FRIEND ZONE ( part3)

336 17 0
                                    

မနက်မိုးလင်း~~~~~
မေရဲ့အမေ:သမီးရေထတော့ရှစ်နာရီထိုးတော့မယ်
ကျောင်းတတ်ရအုံးမယ်လေ👨‍🦱👨‍🦱
မေ:ဟုတ်ကဲ့မေမေထပြီ။
မေလဲထပြီးရေမိုးချိုးအဝတ်အစားလဲကာအခန်းထဲမှထွက်လာ၍မနက်စာစားတော့သည်။
ထမင်းစားနေစဉ်မေမှသူရဲ့အမေအား~~~
မေ: မေမေသမီးဒီနေ့ကျောင်းကိုစက်ဘီးနဲ့သွားမလို့ရလား🥺
မေမေမှ~~~ဘာလို့လဲသမီးရဲ့သမီးအဖေလိုက်ပို့မှာပဲကိုဘာလို့စက်ဘီးနဲ့သွားမှာတုန်း???
မေ: သမီးကကျောင်းဆင်း‌ရင်သမီးသူငယ်ချင်းနဲ့အတူတူအိမ်ပြန်လာချင်လို့မေမေရဲ့သူ့အိမ်ကလဲ‌ေမတို့အိမ်နဲ့တစ်လမ်းကျော်မှာဆိုတော့သိပ်မဝေးလို့လေပြီးတော့ဒီနေ့တစ်ရက်ထဲမဟုတ်ဖူးနေ့တိုင်းစက်ဘီးနဲ့ပဲသွားမှာ
အဲ့တာကြောင့်မေမေ့ဆီကခွင့်တောင်းတာပါ။
မေမေမှ~~အော်အဲ့လိုဆိုလဲသွားလေ။ဒါပေမယ့်ဖြေးဖြေး‌နင်းနော်။မှောက်တာတွေဘာတွေမဖြစ်စေနဲ့ကြားလားသမီး။
မေ:ဟုတ်ကဲ့မေမေ။အာ့ဆိုသမီးသွားတော့မယ်နော်။
မေမေမှ~~အေးအေးသမီးဂရုစိုက်သွား။
မေ:ဟုတ်ကဲ့‌မေမေ။
မေ‌လဲသူ့အမေကိုနှုတ်ဆက်ပြီးကျောင်းသို့လာခဲ့သည်။တစ်ချိန်လုံးပျော်နေပေမယ့်အခန်းဝရောက်မှာပဲမေ့ရဲ့အပျော်စိတ်တွေဟာပျောက်ချင်းမလှပျောက်သွားရသည်။ဘာကြောင့်ဆိုသော်မနေ့ကရန်ဖြစ်ခဲ့ရတဲ့အပုမကိုအခန်းဝမှာတွေ့ခြင်းကြောင့်ပင်။မေလဲမသိချင်ယောင်ဆောင်ကာအခန်းထဲသို့ဝင်ခဲ့သည်။ထိုစဉ်ထိုအပုမကခြေထိုးခံကာမေလဲအောင်လုပ်သည်။
မေလဲလဲကျသွားပြီးဒူးနာသွားရသည်။အဲ့အပုမကတော့သူမဟုတ်သလိုရယ်နေပြန်သည်။မေလဲဒေါသထွက်ထွက်ဖြင့်
မေ:ဟဲ့နင်ဒါဘာလုပ်တာလဲလူလာနေတာမမြင်လို့လား။ကန်းနေတာလား။ဘာလို့ခြေထိုးခံတာလဲ။နင်အရမ်းရိုင်းတယ်နော်။
ထိုအပုကပြန်ပြောသည်~~နင့်ကိုငါပြောထားပြီးသားလေနင့်ကိုပညာပေးမှာလို့ငါပြောထားပြီးသား။နင်မမှတ်မိဘူးလားဘာလဲဉာဏ်မကောင်းတာလား။
