အချပ်ပို (၇) ဇာတ်သိမ်းပိုင်း

6.5K 405 12
                                    

ပုပ္ပါးကိုသွားလည်မည့်နေ့မှာပင် မန္တလေးတွင်အရေးကြီးပြဿနာပေါ်လာသောကြောင့်နေ့ချင်း Flight နဲ့အမြန်ပြန်လာခဲ့ရသည်။ ကလေးတွေကိုပုဂံမှာနေခဲ့ပြီးလည်ဖို့ပြောပင်မဲ့ အကုန်လုံးက ငြင်းသောကြောင့် တစ်ဖွဲ့လုံး ပြန်လာခဲ့လိုက်ရသည်။

နောင့်ခွန်းရုံးခန်းတွင် ဆေးဖြူတွေ့တယ်ဆိုပြီး သတင်းပေးလို့ သက်ဆိုင်ရာကလာစစ်သောကြောင့် Company က အနည်းငယ်ပွက်လောရိုက်သွားသည်။ပြိုင်ဘက် Company ရဲ့လက်ချက်ဆိုတာသေချာတာမို့ Company အတွင်းက သတင်းပေးကြွက်လေးကိုရှာရတော့သည်။

'နွိုင်း' အဖွဲ့ရဲ့ခေါင်းဆောင်ဟောင်းတစ်ယောက်အနေနဲ့ ဒီလိုကြွက်လေးကိုဖမ်းရတာသိပ်မခက်ပေ။ စေကိုးနဲ့အတူပျော်ရွှင်စွာကုန်ဆုံးရမယ့်အချိန်မှာ အနှောင့်အယှက်ပေးတဲ့ကောင်မို့ သေချာလေးတော့သင်ခန်းစာပြန်ပေးရမည်။

"ခေါင်းဆောင် ရှာတွေ့ပါပြီ"

"ဟုတ်ပြီ...စခန်းကိုခေါ်သွားပြီး သေချာဂရုစိုက်ပေးထားလိုက်"

"ဟုတ်ကဲ့ ခေါင်းဆောင်"

"ခဏ နေဦး...မင်းတို့ရဲ့ Boss မသိစေနဲ့"

ပြန်ထွက်တော့မဲ့ တပည့်ကိုခေါ်ပြီးမှာရသေးသည်။ စိတ်ထားနုတဲ့ စေကိုးက ဒီလိုကိစ္စကိုသိရင် တားမြစ်မည်မှာသေချာသည်မို့....

ပြဿနာလိုချင်နေတဲ့ တဖက်ကိုလဲ လက်ဆောင်ကြီးကြီးတစ်ခုပြန်ပို့ပေးဖို့စီစဥ်ထားလိုက်သည်။ ဒီကိစ္စက အခန့်မသင့်ရင် ရုံးထိုင်ပေးနေတဲ့ ဖေဖေ့ကိုပါထိခိုက်စေနိုင်သည်။ ကိုယ့်ဘက်လူရှိလို့သာ လာစစ်ကြည့်ရုံလောက်နဲ့ပြီးသွားတာပင်။

ပြဿနာတွေအကုန်ဖြေရှင်းပြီးပြီမို့ အမောပြေလေး ရှိရာ အိမ် သို့ပြန်ရန်ပြင်လိုက်သည်။

ခမ်းနားလွန်းတဲ့နေရာတခု မဟုတ်ပင်မဲ့ ချစ်ရသူရှိတဲ့နေရာလေးဖြစ်တာကြောင့် နောင့်ခွန်း အတွက်တော့ အေးချမ်းရာ နိဗ္ဗာန်လေးပင်

--------------------

"မောင် ပဲများမနေနဲ့ဗျာ မြန်မြန်လုပ်ပြီးဆင်းလာတော့"

"လာပါပြီ မောင့်အမျိုးသားလေးရယ် မောင်ပစ္စည်းတွေယူစရာရှိတာယူနေလို့ပါ"

ရှမ်းအိုးစည် နှင့် မန္တလေးသား (Complete )Where stories live. Discover now