FRIEND Zone (part 14)

163 6 0
                                    

ပထမဆုံးကျောင်းဖွင့်ရက်~~~~
မေအရမ်းပျော်နေမိသည်။အကြောင်းသည်ကားရှင်းသန့်‌နှင့်တွေ့ရတော့မည်‌ကြောင့်ဖြစ်သည်။ထို့ကြောင့်မနက်စောစောထကာရေမိုးချိုးအဝတ်အစားလဲကာကျောင်းသွားရန်ပြင်ဆင်နေမိသည်။ထို့နောက်အောက်ထပ်ကိုအမြန်ဆင်းကာမနက်စာအမြန်စားပြီးမေမေ့အားကျောင်းပို့ရန်ပြောရတော့သည်။
မေ: မေမေရေသမီးကျောင်းသွားတော့မယ်လိုက်ပို့ပေးပါတော့။
ထိုအခါမေမေက
မေမေ: ဟဲ့သမီးအခုမှရှစ်ခွဲပဲရှိသေးတယ်စောသေးတယ်လေ။15မိနစ်အလိုလောက်မှသွားပေါ့ဝေးတာလဲမဟုတ်။
မေ: ဟာမေမေကလဲအခုသွားမှနေရာကောင်း
ကောင်းရမှာပေါ့မေမေရဲ့။နောက်ကျမှသွားရင်သမီးနေရာယူရတာခက်နေမှာပေါ့။အဲ့တာကြောင့်လိုက်ပို့ပါတော့မေမေရယ်။
မေမေ: အေ‌းပါအေးပါအာ့ဆိုလဲလိုက်ပို့ပါမယ်။လာလာဆိုင်ကယ်ပေါ်တက်။
မေမေလဲမေ့ပြောလွန်းနေသောကြောင့်နားညီးကာကျောင်းသို့လိုက်ပို့လိုက်သည်။ကျောင်းသို့ရောက်သည်နှင့်မေမေ့အားနှုတ်ဆက်ကာကျောင်းထဲသို့အပြေးတစ်ပိုင်းဝင်မိတော့သည်။ထို့နောက်မေတက်ရမည့် ကိုးတန်း(A)ခန်းရှေ့သို့ရောက်လာသည်။မေလဲအတန်းထဲဝင်လိုက်ပြီးနေရာမယူခင်ရှင်းသန့်အားရှာနေမိတော့သည်။ထို့နောက်ရှင်းသန့်အားတွေ့သဖြင့်သူ့အနားသို့သွားကာမေခေါ်လိုက်သည်။
မေ:ရှင်းသန့်!!!
ရှင်းသန့်လဲလှည့်ကြည့်လာပြီးမေ့ကိုတွေ့တော့အံဩစွာ
ရှင်းသန့်: မေ!!!ဟုခေါ်ကာမေ့အားတင်းကြပ်စွာလာဖက်သည်။ထိုအခါမေလဲပြန်ဖက်လိုက်သည်။ထိုနောက်ဖက်ထားခြင်းမှကိုယ်ချင်းခွာကာမေမှစကားစပြောလိုက်သည်။
မေ: မတွေ့ရတာကြာပြီနော်ရှင်းသန့်။
ရှင်းသန့်: နင်..နင်ငါ့ကိုစိတ်ဆိုးပြေပြီပေါ့နော်မေ!!!