မေ: နင်ပညာပေးချင်တိုင်းပေးရအောင်နင်ကဘာမို့လို့လဲ😡
ထိုအပုက~~ငါကနင့်ထက်အရင်ကျောင်းကိုရောက်လာတဲ့လူပဲ။အဲ့တော့ပညာပြတယ်ဘာဖြစ်လဲ။
မေ:နင်နဲ့ရန်မဖြစ်ချင်ဘူး။အဲ့တော့နင်ဘာဖြစ်စေချင်လဲပြောငါလိုက်လျောနိုင်တာရှိလိုက်လျောမယ်။
ထိုအပုက~~အိုဟိုး~~~ဟုတ်ပြီဒါမျိုးကိုကြိုက်တာဒီလိုလုပ်နင်ငါတို့အဖွဲ့နဲ့ပေါင်း။ပြီးရင်တခြားသူတွေကိုအနိုင်ကျင့်ဘရုတ်ကျရမယ်အာ့လိုလုပ်ရင်နင့်ကိုငါပညာမပေးတော့ဘူး။ဘယ်လိုလဲအိုခေလား။
သူကပြောင်စပ်စပ်နဲ့ပြောသည်။မေကတော့ဘယ်လိုတောင်အဓိပ္ပာယ်မရှိတဲ့စကားလဲဟုတွေးကာစိတ်တိုနေသည်။ထိုအချိန်မှထိုကောင်မလေးကထပ်မေးသည်
''ဘယ်လိုလဲလုပ်မှာလားငါပြောသလို"
မေ: သေလိုက်လေနင့်လို့မျိုးလိုက်လုပ်ရအောင်ငါနင့်တပည့်မဟုတ်ဘူး။ ပြီးတော့နင့်လို့အားယားမနေဘူး။ပြီး‌ေတာ့သူများကိုလဲအနိုင်မကျင့်တတ်ဘူး။ဘရုတ်လဲမကျဘူး။ငါထပ်ပြောလိုက်မယ်နင်တို့အဖွဲ့နဲ့ဘယ်တော့မှ‌မပေါင်းဘူးရှင်းလား။
ထိုအပုမလေးကလဲ~~~ရတယ်လေနင့်ကိုအတင်းမပေါင်းခိုင်းပါဘူးငါကလဲ။ဒါပေမယ့်နင်သတိထားနော်ငါနဲ့မတွေ့စေနဲ့နောက်ပြီးနင့်ကိုပညာပေးရင်လဲမကြောက်နေနဲ့ငါကနင့်ကိုဒီထက်ပိုလုပ်တော့မှာ။
ဟုခနဲ့တဲ့တဲ့အသံနဲ့ပြန်ပြောသည်။မေလဲစိတ်တွေညစ်လာ၍မျက်ရည်တွေပါကျလာတော့သည်။
ထိုအခါထိုအပုမကထပ်ပြောသည်။''ငိုမနေနဲ့မသနားတတ်တာခက်တယ်။ပြီးတော့နင်ရှေ့လျှောက်ဒီထပ်ငိုရတော့မှာသိလား။နောက်ပြီးငါ့နာမည်လဲမှတ်ထားအုံးငါ့နာမည်က ပိုးနံ့သာလို့ခေါ်တယ်။တော်ကြာကိုယ့်ကိုယ်အနိုင်ကျင့်တဲ့လူရဲ့နာမည်မသိမှာစိုးလို့ဆိုပြီးခနဲ့တဲ့တဲ့ပြောကာပုခုံးကိုတိုက်ထွက်သွားသည်။
မေကတော့ငိုရက်နဲ့သာကျန်ခဲ့တော့သည်။ထိုအချိန်မှာပဲမိုးကအခန်းထဲသို့ရောက်လာပြီးပြာပြာယာယာ‌ေမးတော့သည်။
မိုး: မေနင်ဘာဖြစ်တာလဲ??ဘာလို့ငိုနေတာလဲဟင်??
