Extra - 2

13.2K 1K 56
                                    

"ယောကျာ်း...ယောကျာ်းရေ "

နောင့်ခွန်း ခြံထဲအပင်ရေလောင်းနေတုန်း ချစ်ရပါသော အမျိုးသားလေး ဆီက ခေါ်သံကြားလို့ လှမ်းထူးရတယ်

"ဗျာ..ဗျ "

"ဗျာ ကို နောက်ထား လူအရင်လာခဲ့ "

ကဲ အိမ်ဦးနတ်လေးက အခေါ်တော်ရှိတော့လဲ လုပ်လက်စအလုပ်ကို ပစ်ထားခဲ့ပြီး ရှေ့တော်မှောက် ခစားဝင်ရပြန်တယ်

"လာပါပြီဗျာ့... ကဲပြော မောင့်အမျိုးသားလေး ဘာများမိန့်ကြားလိုပါသလဲဗျ"

"ခင်ဗျား မရွဲ့နဲ့ နော်"

ခွန်း က ပြောစရာရှိလို့ခေါ်တာကို ဒီလူကြီးက ရွဲ့သလိုလိုနဲ့

"မရွဲ့ရပါဘူးဗျာ "

ဆက်ငြင်းနေရင် ပြောချင်တဲ့စကားကိုရောက်မှာမဟုတ်လို့ ခွန်းဘက်ကပဲ လျော့ရတယ်

"တော်ပြီ ခင်ဗျားနဲ့ မငြင်းတော့ဘူး.. လာထိုင်ဦး ဒီမှာ တိုင်ပင်စရာရှိလို့"

"ဟုတ်ကဲ့ပါဗျ "

လင်လင်၂ ယောက် ဧည့်ခန်းက ဆက်တီခုံမှာ ထိုင်ရင်း ခွန်းကပဲ စကားစလိုက်သည်။

"တန်ဆောင်မုန်းလပြည့်နေ့အတွက် တိုင်ပင်ချင်လို့ "

"မောင့်အမျိုးသားလေး က ဘာအစီအစဉ်များတွေးမိလို့လဲ "

"ကျွန်တော် တို့အလှူလေးလုပ်မလားလို့ ပါ"

"မောင် တို့ နှစ်တိုင်း စတုဒီသာလုပ်ပြီး လှူနေတာပဲလေဗျ "

"အဲလိုမဟုတ်ဘူးလေ "

"ဒါဆို ဘယ်လိုလှူချင်တာလဲပြော မောင့်အမျိုးသားလေး စိတ်တိုင်းကျဖြစ်စေရမယ် "

"နိဗ္ဗာန်စျေး သဘောမျိုးလုပ်ချင်လို့ "

"ဘယ်လို နိဗ္ဗာန်စျေး လဲ စေကိုး "

"နိဗ္ဗာန်စျေးဆိုတာထက် ပစ္စည်းဝေချင်တာ "

"အင်း ဘာတွေ ဝေ မလဲ"

" ကျွန်တော် Uni ကျောင်းသားဘဝတုန်းက သူငယ်ချင်း နဲ့ ရန်ကုန် ကို လိုက်လည်ဖူးတယ် အဲ့မှာ "

"ခဏ အဲ့သူငယ်ချင်းက ယောကျာ်းလား မိန်းမလား ပြီးတော့ အရမ်းခင်လား"

ရှမ်းအိုးစည် နှင့် မန္တလေးသား (Complete )Where stories live. Discover now