FRIEND Zone (End)

826 22 4
                                    

မိုးလဲမေချိန်းသည့်‌ဆိုင်သို့ရောက်လာပြီးမေထိုင်သောစားပွဲသို့လာကာမေ့ဘေးနားဝင်ထိုင်လိုက်သည်။ထိုအခါမှမေလဲတစ်ချိန်လံုးတင်းထားသမျှမျက်ရည်တွေကိုမိုးရှေ့၌ငိုကာမိုးကိုရင်ဖွင့်မိတော့သည်။
‌မေ: မိုး...မိုးငါအရမ်းနောက်ကျသွားပြီဟာ။သူ..သူလေရည်းစားရသွားပြီတဲ့ပြီးတော့အဲ့ရည်းစားနဲ့ပဲလက်ထပ်မှာတဲ့မိုးရာ။ငါအရမ်းနောက်ကျသွားပြီဆိုပြီးမိုးအားငိုနေရင်းနဲ့ဗလုံးဗထွေးပြောမိသည်။ထိုအခါမိုးလဲမေ့အားစိတ်ပူကာ
မိုး: ဘယ်လိုဖြစ်တာလဲဟငါ့ကိုသေချာရှင်းပြစမ်းပါ။
မေ: ရှင်းသန့်လေသူရည်းစားရသွားပြီတဲ့ ပြီးတော့အဲ့ရည်းစားကိုသူလက်ထပ်မှာတဲ့လေ။
မိုး: ဟုတ်လို့လားဟဲ့။
မေ: ဟုတ်တယ်ဟဒီနေ့ပဲငါ့ကိုပြောပြတာ။ငါဟာသူ့ကိုဒီနေ့ဖွင့်ပြောမယ်လုပ်ထားတာ။အခုတော့ဟာ......ငါအရမ်းနောက်ကျသွားခဲ့ပြီမိုး။
မိုး: မေရယ်......ဝမ်းမနည်းပါနဲ့တော့ဟာ။အခုကိစ္စကိုလဲအဆိုးထဲကအကောင်းလို့မှတ်လိုက်ပါ။ဘာလို့လဲဆိုတော့နင်ချစ်နေတာသူမသိတော့နင်နဲ့အခင်အမင်မပျက်သွားဘူးလေ။နောက်ပြီးနင့်ကိုမမုန်းသွားဘူးလေ။ဘာပဲဖြစ်ဖြစ်နင်သူ့ကို friend zoneထဲကနေတော့ဆက်ချစ်လို့ရနေပါသေးတယ်။
မေ: အင်းပါဟာငါနားလည်ပါတယ်။ငါလဲနိုင်ငံခြားသွားတော့မှာပါဟာ။
မိုး: ဟင်!! ဘယ်လို!!! နင်နိုင်ငံခြားသွားတော့မယ်ဟုတ်လား!!!
မေ: ဟုတ်တယ်ငါသွားတော့မှာ။ငါကမသွားခင်လေးသူ့ကိုချစ်ကြောင်းပြောချင်ခဲ့တာ။ဟိုမှာလဲသုံးနှစ်လောက်ကြာမှာမို့လေ။ဒါပေမယ့်အခုတော့ပြောခွင့်တောင်မရတော့ပါဘူးဟာ။ငါ့ကံလို့ပဲပြောပါတော့မယ်။ဒါကြောင့်ငါနိုင်ငံခြားမှာအလုပ်ကြိုးစားလုပ်ပြီးသူ့ကိုချစ်တဲ့စိတ်တွေကိုကြိုးစားမေ့မယ်။
မိုး: အင်းပါအဲ့တာလဲကောင်းပါတယ်။နင်အစစအရာရာဂရုစိုက်ပါဟာနော်။တအားတွေလဲမခံစားနေနဲ့။ဒါနဲ့‌နင်ဘယ်နေ့သွားမှာလဲ။
မေ: နောက်တစ်ပတ်သွားမှာ။
မိုး: အင်းပါဂရုစိုက်။ပြီးတော့နင်ဒီကြားထဲရင်ဖွင့်ဖို့လိုလာရင်လဲဖုန်းဆက်။
မေ: အင်းပါ။ငါ့ကိုအခုလိုနှစ်သိမ့်ပေးတဲ့အတွက်လဲကျေးဇူးပဲ။
မိုး: ရပါတယ်သူငယ်ချင်းတွေပဲ
မေလဲမိုးကိုရင်ဖွင့်ပြီးနောက်အိမ်သို့ပြန်လာလိုက်သည်။အဲ့နေ့ကတော့မေတစ်ညလုံးငိုနေမိသည်။ဒီလိုနဲ့ပဲမေလဲတစ်ပတ်ကြာတော့နိုင်ငံခြားကိုထွက်လာခဲ့တော့သည်။မေနိုင်ငံခြားကိုရောက်ထဲကမိုးနဲ့အိမ်နဲ့ကိုသာအဆက်အသွယ်လုပ်ဖြစ်ခဲ့သည်။ရှင်းသန့်ကိုမေ့ချင်သောကြောင့်မေဖုန်းနံပါတ်အသစ်လဲခဲ့သည်။ fb accကိုလဲအသစ်ဖွင့်ခဲ့သည်။ရှင်းသန့်ကိုမေ့ဖို့အတွက်အရာအားလုံးလုပ်ခဲ့သည်။အလုပ်တွေလဲဖိလုပ်ခဲ့သည်ဒါပေမယ့်ရှင်းသန့်အားဘယ်လိုမှမေ့မရခဲ့။တစ်နေ့တစ်နေ့အားတဲ့အချိန်တိုင်းသူ့ကိုပဲလွမ်းပြီးချစ်တဲ့စိတ်ကလဲပိုလို့သာတိုးခဲ့သည်။ဒါပေမယ့်မေသူ့ကိုလုံးဝမဆက်သွယ်။မေနိုင်ငံခြားရောက်ပြီးနှစ်နှစ်နှင့်ခြောက်လကြာတော့ရှင်းသန့်လက်ထပ်သွားပြီဆိုတဲ့သတင်းကိုမိုးဆီမှမေကြားခဲ့ရသည်။မေသေလုမတက်နာကျင်ရပေမယ့်ရှင်းသန့်အတွက်တော့ဝမ်းသာပါသည်။ဘာလို့ဆိုရှင်းသန့်လဲသူ့ချစ်သူနဲ့တစ်သက်လုံးပျော်နိုင်တော့မည်။မေနာကျင်ရပေမယ့်ရှင်းသန့်ပျော်နေရလို့မေနာကျင်လဲအဲ့နာကျင်မှုကိုမေခံနိုင်ပါသည်။ဤသို့နှင့်မေလဲနိုင်ငံခြားမှာသုံးနှစ်နေပြီးနောက်မေလဲမေ့ရဲ့မွေးရပ်ဇာတိသို့ပြန်လာဖြစ်သည်။

FRIEND ZONEWhere stories live. Discover now