မေ:ဟို ပိုးနံ့သာဆိုတဲ့တစ်ယောက်လေငါ့ကိုအနိုင်ကျင့်ပြန်ပြီ။ငါ့ကိုသူ့အဖွဲ့ထဲမဝင်လို့ပညာပြတယ်ဟာ။နောက်ပြီးနောက်ပြီးရှေ့ဆက်လဲအနိုင်ကျင့်မယ်တဲ့😭😭ငါသူ့ကိုကြောက်တယ်အရမ်းကိုကြောက်နေပြီ😥😥😭
မိုး: သူကနင့်ကိုအဲ့လိုအနိုင့်ကျင့်လို့ရမလား😡😡ငါသွားရန်တွေ့မယ်😡😡
မိုးထသွားပြီးရန်တွေ့ဖို့အလုပ်မေကမိုးလက်ကိုဆွဲကာတားပြီးစကားပြောလေသည်။
မေ: မိုးမသွားပါနဲ့တော့ဟာတော်ကြာနင်သွားရန်တွေ့မှနင်ရန်တွေ့တာငါ့ကြောင့်ဆိုပြီးငါ့ကိုပြသာနာထပ်ရှာမှာငါကြောက်တယ်။ငါသူတို့နဲ့ထပ်မတွေ့ချင်တော့ဘူး။
မိုး:ဒါပေမယ့်ဒီလိုမှမပြောရင်နင့်ကိုသူတို့ကအနိုင်ကျင့်နေကြတော့မှာပဲလေနင်ဒါလေးတောင်မသိဘူးလား။လူဆိုတာပြောရဲဆိုရဲရတယ်။
မေ:ထားလိုက်ပါတော့ဟာငါသူ့ကိုကြောက်တယ်။
သူတို့နဲ့ပြသာနာမဖြစ်အောင်ငါရှောင်နေမယ်ဟာအဲ့တာဆိုဖြစ်တော့မှာမဟုတ်ဘူး။
မိုး: ဟဲ့သောက်ရူးအခန်းတူတူကိုနင်ကဘယ်လို‌ေရှာင်မှာလဲဟဲ့တကယ်ပါပဲ။
မိုးကစိတ်တိုတိုနှင့်ကျိန်ဆဲတော့သည်။
မေ:ရပါတယ်ဟာငါရအောင်ရှောင်မယ်။
မိုး:အေးပါနင်ကအဲ့လောက်ဖြစ်နေမှတော့ငါမသွားတော့ပါဘူး။ဒါပေမယ့်တစ်ခုခုဖြစ်ရင်တော့ငါ့ကိုပြောနော်တစ်ယောက်ထဲငိုမနေနဲ့သိလား။
မေ:အေးပါဟာကျေးဇူးတင်ပါတယ်ငါ့ဘေးနားမှာရှိနေပေးလို့။နောက်လဲငါ့ဘေးနားရှိပေးပါနော်🥺
မိုး:အေးပါဟာငါကနင့်ဘေးနားအမြဲရှိနေမှာ။အဲ့တာကြောင့်ကလေးလိုငိုမနေနဲ့တော့ဆရာမလာတော့မယ်။
မေ:အင်းပါမငိုတော့ဘူး။
ထို့နောက်ဆရာမကဝင်လာပြီဖြစ်၍မျက်ရည်များကိုသုတ်ကာဆရာမကိုနှုတ်ဆက်လိုက်ရတော့သည်။ထို့နောက်ဆရာမကလဲထိုင်ခိုင်းပြီးစာအုပ်များကိုထုတ်ခိုင်းကာစာသင်ရန်ပြန်တော့သည်။စာအုပ်ထုပ်နေစဉ်
ဆရာမက~~သမီးမေသက်ထားငိုထားတာလားသမီးမျက်လုံးတွေဖောင်းအစ်နေတာပဲဘာဖြစ်လို့လဲဆရာမကိုပြောလေ??
