FRIEND Zone (part 11)

146 7 0
                                    

မနက်ခင်းသို့ရောက်

မေလဲကျောင်းသွားရန်တွက်ပြင်ဆင်ဖို့ထလာခဲ့သည်။
ထို့နောက်မနက်စာစားကာကျောင်းသို့သွားသည်။
သည်လိုနှင့်ပဲကျောင်းသွားစာသင်စာရေးစာကျက်မုန့်စားဆင်းမုန့်စားကျောင်းပြန်တက်စာပြန်သင်ကျောင်းဆင်းနဲ့တစ်နေ့တာကုန်ပြန်သည်။အရာရာဟာအရင်လိုပေမယ့်ကျောင်းမှာတော့အရင်လောက်ရှင်းသန့်နဲ့စကားသိပ်မပြောဖြစ်တော့။အိမ်ပြန်ရောက်ရင်ရေချိုးညစာစားပြီးရင်ကျူရှင်သွားစာသင်စာဆိုကျူရှင်ဆင်းအိမ်ပြန်နဲ့အချိန်ကုန်ပြန်သည်။ကျူရှင်မှာလဲအရာရာဟာပုံမှန်ဆိုပေမဲ့ပုံမှန်မဟုတ်တာကတော့အရင်လိုမေနဲ့ရှင်းသန့်စာအတူမဆိုဖြစ်တော့ပေ။သည်လိုနဲ့ပဲကျောင်းနဲ့အိမ်အိမ်နဲ့ကျောင်းအချိန်ကုန်ကာခုနစ်တန်းနှစ်ကုန်လာခဲ့ပြန်သည်။

