Attention Please 📌

800 90 29
                                    

Update မဟုတ်ဘဲ ကိုးရဲ့ လက်ရှိအခြေအနေလေးကို ပြောပြရင်းလေပေါမဲ့ စာလေးဖြစ်တာမို့ မဖတ်ချင်သူများ မဖတ်ကြပါနဲ့နော်

📌📌

ရှမ်းဘဲကြီးနဲ့ စေကိုး တို့ကို စတင်ရေးသားခဲ့တဲ့ 2021 September မတိုင်ခင် Author Koe ဆိုပြီးမဖြစ်ခင်တည်းက တလရနဲ့ ပတ်သတ်တာများကို အရင်ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးပါ ။

Kpay Acc ပိတ်ခံရပြီး စကစ ဘက်မှ ခြေရာခံလိုက်တာမျိုးရှိလာတာကြောင့် ဇာတ်မြှုပ်နေခဲ့ရပါတယ် ။

နောက်ပိုင်း ကျန်းမာရေးချို့ယွင်းမှုကြောင့် စာရေးသူဘဝမှပါ အနားယူရင်း ကိုယ်ပိုင်ဘဝလေးမှာ Low key နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ December တုန်းက အဖွဲ့သားတစ်ယောက် Kpay Acc ပြန်ဖွင့်ရင်း ဖမ်းခံထိသွားပြီး အမှုကို ပြန်လည်လိုက်နေရင်းကနေ အခု Koe အိမ်ထိ ဖမ်းဝရမ်းနဲ့ရောက်လာခဲ့ပါတယ်။

လက်ရှိအခြေအနေက ထွက်ပြေးပုန်းရှောင်နေရဆဲဖြစ်ပြီး အိမ်ဘက်ကလဲ တက်နိုင်သလောက်လုပ်ပေးနေကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းဘဲကြီးတို့ကို Second Edition ထုတ်ဖို့လာကမ်းလှမ်းတဲ့စာအုပ်တိုက်တစ်ခုလဲရှိပါတယ်။

လက်တလောအခြေအနေကြောင့် ငြင်းဆိုထားပြီး ထုတ်ဖို့ကလဲ မဖြစ်နိုင်ပါဘူး။

အရင်က Second Time ထုတ်ဖို့ကြိုးစားဖူးပေမဲ့ စာချုပ်ပါအချက်အလက်တချို့ကို Koe ဘက်မှ မလိုက်လျောနိုင်သောကြောင့် စီစဥ်ပြီးမှ ပျက်ခဲ့ရပါတယ်။

ဖုန်းကို Location လိုက်နိုင်တာမို့ Restart ချပြီး စက်ရှင်းလိုက်ချိန်မှာ ရှိသမျှ စာမူများကိုရေးမှတ်ထားသော Note App ပါပျက်သွားခဲ့တာကြောင့် လက်ရှိ ဒီ Wattpad App မှာ တင်ထားတာတွေပဲရှိပါတော့တယ်။

တခြားသော Social Platform များတွင်တင်ထားခြင်းမရှိတာမို့ တခြားမှာတင်ထားတာမျိုးတွေ့ရင် ခိုးယူထားတာသာ ဖြစ်ကြောင်းပြောချင်ပါတယ်။

ဒါကြောင့် ဒီ Wattpad Acc မှ တင်ထားတာများကိုသာ တန်ဖိုးထားဖတ်ရှုပေးကြပါရန် နဲ့ pdf file ပြောင်းလဲရောင်းချခြင်းမျိုးမလုပ်ကြပါရန် ထပ်ပြီးမေတ္တာရပ်ခံချင်ပါတယ်။

စာဖတ်သူများလဲ Kpay Acc ပိတ်ခံရရင် ပြန်သွားမဖွင့်ပါနဲ့ ။ အကြောင်းပြချက်မရှိ လိုချင်တဲ့ ပုဒ်မ တပ်ဖို့ဆိုတာ သူတို့လက်ထဲတင်ရှိတာပါ ။

အဆင်ပြေနေလားမေးရင်တော့ သတ်သေချင်လောက်စိတ်ဓာတ်ကျနေပါတယ်။

သုံးစားမရတဲ့ ခန္ဓာကိုယ်နဲ့ ချို့တဲ့လွန်းတဲ့ကျန်းမာရေးက စိတ်အလိုကိုမလိုက်နိုင်တာ ပိုခံစားရခက်ပါတယ်။

နေ့ချင်းညချင်း ဝရမ်းပြေးဘဝရောက်ခဲ့ရတာမို့ အလားတူဖြစ်ခဲ့ရသောလူငယ်များကိုလဲကိုယ်ချင်းစာပါတယ်။

နောက်ထပ် Koe လို လူငယ်မျိုးထပ်မရှိရအောင် အစစအရာရာဂရုစိုက်နေကြဖို့ပြောချင်ပါတယ်။

Koe

🎉 You've finished reading ရှမ်းအိုးစည် နှင့် မန္တလေးသား (Complete ) 🎉
ရှမ်းအိုးစည် နှင့် မန္တလေးသား (Complete )Where stories live. Discover now