မေ:သမီးဘာမှမဖြစ်ပါဘူးဆရာမ။ဆရာမထင်လို့နေမှာပါဟုသာပြောလိုက်သည်။
ဆရာမ~~အေးပါကွယ် အတန်းထဲမှာသူငယ်ချင်းတွေအနိုင်ကျင့်ရင်ပြောနော်ကြားလားသမီး။
မေ:ဟုတ်ကဲ့သမီးပြောပါ့မယ်။
ထို့နောက်ဆရာမကထပ်ပြီးပြောသည်။
ဆရာမ~~ခုမှရောက်လာတဲ့သူငယ်ချင်းအသစ်ကိုအနိုင်မကျင့်ရဘူးနော်။တစ်ယောက်နဲ့တစ်ယောက်ဖေးမရမယ်ကြားလားကလေးတို့။
ကျောင်းသူများ~~~ဟုတ်ကဲ့ပါဆရာမ။
မေလဲမထင်မှတ်ပဲနောက်လှည့်ကြည့်မိတော့အဲ့ပိုးနံ့သာဆိုတဲ့အပုမကမျက်လုံးလာပြူးပြသေးသည်။
မေ့မှာမကြည့်ရဲ‌ေသာ‌ေကြာင့်မြန်မြန်ပြန်လှည့်ကာစာအုပ်သာထုတ်ရတော့သည်။ထိုနောက်စာသင်ချိန်များတစ်ချိန်ပြီးတစ်ချိန်ကုန်လာကာမုန့်စားဆင်းချိန်သို့ရောက်လာသည်။
မုန့်စားဆင်းချိန်~~~
မိုးကဗိုက်အရမ်းဆာနေသောကြောင့်မုန့်အမြန်သွားဝယ်နေသည်မေကတော့ညောင်းနေသောကြောင့်ခဏအကြောဆန့်ကာကျန်ခဲ့တော့သည်။အကြောဆန့်၍အညောင်းပြေမှမုန့်စားရန်ထွက်မယ်ကြံတော့အခန်းဝမှာဟိုပိုးနံ့သာဆိုတဲ့အပုနဲ့သူ့အဖွဲ့ကရပ်နေသည်ကိုတွေ့သည်။မေဗိုက်ဆာနေပေမယ့်သူတို့အဖွဲ့ရှိနေသောကြောင့်အခန်းဝနားသို့မသွားပဲအတန်းထဲ၌သာပြန်ထိုင်လိုက်တော့သည်။ထိုအပုကတော့မေ့ကိုကြည့်ကာကျေနပ်ပြုံးအောင်နိုင်သူအပြုံးတွေနဲ့ပြုံးနေသည်။ကျောင်းပြန်တက်ဖို့ဆယ့်ငါးမိနစ်သာလိုတော့ပေမယ့်ထိုအပုသည်ထိုအခန်းဝနားကတလှမ်းမခွာမေ့ကိုပြသာနာရှာရန်စောင့်နေလေသည်။မေလဲဗိုက်အရမ်းဆာ‌ေန‌ေသာကြောင့်ဒီအချိန်မှာမိုးကိုမျှော်နေမိသည်။ဒါပေမယ့်မိုးကရောက်မလာ။မေလဲမတတ်နိုင်တော့တဲ့အဆုံးမုန့်ဝယ်ရန်သာဆုံးဖြတ်လိုက်သည်။မေသည်ခေါင်းငုံ့ပြီးအခန်းဝနားသို့လျှောက်လာခဲ့သည်ထိုအခါထိုအပုကခေါင်းငုံ့လျှောက်လာတဲ့မေ့ကိုသူစားနေတဲ့ရေခဲမုန့်နဲ့လှမ်းပက်တော့သည်။ထို့နောက်သူမဟုတ်သလိုနဲ့သူ့ထိုင်ခုံမှာသွားထိုင်နေသည်။မေလဲစိတ်တအားတိုကာထိုအပုအား~~~~~
မေ:ဒီမှာပိုးနံ့သာငါ့ကိုဘယ်ချိန်ထိနင်နှောက်ယှက်နေမှာလဲ။ငါလဲငါ့ဘာသာနေပါရစေဟာ။ငါနင့်ကိုဘာများမျက်စိနောက်အောင်လုပ်နေလို့လဲပြောလေ။နင်ငါ့ကိုဒီလောက်ပညာပြရရင်တော်ရောပေါ့။
