FRIEND Zone ( part 16)

164 7 0
                                    

မုန့်ဆိုင်သို့ရောက်သောအခါ~~~~
မုန့်ဆိုင်သို့ရောက်သည်နှင့်မေနဲ့မိုးလဲစားချင်သည့်မုန့်များကိုမှာလိုက်သည်။မုန့်များမှာပြီးနောက်မိုးမှစကားစလာသည်။
မိုး: ဟဲ့မေနင်ရှင်းသန့်ကိုပြန်သွားမခေါ်ဘူးလား။ဟိုကနင့်ကိုစိတ်ဆိုးပြေနေပြီနော်။နင်ပြန်ချော့ရင်နင်တို့အရင်လိုပဲပြန်အဆင်ပြေသွားကြမှာကို။
မေ: အင်းပါငါပြန်ချော့ဖို့စဉ်းစားထားပါတယ်။ဒါပေမယ့်လူချင်းတွေ့ပြီးချော့ရမှာငါကြောက်နေလို့။နောက်ပြီးငါသူ့ကိုအခုထိချစ်တုန်းပဲ။
မိုး: ဟင်!! နင်အခုထိချစ်တုန်း!!!ဟုတ်လားအာ့ဆိုနင်စိတ်ကစားတာမဟုတ်ဖူးပေါ့!!!!
မိုးလဲအံ့ဩစွာမေးလာသည်။
မေ: အင်းမဟုတ်ဖူးထင်တယ်။ငါသူ့ကိုခုချိန်ထိတစ်နေ့မှမေ့မရပဲချစ်နေသေးတယ်။အဲ့တာကြောင့်ငါမဆက်သွယ်ရဲတာငါ့ဘက်ကမရိုးမသားချစ်နေတော့ငါချစ်နေတာကိုသူသိသွားမှာကြောက်တယ်။နောက်ပြီးကိုးတန်းကတောင်ငါပြန်မဖြေတာလောက်လေးနဲ့ငါ့ကိုစိတ်ကွက်သွားတာလေ။ငါတကယ်ချစ်နေတာသာသူ‌သိသွားရင်သူငါ့ကိုမုန်းသွားမှာငါကြောက်တယ်ဟ။
မိုး: အဲ့လောက်ကြီးလဲမစိုးရိမ်ပါနဲ့ဟာ။နင်မပြောရင်သူမသိပါဘူး။ပြီးတော့နင်ချစ်နေတဲ့အကြောင်းကိုသိတာကလဲငါတစ်ယောက်ထဲပဲလေ။အဲ့တာကြောင့်နင်သွားခေါ်လိုက်ပါ။နောက်ပြီးနင်လူချင်းတွေ့ပြီးမချော့ရဲရင် Facebookမှာသူ့ကို Addလိုက်လေပြီးတော့သူလက်ခံရင် messengerမှာစကားလေးဘာလေးသွားပြောပြီးချော့လိုက်ပေါ့။နင်လဲအခုဖုန်းကိုင်နေရပြီပဲကိုပြီးတော့နင့်မှာ accလဲရှိနေတာပဲကိုသွား addလိုက်ပေါ့။
မေ: Addတာကတော့ဟုတ်ပါပြီဒါပေမယ့်သူငါ့ကိုလက်ခံပါ့မလား~~~
မိုး: လက်ခံမှာပါဟသူလဲနင့်ကိုစိတ်ဆိုးပြေနေပြီကိုလက်မခံစရာအကြောင်းမရှိဘူး။
မေ: အေးပါ။ဒါနဲ့ငါသူ့ရဲ့ acc nameမသိဘူးလေ။
မိုး: ငါသိတယ်ငါပြောပြမယ်နင်သာရအောင် add။
မိုးပြောသည်ကိုကြားမှမေလဲဝမ်းသာအားရနဲ့မိုးအား
မေ: ကျေးဇူးပါဟာငါ့ကိုကူညီလို့။နင်ကငါ့အတွက်တော့အကောင်းဆုံးသူငယ်ချင်းပဲ။ငါနင့်ကိုအမြဲခင်မယ်နော်လို့ပြောလိုက်သည်။ထိုအခါမိုးက
မိုး: ရပါတယ်ဟာသူငယ်ချင်းတွေပဲ။နင်တကယ်ကျေးဇူးတင်ရင်ဒီနေ့နင်ဒကာခံလိုက်တော့
