FRIEND ZONE ( part 8)

160 8 3
                                    

ကျူရှင်ဆင်းချိန်~~~
ရှင်းသန့်: မေတာ့တာငါ့ကိုအိမ်ကလာကြိုပြီပြန်တော့မယ်။
မေ: အင်းပြန်တော့တာ့တာ။
ရှင်းသန့်: နင့်ကိုလာမကြိုသေးရင်ကျူရှင်ထဲမှာပဲစောင့်နေနော်အပြင်ထွက်စောင့်မနေနဲ့။
မေ: အေးပါနင်ကလဲအမေကျနေတာပဲ။ငါတစ်ယောက်ထဲကျန်‌တာမဟုတ်ပါဘူး လင်းလက်လဲရှိနေသေးတာပဲကို။
(လင်းလက်ဆိုသည်မှာမေတို့နှင့်ကျူရှင်တူတူတက်သော (C)ခန်းမှကောင်မလေးတစ်ယောက်ဖြစ်သည်။မေနှင့်အရမ်းကြီးမခင်ပေမယ့်နည်းနည်းတော့သိသည့်အထဲတွင်ပါသည်။)
ရှင်းသန့်: ဘာပဲဖြစ်ဖြစ်ဟာငါကနင့်ကိုစိတ်ပူလို့ပါ
ငါ့သူငယ်ချင်းတစ်ခုခုဖြစ်မှာစိုးလို့ပြောပြနေတာ။
မေ: အင်းပါပြန်တော့နင့်အမေစောင့်နေပြီ။ငါ့ကိုစိတ်ပူပေးလို့လဲကျေးဇူးပဲ။
ရှင်းသန့်: အဲ့လိုပြောဖို့မလိုပါဘူးငါတို့ကသူငယ်ချင်းပဲလေ။ကယ်ငါသွားပြီ။
မေ: အင်းအင်းသွားသွား။
မေနှုတ်ဆက်လိုက်သည်နှင့်ရှင်းသန့်လဲပြန်သွားတော့သည်။ရှင်းသန့်ပြန်သွားပြီးနောက်ကျူရှင်တွင်လာမကြိုသေးတာဆိုလို့မေနဲ့လင်းလက်သာကျန်သည်။ထိုအချိန်တွင်လင်းလက်မှမေ့အားစကားစပြောလာသည်။
‌လင်းလက်: မေနင်နဲ့ရှင်းသန့်ကအရမ်းခင်တာပဲနော်။နင်တို့နှစ်ယောက်ကိုကြည့်ရတာစိတ်ချမ်းသာလိုက်တာ။
မေ: အင်းငါတို့ကငါးတန်းထဲကခင်ခဲ့တဲ့သူငယ်ချင်းလေ။ပြီးတော့ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်း။
လင်းလက်: အချစ်ဆုံးသူငယ်ချင်းလား...
လို့ဆိုပြီးသံသယတွေရှိတဲ့မျက်ဝန်းတွေနှင့်မေ့အားကြည့်၍မေးသည်။ထိုအခါမေမှ
မေ: အင်းလေအချစ်ဆုံးသူငယ်ချင်းတွေဘာဖြစ်လို့နင်ကမယုံသလိုမေးရတာလဲ??
လင်းလက်: အော်ဘာမှမဖြစ်ပါဘူး။ငါကနင်တို့နှစ်ယောက်ကိုတွဲနေတယ်ထင်တာခြောက်တန်းရဲ့အခန်းသုံးခန်းလုံးကလဲနင်တို့နှစ်ယောက်ကိုအဲ့လိုပဲထင်ကြတာ
မေ: မဟုတ်တာဟာဘာလို့အဲ့လိုတွေထင်နေကြတာလဲငါတို့နှစ်‌ေယ‌ာက်ကတကယ်လဲတွဲနေကြတာမှမဟုတ်ပဲနဲ့ကို😣
လင်းလက်: နင်တို့နှစ်ယောက်ကသာမတွဲဘူးပြောနေကြတာနင်တို့နှစ်ယောက်ကိုကြည့်လိုက်ရင်အမြဲပူးကပ်ပြီးတော့တစ်ယောက်နဲ့တစ်ယောက်ဆိုလဲအမြဲစိတ်ပူနေကြတာလေ။နောက်ပြီးမေနင်ကရှင်းသန့်နဲ့တခြားသူတွေနဲ့ရယ်မောနေရင်လဲနင်သဝန်တိုနေတာပဲလေမဟုတ်ဖူးလား။
(သူပြောတာလဲဟုတ်နေသည်။မေသည်ရှင်းသန့်တခြားသူနှင့်ရယ်မောနေလျှင်အရမ်းသဝန်တိုသည်။
ဒါကလဲမိမိအချစ်ဆုံးသူငယ်ချင်းတစ်ခြားသူကိုပိုခင်သွားမှာစိုးသောကြောင့်သာဖြစ်သည်ဟုမေထင်သည်။ဒါကြောင့်လင်းလက်တို့အထင်မလွဲစေရန်မေရှင်းပြရတော့မည်။)