မေလဲငိုရင်းနဲ့ပြောနေမိသည်ဒါပေမယ့်ထိုအပုကတော့ခနဲ့တဲ့တဲ့အပြုံးနဲ့ပြန်ပြောလာသည်။
ပိုးနံ့သာ:ဒီမှာမေသက်ထားငါနင့်ကိုပြောပြီးသာနင်ငါ့အဖွဲ့ထဲမဝင်ရင်နင့်ကိုပညာနေ့တိုင်းပြမယ်လို့လေ။
နင်နားမလည်ဘူးထင်တယ်မြန်မာစကားကို။နောက်ပြီးဘာကိုမျက်စိနောက်လဲဟက်လား နင်ငါ့အဖွဲ့ထဲမဝင်တာကိုမျက်စိနောက်တယ်ရှင်းလား။နင့်ကိုငါအပြတ်ပြောပြီးသားနင်မခံနိုင်ရင်နင်အခန်းပြောင်းလိုက်ငါကတော့နင်ဒီအခန်းထဲမှာရှိနေသ၍နင့်ကိုအနိုင်ကျင့်မယ်ဒါပဲ။နင်ဆရာမနဲ့တိုင်မယ်ဆိုပိုဆိုးသွားမယ်နော်နင်စဉ်းစားပေါ့နင်ငါနဲ့ပေါင်းမလားငါအနိုင်ကျင့်တာကိုခံမလား။ဖြေလေ။
မေ:သေလိုက်ဒီတသက်နင်နဲ့လုံးဝမပေါင်းဘူးနင့်လိုအကျင့်မကောင်းတဲ့လူကိုငါကြောက်လဲကြောက်တယ်ပေါင်းလဲမပေါင်းရဲဘူး။နင်ငါ့ကိုအနိုင်ဆက်ကျင့်နေရင်တော့ငါအခန်းပြောင်းမှာပါနင်မပူပါနဲ့အဲ့တာကြောင့်။
ပိုးနံ့သာ:ပြောင်းပေါ့။ဒါပေမယ့်နင်ဒီနှစ်တော့ပြောင်းလို့မရတော့ပါဘူးနောက်နှစ်မှပဲရမှာ။အဲ့တော့နင်ငါအနိုင်ကျင့်တာဒီတစ်နှစ်တော့ခံလိုက်အုံးငါကတစ်နှစ်လုံးအနိုင်ကျင့်နေမှာ။အိုကေ။
မေ:နင်ဘာလို့ငါ့ပဲလဲ။ငါလဲပြောင်းလာတာကြာပါပြီနင်တော်ရုံဆိုတော်ရောပေါ့ငါလဲအတိုင်းအတာရှိတယ်နော်နင်သိထားဖို့ကငါအမြဲခံနေမှာမဟုတ်ဘူး။
မေကြောက်ကြောက်နဲ့ပြန်ပြောလိုက်သည်။ထိုအခါပိုးနံ့သာမှ~~နင့်မိုလို့အနိုင်ကျင့်တာရှင်းလား။နင်အမြဲမခံဘူးလို့ပြောတယ်နော်အေနင်ငါ့ကိုပြန်ပြီးခံလုပ်တဲ့နေ့ငါကနင့်ထပ်နှစ်ဆပြန်လုပ်ပြမယ်နင်ကြည့်ထားငကြောက်လေး။
ပိုးနံ့သာကခနဲ့ပြောကာ‌သူ့ခုံမှာသူပြန်ဝင်ထိုင်နေသည်။ကျောင်းလဲတက်သွားပြီဖြစ်သောကြောင့်မေလဲမတတ်နိုင်ပဲအတန်းထဲ၌သာပြန်ထိုင်ရတော့သည်။ဆာနေတဲ့ဗိုက်ကိုရေသောက်၍သာဖြည့်ရတော့သည်။ဗိုက်ကဆာနေပြီးသားကိုငိုထား၍ပိုလို့ဆာနေသေးသည်။ဒါပေမယ့်လဲမတတ်နိုင်မေအဲ့နေ့ကမုန့်ငတ်ခဲ့ရသည်။ထို့စဉ်ကျောင်းတတ်မှအလောတကြီးမိုးကပြန်ရောက်လာကာမေ့ကိုစကားပြောသည်။