မေ:ပြေလို့ပေါ့ဟအခုလိုလာခေါ်တာမပြေရင်ခေါ်ပါ့မလား။
ရှင်းသန့်: ဝမ်းသာလိုက်တာဟာ။လာလာဒီမှာငါနဲ့တူတူထိုင်မယ်။
မေအရမ်းအံ့ဩသွားသည်။တစ်ခါမှတူတူထိုင်ဖို့မပြောတဲ့သူကအခုမှထူးထူးဆန်းဆန်းနှင့်တူတူထိုင်ဖို့ပြောနေသည်။မေလဲပျော်ရွှင်စွာနဲ့ပင်ဝင်ထိုင်လိုက်သည်။ထို့နောက်ရှင်းသန့်မှစကားစလာသည်။
ရှင်းသန့်: ငါနင့်ကိုအရမ်းလွမ်းနေတာမေ။နောက်ပြီးနင်ငါ့ကိုပြန်မခေါ်တော့ဘူးလို့ထင်ထားခဲ့တာ။အခုလိုပြန်ခေါ်တော့ငါဝမ်းသာတာအရမ်းပဲ။
မေ: ငါလဲလွမ်းနေတာ။နင်ကမှပြန်လာမချော့ပဲအဲ့တော့မနေနိုင်တဲ့ငါကပဲပြန်ခေါ်ရ‌တာပေါ့ဟုခပ်ငေါ့ငေါ့ပြောလိုက်သည်။ထိုအခါမှရှင်းသန့်က
ရှင်းသန့်: ငါလဲဒီနှစ်မှနင်ပြန်မခေါ်တော့ရင်ချော့ဖို့စဉ်းစားပြီးသားပါ။အခုနင်ပြန်လာခေါ်တော့လဲချော့စရာမလိုတော့ဘူးပေါ့။
ရှင်းသန့်ပြောလိုက်တဲ့စကားကြောင့်မေအရမ်းပျော်သွားသည်။ရှင်းသန့်ကမေ့ကိုချော့မယ်တဲ့မေလေအခုအဖြစ်အပျက်ကိုအိမ်မက်မက်နေသလားဟုပင်ထင်သည်။ဒါပေမယ့်အိမ်မက်မဟုတ်ခဲ့လို့လဲမေပိုပျော်သည်။ထို့နောက်မေလဲရှင်းသန့်ကိုကြည့်ကာ
မေ: အမယ်ထူးထူးဆန်းဆန်းနင်ကငါ့ကိုချော့မယ်ပေါ့ဟုတ်လား။
ရှင်းသန့်: အင်းလေငါ့အချစ်ဆုံးသူငယ်ချင်းကြီးကိုဘာမဟုတ်တဲ့ကိစ္စလေးကြောင့်နဲ့အခင်မင်မပျက်နိုင်ပါဘူး။အဲ့ကြောင့်ချော့ဖို့ပြင်ထားတာ
မေ: အေးပါအခုတော့ချော့စရာမလိုပဲပြန်ခေါ်သွားကြပြီပေါ့။
ရှင်းသန့်: အင်းဟုတ်တယ်။နောက်ပြီးလေမေငါတို့ဘယ်တော့မှရန်မဖြစ်ကြရအောင်လားဟာနော်။ငါလဲစိတ်တိုတာတွေလျော့မယ်နင့်ကိုလဲသည်းခံမယ်ဟာနော်နင်လဲမရစ်နဲ့။နောက်တစ်ခါရန်ဖြစ်ပြီးမခေါ်တော့မှာကိုငါကြောက်လို့ပါဟာနော်။
မေ:အင်းပါဟာငါတို့ဘယ်တော့မှရန်မဖြစ်တော့ဘူးဟုတ်ပြီလား။
ရှင်းသန့်: အင်းအင်း။
သည်လိုနဲ့ပဲမေနဲ့ရှင်းသန့်ကအခင်ဆုံးသူငယ်ချင်းတွေအဖြစ်သို့ပြန်ရောက်သွားခဲ့ကြပါတယ်။မေလဲအရမ်းကိုပျော်ခဲ့ရပါတယ်။ရှင်းသန့်ကလဲမေ့ကိုအရင်ထက်အလျော့ပေးသောကြောင့်ပိုပျော်ခဲ့ရပါတယ်ဒါပေမယ့်ထိုအပျော်တွေကကြာရှည်တော့မခံခဲ့ပါဘူး။