ခုနစ်တန်းအောင်ပြီးရှစ်တန်းအရောက်~~~
ရှစ်တန်းနှစ်လဲခုနစ်တန်းလိုပဲဘာမှပြောင်းလဲမှုမရှိခဲ့ပါ။ခုနစ်တန်းတုန်းကလိုပဲမေနဲ့ရှင်းသန့်ကျူရှင်တူနေသေးသည်။ရှင်းသန့်နဲ့လဲခင်နေသေးသည်။ကျောင်းမှာလဲအရင်လိုပဲရှင်းသန့်နဲ့ထိုင်ခုံမတူဆဲပါပဲ။အရင်လိုရှင်းသန့်နောက်မှာပဲထိုင်ဖြစ်မြဲသာ။မုန့်စားဆင်းကိုအတူတူမဆင်းဖြစ်မြဲပါ။အတန်းထဲတော့မုန့်တူတူစားဖြစ်ပါသည်။အရာရာဟာအစီစဉ်တကျတိုင်းပေမယ့်အစီစဉ်မကျပဲပြောင်းလဲသွားမှုတစ်ခုတော့ရှိခဲ့သည်။အဲ့ပြောင်းလဲမှုကတော့ရှင်းသန့်ရဲ့ပြောင်းလဲမှုတစ်ခုပင်။
ရှင်းသန့်သည်ရှစ်တန်းရောက်တော့မေတို့အတန်းထဲမှမိန်းကလေးသူငယ်ချင်းဖြစ်တဲ့လှိုင်းနဒီနဲ့တွဲနေခဲ့သည်။မေဒီကိစ္စကိုလုံးဝမသိခဲ့ရပါ။ရှင်းသန့်ကလဲမပြောပြခဲ့ပါ။ရှင်းသန့်မပြောခဲ့တာတော့မဆန်းတော့ပါရှင်းသန့်ကသူဘာလုပ်လုပ်အမြဲတမ်းမေ့ကိုမပြောပါ။တခြားသူတွေကိုသာပြောမယ်မေ့ကိုတော့ဘယ်တုန်းကမှမပြောပါ။ဒါကြောင့်မေအသိနောက်ကျနေခြင်းဖြစ်သည်။တစ်တန်းလုံးသိပြီးသည်ထိမေမသိခဲ့ပါ။တော်တော်ကြာမှမေ့ကိုအတန်းထဲမှသူငယ်ချင်းတစ်ယောက်ကပြောပြ၍မေသိခဲ့ရသည်။မေကြားကြားချင်းမယုံနိုင်ဖြစ်ခဲ့ရသည်။
ဒေါသတွေလဲထွက်ခဲ့ရသည်။အဲ့တာကြောင့်မေလဲရှင်းသန့်အားတိုက်ရိုက်သာမေးခဲ့သည်။မေမေးတော့ရှင်းသန့်ကဟုတ်သည်ဟုအေးဆေးသာဖြေသည်။မေသိသွားလို့အံ့ဩသွားမှုလဲမရှိ။အေးဆေးသာဖြစ်နေသည်။မေလဲအဲ့လိုအေးဆေးပုံစံနဲ့ဖြေသောကြောင့်စိတ်တိုနဲ့မေးလိုက်သည်။
မေ: ရှင်းသန့်နင်ပြောတော့မိန်းကလေးချင်းကြိုက်တာတွေကိုမကြိုက်ဘူးဆိုဒါကဘယ်လိုဖြစ်ရတာလဲ။
ရှင်းသန့်: ဘယ်လိုမှမဖြစ်ဘူးလေငါကြိုက်ချင်စိတ်ဖြစ်လာလို့ကြိုက်လိုက်တာလေ။နောက်ပြီးမကြိုက်ဘူးပြောခဲ့တာကလဲအရင်ကလေကြာခဲ့ပြီပဲ။နင်ကဘာတွေဒီလောက်ဖြစ်ပြနေတာလဲဟုခပ်ဆက်ဆက်အသံဖြင့်ပြန်ပြောသည်။
မေ: ဟာ.. ငါကဘာဖြစ်ရမှာလဲငါဘာမှမဖြစ်ပါဘူး။
အံ့ဩသွားလွန်းလို့ပါနင့်လိုမိန်းကလေးချင်းမကြိုက်ဘူးပြောတဲ့လူကရုတ်တရက်ကောက်ခါငင်ခါကြီးဆို‌တော့ငါအံ့ဩလွန်သွားတာပါဟုခနဲ့တဲ့တဲ့အသံဖြင့်ပြန်ပြောလိုက်သည်။
ရှင်းသန့်: ဘာမှအံ့ဩစရာမှမရှိတာ။နောက်ပြီးမိန်းကလေးချင်းကြိုက်တာလဲဒီခေတ်မှာအဆန်းမှမဟုတ်ဘာမှမဟုတ်တဲ့ကိစ္စကိုနင်ကပြသာနာရှာချင်နေတာလား။
မေ: ငါကပြသာနာရှာတယ်ဟုတ်လားရှင်းသန့်။ငါကနင့်သူငယ်ချင်းအရင်းကြီးပါဟနင်ကအမြဲတမ်းတစ်ကိုယ်ကောင်းဆန်တယ်။ကိစ္စတစ်ခုခုဆိုငါ့ကိုဘယ်တော့မှမပြောဘူး။အခုလဲသူများပြောမှငါသိရတယ်။နင့်စိတ်ထဲမှာငါ့ကိုသူငယ်ချင်းလို့ရောမြင်သေးရဲ့လာဟမ်။
ရှင်းသန့်: မပြောပြတာနဲ့ပဲသူငယ်ချင်းလို့မမြင်စရာလားမေ။အခုဟာကလဲပြောပြစရာမလိုဘူးထင်လို့ပြီးတော့ငါအကြာကြီးလဲတွဲမှာမဟုတ်ဖူးခဏတစ်ဖြုတ်ပဲ၊စမ်းကြည့်တဲ့သဘောပဲအဲ့တာကြောင့်နင့်ကိုငါမပြောတာ။အဲ့တာငါမှားသွားလား။
မေ: ဟင်ခဏတစ်ဖြုတ်ဟုတ်လားနင်ဒီလောက်အရွယ်လေးနဲ့အဲ့လောက်ရည်းစားထားစရာလားနင်အခုမှအလယ်တန်းနော်ကိုယ့်ဟာကိုယ်လဲသတိထားအုံး။အခုကဟာကနင်ကယောကျာ်းလေးရောမိန်းကလေးရောနင်မလွန်လွန်းဖူးလားဟမ်။