မေ: အေးပါဒီနေ့နင်စားသမျှငါအကုန်ဒကာခံမယ်။
မိုး: အေးပါပြီးတာပဲလို့ပြောကာလာချပေးထားသောအစားအစာများကိုစားနေသည်။ထို့နောက်မိုးမှထပ်၍စကားစလာသည်။
မိုး: ရော့မေအဲ့မှာကြည့်အဲ့တာရှင်းသန့်ရဲ့ accပဲ။
နင်အခုပဲ addလိုက်တော့။
မေလဲမိုးဖုန်းထဲရှင်းသန့်ရဲ့ acc nameလေးကိုရှာလိုက်သည်။တအားရှာစရာမလိုပဲရှင်းသန့်accကိုတွေ့ပါသည်။ထို့နောက်မေလဲမရဲတရဲ addကာလိုင်းပိတ်ပြီးမုန့်ဆက်စားလိုက်သည်။စိတ်ထဲမှာတော့ရှင်းသန့်မေ့ကိုလက်ခံပါစေဆုတောင်းနေမိသည်။မေတို့နှစ်ယောက်လဲမုန့်စားပြီးနောက်အိမ်သို့ပြန်လာခဲ့လိုက်သည်။အိမ်ရှေ့သို့‌ေရာက်တော့မိုးလဲမေ့ကိုနှုတ်ဆက်ကာပြန်သွားသည်။ထို့နောက်မေလဲနားရန်အိမ်ထဲသို့ဝင်လာခဲ့လိုက်တော့သည်။အိမ်ထဲသို့ရောက်တော့မေလဲမေမေ့အားနှုတ်ဆက်ကာဆယ်တန်းတုန်းကပင်ပန်းခဲ့သမျှကိုအတိုးချနားရန်အိမ်ပေါ်သို့တက်ခဲ့လိုက်သည်။ထို့နောက်အခန်းထဲသို့ရောက်တော့မေလဲအိပ်ယာပေါ်လှဲကာလိုင်းသုံးနေလိုက်တော့သည်။မေလိုင်းသုံးနေစဉ်မှာပဲ notiတစ်ခုတက်လာသည်။မေ့ကိုရှင်းသန့်က လက်ခံလိုက်သည့် notiပင်ဖြစ်သည်။မေ‌ေပျာ်လွန်းလို့ထခုန်နေမိသည်။ထို notiလေးတစ်ခုကြောင့်မေတစ်နေ့လုံးပြုံးပျော်နေခဲ့သည်။
မေနဲ့ရှင်းသန့် Facebook မှာ firဖြစ်တာသုံးလလောက်ရှိခဲ့ပါပြီ။ဒါပေမယ့်မေရှင်းသန့်ကိုစကားတစ်လုံးမှသွားမပြောဖြစ်ခဲ့ပါ။ရှင်းသန့်ကလဲစကားလာပြောခြင်းမရှိခဲ့ပါ။ဒါပေမယ့်မေရှင်းသန့်ရဲ့ တင်တဲ့ post တိုင်း shareတဲ့ postတိုင်းတော့မေအမြဲreactပေးမိပါသည်။ reactပေးတိုင်းလဲရှင်းသန့်ဘာတင်တင် love reactသာပေးမိပါသည်။
ဒီလိုနဲ့ပဲမနက်နိုးလာရင်မျက်နှာသစ်မနက်စာစားလိုင်းသုံးနေ့လည်ရောက်တော့လဲနေ့လည်စာစားပြီးရင်လိုင်းပြန်သုံးညရောက်တော့လဲညစာစားလိုင်းပြန်သုံးပြီးရင်အိပ်။တစ်ခါတစ်လေမိုးနဲ့အပြင်သွား။တစ်ခါတစ်လေကျတော့လဲအိမ်မှာတစ်ယောက်ထဲနေပြီးရှင်းသန့်ကိုသတိရ။တစ်ခါတစ်လေရှင်းသန့်ကိုလွမ်းကြောင်းမိုးကိုရင်ဖွင့်နဲ့ပဲအချိန်တွေတစ်ရက်ပြီးတစ်ရက်ကုန်လာခဲ့ရာဆယ်တန်းအောင်စာရင်းထွက်မည့်လသို့တဖြည်းဖြည်းရောက်လာခဲ့သည်။

FRIEND ZONEWhere stories live. Discover now