Extra (Zg)

6.3K 400 43
                                    

"စေကိုး ထတော့ လေယာဉ်စိုက်တော့မယ် "

"အွန်း ရောက်ပြီလား "

"မရောက်သေးဘူး စေကိုး "

"ဟာဗျာ အဲ့တာကို ဘာလို့ လာနှိုးနေတာလဲ"

"စေကိုးပဲ လေယာဉ်ပေါ်ကနေ ပင်လယ်ကိုကြည့်ချင်တယ်ဆို
အောက်မှာ ပက်လယ်ပြာပြာကြီးကို မြင်နေရပြီဗျ"

"ဟင် ဟုတ်လား ဘယ်မှာလည်း "

လေယာဉ် ပြတင်းပေါက်ဘက်မှာ ထိုင်နေတဲ့ နောင့်ခွန်းကို ကျော်ခွပြီးတော့ ပြတင်းပေါက်ကနေ ပင်လယ်ပြာကြီးကို လှမ်းငေးကြည့်ပြီး သဘောတေကျနေတဲ့ ‌စေကိုးရဲ့ မျက်နှာနုနုလေးက နောင့်ခွန်းရဲ့ မျက်နှာရှေ့တည့်တည့်မှာမို့ ပါးဖောင်းဖောင်းလေးကို အသည်းယားစွာ နှာတံချွန်ချွန်လေး နစ်ဝင်သွားတဲ့အထိ နမ်းပစ်လိုက်သည်။

"ဟာဗျာ ခင်ဗျားကြီး လူကိုအသားယူပြန်ပြီ"

"မောင့်အမျိုးသားလေး က ချစ်ဖို့ကောင်းနေတာကိုးဗျ
မောင်ကဘယ်လိုလုပ် စိတ်ထိန်းနိုင်မလဲ"

"ခင်ဗျား တော်တော် စကားတတ်"

စေကိုး မျက်နှာက ပြုံးယောင်ယောင်လေး ပြန်ပြောလာသည်မို့
နောင့်ခွန်းကို စိတ်မကောက်တာ သေချာပြီမို့ နောက်တခေါက် ထပ်‌နမ်းဖို့ အနားကပ်လိုက်ပေမဲ့

လေယာဉ်မယ်လေးရဲ့ လေယာဉ်ဆင်းသက်တော့မှာမို့ ထိုင်ခုံခါးပတ်တွေ သေချာပတ်ထားဖို့ သတိပေးတဲ့ အသံထွက်ပေါ်လာတာကြောင့် စေကိုးကလည်း သူ့ထိုင်ခုံဆီ သူနောက်ပြန်ဆုတ်သွားတာမို့
နောင့်ခွန်းကပဲ လက်လျှော့လိုက်ရတော့သည်။

အခုက နောင့်ခွန်းတို့ရဲ့ မင်္ဂလာဦး ဟန်နီးမွန်းအဖြစ်
စေကိုး အရမ်းသွားချင်နေခဲ့တဲ့ Maldives ကို ဟန်နီးမွန်းခရီးစဉ်အဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ဒီကောင်လေး ဘယ်လောက်တောင် ပျော်နေလဲဆို လေယာဉ် 2 ခါလောက် ပြောင်းစီးလာရတာကို မပင်မပန်း ပြုံးပျော်နေတာကသက်သေပင် နောင့်ခွန်း ကိုယ်ပိုင် လေယာဉ်နဲ့သွားမယ်ဆိုတာကို လက်မခံပဲ ခရီးကို ပေါ့ပေါ့ပါးပါးလေးပဲ သွားချင်သည်ဆိုလာသည်မို့ လေယာဉ်လက်မှတ်တွေ တည်းဖို့ဟိုတယ်တွေ အကုန်စုံစမ်းခါ စေကိုးလေး စိတ်တိုင်းကျဖြစ်စေဖို့ နောင့်ခွန်း အကုန်စီစဉ်ရတော့သည်။

ရှမ်းအိုးစည် နှင့် မန္တလေးသား (Complete )Where stories live. Discover now