်တူတူစုစားကြတာပဲကို။
ရှင်းသန့်နဲ့မြတ်နိုးတို့ကခုနစ်တန်းနှစ်မှာပြန်ခေါ်သွားခဲ့ကြသည်။အရင်ကမေနဲ့ရှင်းသန့်တို့ကိုစလို့ရှင်းသန့်ကစိတ်ဆိုးပြီးမခေါ်ခဲ့ပေမယ့်ရက်တွေကြာတော့သူလဲစိတ်လျော့လိုက်သည်ထင်သည်။ထို့ကြောင့်သူတို့နှစ်ယောက်နဲ့ပြန်ခေါ်ကာသူတို့နှစ်ယောက်နဲ့တူတူပြန်ထိုင်ခဲ့ခြင်းဖြစ်သည်။
ရှင်းသန့်လဲအဲ့လိုပြောတော့မေလဲဘာမှမပြောတော့ပဲသာငြိမ်၍လာကြိုရန်သာစောင့်နေတော့သည်။စိတ်ထဲတွင်တော့အရမ်းဝမ်းနည်းပြီးငိုချင်နေမိသည်။ထိုအခါမှရှင်းသန့်ကထပ်၍ပြောသည်။
ရှင်းသန့်: မေနင်ကလေးလိုမျိုးအရာရာကိုလိုက်ပြီးသဝန်တိုမနေနဲ့။ငါတို့ကခုနစ်တန်းတောင်ရောက်လာပြီကလေးလိုနေမနေနဲ့။နောက်ပြီးငါ့ကိုအဲ့လိုစစ်လားဆေးလားမေးတဲ့ပုံမျိုးဒါနောက်ဆုံးပဲဖြစ်ပါစေ။ငါမကြိုက်ဘူး။အခုလိုမျိုးခံတယ်ဆိုတာကလဲနင့်မိုလို့နောက်တစ်ခါဆိုရင်တော့ငါလဲမခံတော့ဘူး။နင့်ကိုစိတ်ဆိုးမိလိမ့်မယ်။နောက်ပြီးငါနင့်ကိုအရင်လိုပဲခင်တယ်ဒါကိုနင်မှတ်ထားမေကြားလားဟူ၍မေ့အားပြောလာသည်။မေလဲ
မေ: အင်းပါဟာ‌ေနာက်ဆိုငါမမေးတော့ပါဘူး။အခုငါ့ကိုတော့စိတ်မဆိုးပါနဲ့နော်။ငါနင်စိတ်ဆိုးရင်မနေတတ်လို့ပါ။
ရှင်းသန့်: အင်းပါငါအခုစိတ်မဆိုးပါဘူး။နောက်ပြီးနင့်ကိုလဲခင်တယ်ဟုတ်ပြီလား။
မေ: အင်းငါလဲနင့်ကိုခင်တယ်။
မေတို့စကားပြောနေချိန်အတွင်းမှာပဲအိမ်ကလာကြိုသဖြင့်ပြန်ခဲ့လိုက်ကြသည်။ပြန်ခါနီးတော့မနှုတ်ဆက်ဖြစ်ကြရယ်ပဲရယ်ပြမိသည်။ဘာလို့ဆိုရှင်းသန့်ကကလေးလိုတာ့တာလို့ပြောရတာမကြိုက်တော့ခြင်းကြောင့်ဖြစ်သည်။

FRIEND ZONEWhere stories live. Discover now