Part - 8

23.1K 2.2K 170
                                    

"စေကိုး မင်းအိမ်မပြန်ဘူးလား"

လေပြည်အေးလေးနဲ့ ပြန်ပြောလာသော လူကြီးစကားက ခွန်းပြောတာနဲ့ဘာမှမသက်ဆိုင်သလိုပင်။

ခွန်းပြောလိုက်တဲ့စကားတွေကို
မကြားချင်ယောင်ဆောင်သွားတဲ့ လူကြီးပါပေ။ရတယ်လေ အဲ့လူကြီး
မကြား‌ချင်ယောင်ဆောင်တော့လည်း စိတ်အဆင်သင့်မဖြစ်သေးတဲ့ ခွန်းလည်း မသိချင်ယောင်ပြန်ဆောင်ရုံပေါ့။

"ဘာလဲ ခင်ဗျားကြီးက
ကျွန်တော့်ကို နှင်ချင်ပြီလား
ရပါတယ် ခင်ဗျားကြီးနှင်မှတော့
ပြန်ရမှာပေါ့လေ "

"အေး နှင်ချင်တယ် ဘာလို့လဲ
ဆိုတော့ ဒီနေရာကမင်းနဲ့
မသင့်တော်လို့"

"ဘာလို့ မသင့်တော်ရမှာလဲ
ဗဟုသုတရတယ်လေ ပြီးတော့ ခင်ဗျားကြီးလည်းရှိတယ်လေ ကျွန်တော် ခင်ဗျားတို့နဲ့နေချင်သေးတယ်"

ခွန်း ပြုံးစိစိလေးလုပ်ကာပြန်ဖြေမိသည်။ခွန်း ရင်ခုန်သံတွေကို
ထိန်းထားရင်းပေါ့။

"မင်းအလုပ်ဒီမှာဘာရှိလဲ မင်းကဗဟုသုတရတယ်ဆိုရအောင် မင်းဘဝအတွက် မင်းအနာဂတ်အတွက်
မင်း ဘာမှမလုပ်တော့ဘူးလား"

"ကျွန်တော့်အလုပ်လားရှိ‌တာပေါ့
အခုလည်း ကျွန်တော့် ဘဝအတွက် ကြိုးစားနေတာပဲလေ ခင်ဗျားတို့နဲ့လည်း နေချင်သေးလို့ပါဆို "

"မင်းငါ့အနား နေချင်တယ်ဆိုတာ အကြောင်းပြချက်တခုပါပဲ ဘာလို့နေချင်တာလဲ မင်း ခိုင်လုံတဲ့အကြောင်းပြချက်တခုပေး "

ဒီလူကြီးတကယ်ပဲ ခွန်းစိတ်ကို
မရိပ်မိလေသလား မေးခွန်းတွေနဲ့
ခွန်းကိုနှိပ်စက်နေတာများလား
ခွန်းတကယ်ငိုချင်လာသည်မို့ တိတ်ဆိတ်သွားရသည်။

"စေကိုး မင်းငါမေးနေတာ ဖြေလေ"

"ခင်ဗျားကြီးနဲ့ မခွဲနိုင်လို့ဗျာ

ခင်ဗျားကြီးကို ချစ်လို့ သိပြီလား"

ခွန်း ပိတ်အော်ပစ်လိုက်သည်
အဲ့လူကြီးကို

"မင်း ကငါနဲ့ မခွဲနိုင်ဘူး"

"ဟုတ်တယ်"

"မင်းက ငါ့ကိုချစ်လို့ ဟုတ်လား "

"ဟုတ်ပါတယ်ဆိုနေဗျ "

ရှမ်းအိုးစည် နှင့် မန္တလေးသား (Complete )Where stories live. Discover now