မိုး:အမလေးမောလိုက်တာဟယ်။အချိန်မှီအောင်မနည်းပြေးလာရတယ်။
မေ:နင်ဘယ်တွေသွားလို့အဲ့လောက်ကြာနေတာလဲ။
မိုး:ငါလားမုန့်တွေပတ်စားနေတာနဲ့ကြာသွားတာဒါတောင်ကျောင်းတက်တော့မှာမလို့အမြန်စားပြီးပြေးလာရတာ။မောလိုက်တာဟာ😑
မေ:နင်ကမြိုစို့ပြီးမောနေငါကဘာမှမစားရသေးဘူးဟိုအပုကြောင့်😡
မိုး:နင့်ကိုဘာလုပ်ပြန်ပြီလဲအဲ့ဟာမ😤
မေ:ငါ့ကိုသူစားနေတဲ့ရေခဲမုန့်နဲ့တမင်တကာလှန်းပက်ပြီးရန်စတယ်လေ။ငါလဲရန်ဖြစ်ပြီးငိုယိုလာခဲ့တာ
အဲ့တာနဲ့မုန့်မစားရတော့တာ😔😔
မိုး:အဲ့ဟာမတော်တော်လွန်နေပြီ။ငါတော့ပွဲကြမ်းချင်နေပြီ‌နင်ပြောထားလို့😡😡အဲ့ကောင်မဂျိုကြွ‌နေတာ##@###🤬🤬🤬
မိုးလဲဆဲနည်းပေါင်းစုံနဲ့ကျိန်ဆဲနေတော့သည်ပြီးမှ
မိုး:မေနင်အရမ်းဗိုက်ဆာနေလားဟင်??
မေ:နည်းနည်းတော့ဆာတာပေါ့ဟာ။ရပါတယ်ငါရေသောက်ထားတယ်တအားမဆာတော့ဘူး😁😁
မိုး:ငါတောင်းပန်ပါတယ်ဟာငါလဲဒီနေ့မုန့်မှအပိုဝယ်မလာမိဘူး။နောက်နေ့ဆိုငါနဲ့မုန့်စားအတူတူဆင်းနော်ဒါမှနင်စားရမှာမဟုတ်ရင်နင်နေ့တိုင်းမုန့်ငတ်မယ်သိလား။
မေ: အေးပါဟာနင်ငါ့ကိုနှစ်သိမ့်လို့ကျေးဇူးပါဟာနော်😘😘
မိုး:မလိုပါဘူးဟာသူငယ်ချင်းတွေပဲလေဟုတ်ဖူးလား။
မေ:အင်းပါ။ ငါနင့်ကိုပြောစရာရှိတယ်ငါတို့လေဒီနေ့အတူတူပြန်လို့ရပြီငါစက်ဘီးယူလာတယ်သိလား😁😁
မိုး:ဟယ်!!ဟုတ်လားအာ့ဆိုတူတူပြန်ကြမယ်လေနော့
မေ:အေးပါနေ့တိုင်းတူတူပြန်ကြမယ်ဟုတ်ပြီလား😁😁
မိုး:နေ့တိုင်း!!!!တကယ်!!!ပျော်လိုက်တာဟာပြန်မယ်ပြန်မယ်😁😁😁
မေ:အေးပါတအားပျော်နေ။နောက်ပြီးနင့်အိမ်နဲ့ငါ့အိမ်သိပ်မဝေးတော့ကျောင်းပိတ်ရက်ကျလဲလာလည်လို့ရတယ်နော်။
မိုး:အင်းပါလာလည်မယ်။မုန့်တော့အဝကျွေးဟီးဟီး😁😁
မေ:အေးပါကျွေးမှာပေါ့
မိုး:အင်းအင်း
မိုးတို့နှစ်ယောက်စကားပြောနေစဉ်အတွင်းမှာပဲဆရာမဝင်လာသောကြောင့်စကားစကိုဖြတ်ကာစာသင်လိုက်ရတော့သည်။

FRIEND ZONEWhere stories live. Discover now