မေ: အဲ့လိုမဟုတ်ပါဖူးဟာ။ငါရှင်းပြမယ်အဲ့လိုသဝန်တိုတယ်ဆိုတာကတခြားသူတစ်ယောက်ကိုရှင်းသန့်ကငါ့ထက်ပိုခင်မှာစိုးလို့ပါဟာ။နောက်ပြီးငါ့တို့ကိုအဲ့လိုတွဲနေတယ်မထင်ကြပါနဲ့ဟာ။ရှင်းသန့်ကဒီလိုတွဲပေးတာမကြိုက်ဘူးဟသူဒီလိုစကားတွေသာကြားရင်ဒေါသထွက်ရလိမ့်မယ်။အဲ့တာကြောင့်မပြောကြပါနဲ့တော့ဟာ။နောက်ပြီးငါတို့နှစ်ယောက်ကလဲတစ်ယောက်နဲ့တစ်‌ေယ‌ာက်သူငယ်ချင်းထက်မပိုပါဘူး။
လင်းလက်: အေးပါဟာနင်ဒီလောက်ရှင်းပြနေမှတော့လဲငါယုံပါတယ်။ဒါပေမယ့်တခြားသူတွေမယုံတာတော့ငါလဲမတတ်နိုင်ဘူး။နောက်ပြီးခုနကစွပ်စွဲပြောမိတာတွေကိုတောင်းပန်ပါတယ်ဟာနော်။နောက်ပြီးငါ့ကိုစိတ်မဆိုးပါနဲ့နော်။
မေ: အင်းပါငါစိတ်မဆိုးပါဘူး။ဒါပေမယ့်ငါ့ကိုမေးသလိုမျိုးတွေတော့ရှင်းသန့်ကိုသွားမမေးနဲ့။နင့်ကိုဟိုကဒေါသထွက်ပြီးအော်လိမ့်မယ်။ငါကနင့်ကိုဒေါသမထွက်ပေမယ့်သူကတော့နင့်ကိုဒေါသထွက်မှာအဲ့တာနင်သတိထား။
လင်းလက်: အင်းပါငါဒီအကြောင်းတွေကိုဘယ်သူ့ကိုမှထပ်မမေးတော့ပါဘူး။ကယ်ငါ့ကိုလဲလာကြိုနေပြီငါပြန်တော့မယ်။
မေ: အင်းပါငါ့ကိုလဲလာကြိုပြီဆိုတော့ပြန်ပြီနင်လဲပြန်တော့တာ့တာလင်းလက်။
လင်းလက်: အင်းတာ့တာမေ။
မေတို့နှစ်ယောက်လဲလာကြိုပြီဖြစ်၍တစ်ယောက်တစ်လမ်းပြန်သွားကြသည်။
May side~~~
အိမ်သို့ရောက်သောအခါ~~~
မေ: မေမေသမီးအပေါ်တက်တော့မယ်နော်။
မေမေ~~အေးသမီးလေး။ညစာစားခါနီးမှခေါ်လိုက်မယ်နော်။
မေ: ဟုတ်ကဲ့မေမေ။
မေမေ့အားနှုတ်ဆက်ပြီးနောက်မေလဲအပေါ်သို့တက်လာခဲ့သည်။
မေအခန်းထဲသို့ရောက်သောအခါ~~~
အခန်းထဲသိုရောက်သည်နှင့်မေလဲပင်းပန်းနေတာရောစိတ်ရှုပ်နေတာရောပေါင်းပြီးအိပ်ယာပေါ်သို့ပစ်လှဲလိုက်သည်။အိပ်ယာပေါ်သိုလှဲလိုက်သည်နှင့်မေလဲစိတ်ညစ်ညစ်နဲ့ညည်းမိတော့သည်။
မေ: ဘာလို့များငါတို့နှစ်ယောက်ကိုအဲ့လိုထင်နေကြတာလဲဟာ။သူတို့ထင်တာကအရေးမကြီးရှင်းသန့်ကငါ့ကိုသူတို့ကြောင့်နဲ့ခပ်ခွာခွာနေသွားရင်ငါဘယ်လိုလုပ်ရမလဲ။ဟူးးးးးးးးးစိတ်ညစ်လိုက်တာ။‌
မေလဲစိတ်ညစ်ညစ်နဲ့အိပ်ယာထဲလှဲနေရာမှထထိုင်ပြီး
diaryရေးရန်စိတ်ကူးလိုက်သည်။
မေရဲ့diaryစာလေး