မေတို့လဲစာတွေတစ်ချိန်ပြီးတစ်ချိန်သင်ပြီးနောက်တော့ကျောင်းဆင်းချိန်ကိုရောက်လာခဲ့ပါသည်။ကျောင်းဆင်းတော့ရှင်းသန့်ကိုနှုတ်ဆက်ကာပြန်ခဲ့လိုက်သည်။မေသည်အိမ်ပြန်လမ်းတွင်တောင်အရမ်းတက်ကြွနေခဲ့သည်။အကြောင်းမှာရှင်းသန့်နဲ့ပြန်အဆင်ပြေနေခြင်းကြောင့်ဖြစ်သည်။နောက်ပြီးဒီနေ့ရှင်းသန့်ကဘယ်ကျူရှင်မှာမှမတက်ဘဲအိမ်မှာသင်ရသည်ဟုသိရသည်။အဲ့စကားကိုကြားတော့မေအရမ်းပျော်သည်။ဘာကြောင့်ဆိုသော်မေ့ရဲ့မျက်ကွယ်မှာရှင်းသန့်သူငယ်ချင်းအသစ်မရနိုင်တော့တာရယ်၊ပြီးတော့ရှင်းသန့်ရည်းစားမထားနိုင်တော့တာရယ်ကြောင့်ဖြစ်သည်။မေ့ကိုတစ်ကိုယ်ကောင်းဆန်တယ်လို့ပဲဆိုစေကာမူမေကတော့အရမ်းပျော်သည်။ရှင်းသန့်ကိုမေကလွဲ၍ဘယ်သူကမှပိုချစ်ပိုခင်တာမျိုးကိုမေမလိုချင်ဒါကလဲမေ့စိတ်ရင်းမှန်ဖြစ်သည်။ရှင်းသန့်ကိုမေတစ်ယောက်ထဲသာပိုချစ်ပိုခင်ချင်သည်။
ဒါပေမယ့်ရှင်းသန့်တစ်ယောက်ထဲစာသင်ရတာမိုလို့ပျင်းနေမှာပဲဟုတွေးကာနည်းနည်းတော့သနားမိသည်။သည်လိုအတွေးပေါင်းစုံတွေးရင်းနဲ့မေအိမ်ပြန်ရောက်လာခဲ့သည်။
အိမ်သို့ပြန်ရောက်သောအခါ~~~~
May side~~~~~
အိမ်သို့ပြန်ရောက်သည်နှင့်မေလဲရေမိုးချိုးထမင်းစားကာကျူရှင်သို့တန်းသွားရသည်။ကျူရှင်ရောက်တော့လဲစာတွေကိုသင်နဲ့အနားမနေရပါ။အဲ့လိုအနားမနေသင်နေရပေမယ့်ခဏနားရတဲ့အချိန်လေးမှာတော့ရှင်းသန့်အကြောင်းတွေးမိသည်။ထို့ပြင်ဒီနေ့ကျောင်းမှာရှင်းသန့်နဲ့အဆင်ပြေသွားသည့်အကြောင်းကိုလဲမိုးအားရွှန်းရွှန်းဝေအောင်ပြောပြမိသည်။မိုးကတော့မေပြောသမျှကိုမငြီးမငြူ‌နားထောင်ရှာသည်။ထို့နောက်တစ်ချိန်ပြီးတစ်ချိန်စာတွေသင်ရင်းနဲ့ပဲအိမ်ပြန်ချိန်သို့ရောက်လာခဲ့သည်။မေလဲမိုးကိုနှုတ်ဆက်ကာအိမ်ပြန်ခဲ့တော့သည်။အိမ်ပြန်ရောက်တော့ခဏနားညစာစားကာစာလုပ်ရန်အပေါ်သို့တက်ခဲ့တော့သည်။အပေါ်သို့ရောက်သည်နှင့်လုပ်ရမည့်စာများကိုလုပ်လိုက်တော့သည်။အိမ်စာများပြီးသွားသည့်အချိန်မှမေလဲရှင်းသန့်အကြောင်းကိုစဉ်းစားမိသဖြင့် diaryလေးချရေးမိတော့သည်။
မေရေးတဲ့ diaryစာလေး~~~~
