FRIEND Zone (part 18)

235 5 0
                                    

မန္တလေးသို့သွားတော့မည့်နေ့~~~~
မေလဲပြင်ဆင်စရာရှိတာတွေပြင်ဆင်ပြီးမန္တလေးသို့သွားရန်အတွက်ကားချိန်အမှီမေမေနဲ့ထွက်လာလိုက်သည်။ထို့နောက်မန္တလေးသို့ရောက်တော့မေမေလဲမေ့အတွက်ကျောင်းကိစ္စအဆောင်ကိစ္စများကိုသေချာစီစဉ်ပေးကာပြန်သွားတော့သည်။မေလဲပင်ပန်းနေတာမို့ဒီတစ်ရက်တော့အဆောင်မှာနားကာနေလိုက်တော့သည်။ညရောက်‌ေတာ့‌ေမလဲအိမ်နဲ့ခွဲခဲ့ရသောကြောင့်အိမ်ကိုလွမ်း၍ငိုနေမိသည်။ထို့နောက်မိုးကိုပါလွမ်းမိသည်။အလွမ်းဆုံးကတော့ရှင်းသန့်ပင်ဖြစ်သည်။ထို့ပြင်ဒီအချိန်ရှင်းသန့်ရောရန်ကုန်မှာအဆင်ပြေပါ့မလားဟုတွေးမိကာစိတ်ပူနေမိသေးသည်။ထို့နေ့ညကတော့မေလဲအလွမ်းတွေပေါင်းပြီးလွမ်းလို့ငိုနေရင်းနဲ့မျက်ရည်တွေနဲ့သာအိပ်ပျော်သွားခဲ့သည်။

Uniစတက်သည့်နေ့~~~
May side~~~
အရာရာတိုင်းဟာမေ့အတွက်တော့အသစ်ဆန်းဖြစ်နေသည်။နေရာသစ်လူသစ်တွေနဲ့တွေ့ရမှာမို့မေအနည်းငယ်တော့စိတ်လှုပ်ရှားမိသည်။ထို့နောက်မေလဲစိတ်လှုပ်ရှားခြင်းတွေနဲ့အတူပထမကျောင်းတက်ရက်ကိုစတင်လိုက်သည်။မေပထမကျောင်းတက်ရက်မှာလဲရှင်းသန့်ကိုတွေးမိပါသေးသည်။ရှင်းသန့်ရောဒီအချိန်အဆင်ပြေနေလားဆိုပြီး။သည်လိုနဲ့ပဲစာသင်ချိန်ကုန်၍အဆောင်သို့ပြန်ရမည့်အချိန်ရောက်လာပါသည်။ထို့ပြင်ကျောင်းမှာလဲသူငယ်ချင်းအသစ်တွေရခဲ့ပါသေးသည်။အဆောင်သို့ပြန်ရောက်တော့မေလဲရေမိုးချိုးညနေစာစားကာနားလိုက်ပြီး ရှင်းသန့်‌အ
ကြောင်းစဉ်းစားမိ၍ diaryလေးရေးမိသည်။
မေရဲ့ diaryစာလေး
{ ရှင်းသန့်ငါဒီနေ့ကျောင်းစတက်နေရပြီ။နင်လဲအတူတူပဲအခုဆိုတက်နေရပြီပေါ့နော်။နင်အဆင်ပြေရဲ့လား။
ငါတို့လိုင်းပေါ်မှာမတွေ့ဖြစ်တာတောင်ကြာပြီနော်။နင်လိုင်းတက်တဲ့ချိန်ငါမရှိငါလိုင်းတက်တဲ့အချိန်နင်မရှိနဲ့။ငါစာပို့ထားလဲနင်က seenမပြနဲ့ဆိုတော့စကားတောင်မပြောဖြစ်ကြတာကြာပြီဟာ။ငါလေနင့်ကိုလွမ်းတယ်သိလား။အိမ်ကိုလဲလွမ်းတယ်မိုးကိုလဲလွမ်းတယ်ဒါပေမယ့်နင့်ကိုပိုလွမ်းတယ်။ငါလေဒီမှာသူငယ်ချင်းအသစ်တွေနဲ့အဆင်ပြေအောင်နေတယ်။နင်ရောသူငယ်ချင်းအသစ်တွေရနေပြီလား။ငါ့ကိုတော့မေ့မသွားနဲ့နော်။ငါလေနင့်ကိုအရမ်းတွေ့ချင်တာပဲဟာ။နောက်ပြီးလေငါဆုံးဖြတ်ထားတာတစ်ခုရှိတယ်။ငါတို့ဘွဲ့ရလို့နင်နဲ့ငါပြန်ဆုံရင်နင့်ကိုချစ်‌ကြောင်းငါပြောမယ်လို့။အဝေးကြီးလိုသေးပေမယ့်အခုထဲကတွေးပြီးငါကတော့ပျော်နေမိတယ်ဟာ။နင်လက်မခံမှာကိုသိပေမယ့်ငါပြောကြည့်ချင်သေးတယ်။နင်မုန်းလဲပြောပြီးမှငါရအောင်ပြန်ချော့မယ်ဟာ။ဘာလို့ဆိုငါချစ်နေတာလေးတော့နင့်ကိုတစ်ခါလောက်သိစေချင်လို့။အရမ်းလွမ်းတယ်ရှင်းသန့်ရယ်}လို့ရေးကာစာလေးကိုအဆုံးသတ်လိုက်ပြီးမေလဲအိပ်ယာဝင်လိုက်သည်။

FRIEND ZONEWhere stories live. Discover now