{ရှင်းသန့်ရေငါတော့တော်တော်စိတ်ညစ်တယ်ဟာ။ငါတို့တွဲနေကြတယ်လို့အားလုံးကထင်နေကြလို့နင်စိတ်ညစ်ပြီးငါနဲ့မပေါင်းတော့မှာငါကြောက်တယ်ဟာ။နောက်ပြီးနင်စိတ်တိုတိုနဲ့မဟုတ်ဖူးငြင်းတိုင်းငါဝမ်းနည်းနေသလိုဖြစ်နေတယ်။ငါလေဘာကြောင့်မှန်းမသိနင်နဲ့ရှင်းသန့်တွဲနေတာမလားလို့တစ်ယောက်ယောက်လာမေးရင်ငါရှက်ပြီးပျော်နေမိတယ်။ဘာကြောင့်လဲတော့ငါလဲမသိဘူး။ဒါပေမယ့်နင်မကြိုက်ဘူးဆိုတာကိုသိလို့ငါလဲသူတို့မေးတိုင်းပျော်နေတဲ့ပုံစံကိုမပြပဲအမြဲအကြောက်အကန်ငြင်းခဲ့ပါတယ်။နောက်ပြီးနင်ပြတ်သားတတ်တာလဲသိတော့ငါကြောက်နေမိတယ်။အခုတောင်နင်ကမြတ်နိုးနဲ့သူသူကိုငါတို့နှစ်ယောက်ကိုစွပ်စွဲလို့နင်အခုထိပြန်မခေါ်ခဲ့ဘူးလေ။အဲ့တာကြောင့်ငါနင့်ကိုကြိုက်နေခဲ့တယ်ဆိုရင်ငါနင့်ကိုပြောမှာမဟုတ်ဖူး။ဘာလို့လဲဆိုနင်ငါ့ကိုမခေါ်မှာကြောက်လို့ပဲ။နောက်ပြီးနင်မခေါ်ရင်ငါမနေတတ်လို့ပဲ။ဘာပဲဖြစ်ဖြစ်ပါဟာငါနင်နဲ့သူငယ်ချင်းဖြစ်နေရရင်ကျေနပ်ပါပြီဟာ။}လို့ရေးပြီးစာလေးကိုအဆုံးသတ်လိုက်သည်။
Diaryရေးပြီးသည့်နောက်မေမေမှထမင်းစားရန်လှမ်းခေါ်သဖြင့်စာအုပ်လေးအားမည်သူမျှမသိသည့်နေရာမှာသိမ်းပြီးထမင်းစားရန်ဆင်းလာခဲ့လိုက်တော့သည်။ထမင်းစားပြီးနောက်အပေါ်သို့ပြန်တက်လာပြီးနားရန်ပြင်လိုက်တော့သည်။မနက်ဖြန်ကကျောင်းပိတ်ရက်ဖြစ်နေတာကြောင့်ဒီနေ့တော့စာမလုပ်ပဲအေးဆေးသာနားပြီးစောစောအိပ်ယာဝင်လိုက်တော့သည်။
Shin Thant side~~~~
ရှင်းသန့်လဲအိမ်ပြန်ရောက်သည်နှင့်ရေမိုးချိုးထမင်းစားကာနားရန်အပေါ်သို့တက်လာလိုက်သည်။
မနက်ဖြန်ကျောင်းပိတ်ရက်ဖြစ်သောကြောင့်ရှင်းသန့်လဲနားရန်သာစိတ်ကူးလိုက်တော့သည်။နားရန်အိပ်ယာပေါ်သို့လှဲအိပ်လိုက်မှရှင်းသန့်လဲကျောင်းမှာမေနဲ့ရှင်းသန့်တို့ကိုစွပ်စွဲနေတဲ့အကြောင်းခေါင်းထဲပေါ်လာသည်။အဲ့အကြောင်းခေါင်းထဲရောက်လာသည်နှင့်ရှင်းသန့်လဲလှဲနေရာမှထကာ diaryရေးရန်စဉ်းစားလိုက်တော့သည်။
ရှင်းသန့်ရဲ့diaryစာလေး~~
{ မေငါအရမ်းစိတ်ညစ်တယ်သိလားငါလေနင်နဲ့ဒီလိုအထင်လွဲခံရတာကိုမုန်းတယ်။ငါကနင်နဲ့ဒီလိုအထင်လွဲမခံနိုင်ဘူး။ဘာလို့လဲဆိုတော့နင်ကငါ့ရဲ့တစ်ဦးထဲသောအချစ်ဆုံးသူငယ်ချင်းနောက်ပြီးငါ့ရဲ့တစ်ဦးထဲသောညီအမဆိုလဲဟုတ်တယ်။ငါကတစ်ဦးထဲသောသမီးဆိုတော့နင့်ကိုကရမ်းခင်တွယ်မိတယ်။ဒါကြောင့်ဘာမှမဟုတ်တဲ့အကြောင်းလေးတစ်ခုနဲ့ငါအခင်မင်မပျက်ချင်ဘူး။နောက်ပြီးငါနင့်ကိုဘယ်တော့မှလဲသူငယ်ချင်းလိုညီမလိုထက်ပိုပြီးတော့လဲမချစ်နိုင်ဘူး။ငါကအမြဲတမ်းနင်နဲ့သူငယ်ချင်းလိုပဲနေမှာထာဝရအဆုံး။အဲ့တာတော့ငါ့ရဲ့အမြဲတမ်းတည်နေမယ့်စကား။}လို့ရေးပြီးစာလေးကိုအဆုံးသတ်ကာ
အိပ်ယာပေါ်သို့လှဲပြီး‌အိပ်လိုက်တော့သည်။

FRIEND ZONEWhere stories live. Discover now