{ရှင်းသန့်ငါလေနင်နဲ့ပြန်ခေါ်ရလို့အရမ်းကိုပျော်တယ်သိလား။ငါမထင်ထားခဲ့ဘူးဒီနေ့နင်နဲ့အတူတူထိုင်ရမယ်လို့လဲ။ငါကျေနပ်လိုက်တာ။နောက်ပြီးလေငါနင့်ကိုချစ်နေတဲ့အကြောင်းကိုပိုပြီးတော့တောင်နင့်ကိုမပြောပြချင်တော့ဘူး။ငါနင့်နဲ့ဒီတိုင်းလေးခင်နေတာကိုပဲငါကျေကျေနပ်နပ်ဖြစ်နေမိတယ်။နင့်ကိုပြောလိုက်မှငါ့ကိုမုန်းသွားမှာငါကြောက်တယ်။ငါနင့်ကိုဆယ်တန်းမအောင်ခင်အထိတော့နင့်ကိုမပြောသေးဘူး။အောင်ပြီးရင်တော့ပြောမလားမပြောဘူးလားဆိုတာငါသေချာမသိဘူး။ဒါပေမယ့်ငါလဲငါ့ကိုယ်ငါအများကြီးစမ်းစစ်ကြည့်အုံးမှာမလို့နင့်ကိုမပြောဖြစ်ဖို့များမယ်ထင်တာပဲ။ဒါပေမယ့်ငါနင့်ကိုအမြဲတိတ်တိတ်လေးခိုးချစ်နေမှာသိလား။}လို့ရေးပြီးစာလေးကိုအဆုံးသတ်လိုက်သည်။နောက်ပြီးအိမ်စာတွေလဲလုပ်ပြီးသွားပြီမို့အိပ်ယာသာဝင်လိုက်တော့သည်။

Shin Thant side~~~
ရှင်းသန့်လဲကျောင်းမှပြန်ရောက်သည်နှင့်ရေချိုးခဏနားကာစာစသင်ရတော့သည်။စာတွေတစ်ချိန်ပြီးတစ်ချိန်သင်ပြီးနောက်ခဏနားချိန်သို့ရောက်လာသည်။ခဏနားချိန်နောက်ရှင်းသန့်လဲထမင်းစားလိုက်သည်။ခဏနားချိန်ကုန်လွန်တော့ရှင်းသန့်လဲစာဆက်သင်ရသည်။စာသင်ချိန်တွေပြီး၍နားချိန်သို့ရောက်လာခဲ့တော့သည်။နားချိန်သို့ရောက်ပြီးစာသင်ချိန်တွေလဲအကုန်ပြီးသွားပြီမို့ရှင်းသန့်လဲကိုယ့်အခန်းကိုယ်ဝင်ကာနားလိုက်တော့သည်။နားနေရင်းနဲ့ပဲရှင်းသန့်သည်ကျောင်းမှာမေနဲ့ပြန်အဆင်ပြေသွားတဲ့အကြောင်းကိုပြန်စဉ်းစားမိသည်။ထို့ကြောင့် diaryလေးချရေးမိသည်။
ရှင်းသန့်ရဲ့ diaryစာလေး
{ မေနင်နဲ့ဒီနေ့ပြန်ခေါ်ရလို့ငါအရမ်းပျော်တယ်သိလား။ငါငါ့အချစ်ဆုံးသူငယ်ချင်းကိုဆုံးရှုံးရပြီထင်တာဟာ။တော်ပါသေးရဲ့ငါတို့ဆက်ခင်နေရသေးလို့။နောက်ဆိုလေငါနင်နဲ့ရန်ဖြစ်အောင်မနေတော့ဘူး။‌ေနာက်ပြီးငါလဲအတန်းနည်းနည်းကြီးလာပြီဆိုတော့ငါရည်းစားလဲမထားတော့ပါဘူးစာပဲလုပ်အုံးမယ်။ကိုးတန်းဆယ်တန်းအောင်မှပဲထားရင်ထားတော့မယ်။ထားရင်လဲနင့်ကိုပြောပါ့မယ်အရင်လိုမလျှိုထားတော့ပါဘူးဟာ။ငါကတိပေးတယ်။နောက်ပြီးနင့်ကိုအမြဲခင်နေမယ်နော်ငါ့ရဲ့ထာဝရသူငယ်ချင်းလေးမေ} ဆိုပြီးရေးကာစာလေးကိုအဆုံးသတ်လိုက်သည်။ထို့နောက်လုပ်စရာရှိသောအိမ်စာများကိုလုပ်ကာအိပ်ယာဝင်လိုက်တော့သည်။

FRIEND ZONEWhere stories live. Discover now