Part - 14

20.5K 1.6K 87
                                    

ခွန်း နဲ့ ဘဲကြီး အဟမ်းး

အခုတော့ 'မောင်' ပေါ့

ခွန်းနဲ့ 'မောင်' တောင်ကြီး မှ
ညကားစီးလာတာကြောင့် မန္တလေး ကို မနက်ဝေလီဝေလင်းလောက်ရောက်သည် ။

ခွန်း ကျွဲဆည်ကန် ကားကြီးကွင်းမှ အိမ်ကို ပြန်ဖို့အတွက် အိုးဝေ
သာ ငှားလိုက်သည် ။
ခွန်းတို့က ၂ယောက်မို့ ဆိုင်ကယ်
ကယ်ရီ နဲ့ကျ အဆင်မပြေပေ ။

ထိုလူကြီး က ကားပေါ်မှ
ဆင်းကတည်းကခွန်းလက်ကို
တချက်မလွှတ်ပေးပါ မသိရင်

ခွန်းတို့ကခိုးရာလိုက်ပြေးလာသလိုပင်
ထိုလူကြီး ကတော့ ခိုးရာလိုက်ပြေးလာတဲ့ အပျိုလေးပေါ့

" အဟိ "

ခွန်းသဘောတကျနဲ့ အသံပါ
ထွက်ပီး ရယ်မိသွားသည် ။

မျက်ဝန်းညိုတွေက ဘာကြောင့်
ရီသလဲ မေးချင်သလို ခွန်းကို
စိုက်ကြည့်လာသည် ။

ခွန်း ပြုံးပြပီး ခေါင်းသာရမ်းပြလိုက်မိသည် ။ ခွန်းအတွေးတွေကို သိရင်
ဘဲကြီးက ခြောက်လုံးပြူး နဲ့
ပစ်လိမ့်မည် လေ ။

မန္တလေးဆောင်းရာသီက
တောင်ကြီးဆောင်းရာသီလောက်
သိပ်မအေးသေးပေ ။

တောင်ကြီးမှာ ဒီလိုချိန်ဆို ခိုက်ခိုက်တုန်ချမ်းပင်မယ့် မန္တလေးကတော့ နဲနဲသာအေးသေးသည် ။

မန္တလေးဆောင်းက December နှောင်းပိုင်းဆိုမနေနိုင်အောင်အေးလေသည်။

မနက်စောစောလမ်းရှင်းနေတာမို့
အိမ်ကို ရောက်ဖို့သိပ်မကြာလိုက်ပေ
ခြံရှေ့ရောက်တော့ အိုးဝေခ ရှင်းပြီး

"ဘဲကြီး လာ ဒီအိမ်က
ကျွန်တော့် အိမ် လွတ်လွတ်လပ်လပ် နေလို့ရတယ် မေမေတို့အိမ်ဆို ခင်ဗျား နေရခက်နေမှာဆိုးလို့ "

"ဘာ ဘဲကြီး လဲ ဟမ်
'မောင်' လို့ ခေါ်ရမယ်
ပြောမထားဖူးလား စေကိုး "

"အဟမ်း ခင်ဗျား ကလဲ
ခနခနမခေါ်ချင်ပါဘူး "

"ဘာလို့လဲ မောင့်ကောင်လေး က
ရှက်လို့လားဟင် "

အာ ဒီလူကြီး ဘယ်လိုကြီးလာ
ပြောနေတာလဲ လူကို ရင်ခုန်အောင်လို့
ခွန်း နားရွက်တွေ နီ လာမိတယ်

ရှမ်းအိုးစည် နှင့် မန္တလေးသား (Complete )Hikayelerin yaşadığı yer. Şimdi keşfedin