ရှင်းသန့်: ဒါကငါ့ကိစ္စပါ။နင်ဘာမှပြောစရာမလိုဘူး။ပြီးတော့နင်ကငါ့အမေလဲမဟုတ်ဘူးအဲ့တာကိုနင်သတိရသင့်တယ်။ပြီးတော့ငါရည်းစားထား‌ေပမယ့်ငါစာဘက်လဲလစ်ဟင်းနေတာမဟုတ်ဘူး။အကုန်လုံးအစီစဉ်တကျဖြစ်နေတာပဲအေးဆေးပဲလေအဲ့တာကိုနင်ကဘာတွေလာပြောနေရတာလဲဟူ၍အော်ငေါက်ပြောသည်။
မေ: အော်နင်ကအခုကျဒီလိုစကားတွေပြောပြီပေါ့ဟုတ်လား။ငါ့ကိုတစ်နှစ်ထက်တစ်နှစ်နင်စိမ်းကားလာတယ်ပေါ့ဟုတ်လား။ငါကတော့နင့်ကိုခင်လိုက်ရတာ။
ဒီမှာငါနင့်ကိုမေးမယ်နင်ငါနဲ့နင့်ကိုတွဲပေးတုန်းကြတော့နင်ဘာလို့စိတ်တိုလဲ။ဘာလို့ဒေါသထွက်လဲပြီးတော့နင်ဘာလို့မကြိုက်လဲဖြေလေဖြေစမ်းပါနင်။မေလဲစိတ်တိုစွာအော်ငေါက်မေးလိုက်သည်။ထိုအခါရှင်းသန့်က
ရှင်းသန့်~~ဟာ.. ငါနင့်ကိုပြောပြီးသားပဲငါကနင့်ကိုသူငယ်ချင်းလိုညီမလိုထက်ပိုမချစ်ချင်ဘူးလို့။ပြီးတော့နင့်ဆီကလဲကတိတောင်းထားခဲ့တာပဲနင်လဲပေးခဲ့တာပဲလေ။နောက်ပြီးအဲ့တုန်းအဲ့လိုတွဲပေးခဲ့တာကိုငါမှမကြိုက်တာဟုပြန်ပြောသည်။
မေ: အော်အဲ့တုန်းကမကြိုက်ဘူးအခုတော့နင်ကြိုက်ပြီပေါ့ဟုတ်လားရှင်းသန့်။
ရှင်းသန့်: ဟာ.. အခုဟာအခုအရင်ဟာအရင်ပဲလေ။အခုတွဲတာကလဲအတည်လဲမဟုတ်အပျင်းပြေပဲကိုနင်ဒီလောက်ငါ့ကိုပြောစရာမလိုဘူးထင်တယ်နော်မေ။နောက်ပြီးငါနင့်ကိုပြောထားပြီးသားငါ့ကိုချုပ်ခြယ်တာတွေဆရာလာလုပ်တာတွေမကြိုက်ဘူးလို့။ငါနင့်ကိုစိတ်ဆိုးလာပြီနော်။
မေ: အေနင်စိတ်ဆိုးရင်လဲသေလိုက်ငါလဲနင့်ကိုစိတ်ဆိုးတယ်။ဒီတစ်ခါငါကစပြီးဘယ်တော့မှပြန်မချော့ဘူးဟုပြန်ပြောလိုက်သည်။မေလဲပြောလိုက်တော့ရှင်းသန့်ကမျက်နှာတည်ကာ
ရှင်းသန့်~~ပြန်မချော့လဲနင့်သဘောပဲ။ငါကလဲငါမှားတာမဟုတ်လို့ပြန်မချော့ဘူးအဲ့တော့နင့်သဘောပဲငါသွားပြီဟုပြောကာချာခနဲထွက်သွားတော့သည်။
မေလဲအခန်းထဲသို့စိတ်ညစ်ညစ်နဲ့ပြန်လာလိုက်ပြီးငိုထားသည်များကိုတခြားသူများမသိအောင်သုတ်ကာစာကိုသာအာရုံစိုက်သင်လိုက်တော့သည်။ကျောင်းဆင်းတော့လဲရှင်းသန့်ကိုမနှုတ်ဆက်ပဲသာပြန်လာလိုက်သည်။အိမ်ပြန်လာပြီးသည်နှင့်ရေမိုးချိုးကာကျူရှင်သွားရန်ပြင်ရတော့သည်။ကျူရှင်ရောက်တော့လဲရှင်းသန့်နဲ့လုံးဝစကားမပြောမျက်နှာချင်းတောင်မဆိုင်ဖြစ်ကြပါ။ထိုသို့နှင့်ပဲကျူရှင်ဆင်းကာအိမ်သို့ပြန်လာခဲ့သည်။
May side~~~~
အိမ်သို့ရောက်သောအခါမေမေ့ကိုနှုတ်ဆက်ပြီးညစာမစားတော့ဟုပြောကာအပေါ်သို့တက်ခဲ့တော့သည်။
အခန်းထဲသို့ရောက်သည်နှင့်တစ်နေ့လုံးတင်းထားသမျှကိုဖြေလျော့ကာငိုလိုက်တော့သည်။အတန်ကြာသည်ထိငိုပြီးမှ diaryနည်းနည်းရေးလိုက်သည်။
မေရဲ့diaryစာလေး
{ရှင်းသန့်ငါနင့်ကိုအရမ်းစိတ်ဆိုးတယ်။တစ်ခါမှစိတ်မဆိုးဘူးပေမယ့်နင့်ကိုအခုတော့အရမ်းစိတ်ဆိုးတယ်
ဒီတစ်ခါတော့ငါဘယ်တော့မှပြန်မချော့ဘူး}လို့ရေးကာစာလေးကိုအဆုံးသတ်လိုက်သည်။ထို့နောက်လုပ်စရာရှိသောအိမ်စာများကိုလုပ်ကာအိပ်ယာဝင်ခဲ့သည်။

FRIEND ZONEWhere stories live. Discover now