အချပ်ပို ( ၁ )

6.5K 487 30
                                    

လမိုက်ညပေမို့ မဟူရာရောင်နက်ဆွေးနေသော ကောင်းကင်ယံထက်တွင် လမသာသော်လည်း ကြယ်လေးများကမှိတ်တုတ်မှိတ်တုတ်ဖြင့် ဟိုတစ်စဒီတစ်စသူတို့တတ်စွမ်းသလောက်အလင်းပေးနေရှာသည်။

အခန်းမီးလင်းနေရင်မအိပ်တတ်သည့် ခွန်းကြောင့် မောင်က ညမီးအိမ်အသေးလေးကိုထွန်းပေးထားသည်။ညမီးမှိန်မှိန်အောက်မှာ Macbook တစ်လုံးဖြင့်အလုပ်ရှုပ်နေသည့် မောင့်မျက်နှာချောချောကနတ်ဘုရားတစ်ပါးနှယ်။မောင်ကလေ အရမ်းကိုအလုပ်လုပ်နိုင်သည့် လူစားမျိုး မောင့်ကိုကြည့်လိုက်ရင် ဘယ်တော့မှအားအားယားယားထိုင်နေတယ်ဆိုတာ မရှိ။အခုနောက်ပိုင်းတောင် ခွန်း ပြောလွန်းလို့သာ ညနက်တဲ့အထိ အလုပ်တွေမလုပ်တော့တာ။ခွန်းကလည်း မောင့်ကျန်းမာရေးအခြေအနေကြောင့် စိတ်ပူလို့ပြောရတာပါ အရင်တစ်ခါလိုသာ မောင်ထပ်ဖြစ်ရင် ဒီတစ်ခါ ခွန်းအရင်သေမှာ။

"မောင်"

"ဗျာ"

"မအိပ်သေးဘူးလား"

"မောင့်အမျိုးသားလေး အိပ်ချင်နေပြီလား"

"အွန်း"

ချက်ချင်းပင် သူ့လက်ထဲမှ MacBook ကိုပိတ်ပြီး ကုတင်ဘေးကစားပွဲပေါ်တင်လိုက်သည်။ကုတင်ကို ကျောမှီထိုင်နေရာမှဖယ်ပြီး ခေါင်းအုံးကိုနည်းနည်းပြင်ကာ လှဲအိပ်လိုက်သည်။ထို့နောက် ခွန်းအိပ်နေသည့်ဘက်ကို မျက်နှာမူကာ သူ့လက်မောင်းတစ်ဖက်ဆန့်ထုတ်လာပြီး ခွန်းခေါင်းအောက်သို့လက်လျှိုဝင်လာကာ သူ့ရင်ခွင်အတွင်းသို့ ခွန်းကိုဆွဲယူထည့်လေသည်။မောင်လုပ်သမျှအားလုံးကို တစ်ခုစီသေချာလိုက်ကြည့်နေမိသည်။ခွန်းအတွက်အလုံခြုံဆုံးနဲ့ အနွေးထွေးဆုံး သက်သောင့်သက်သာအရှိဆုံးဖြစ်သော မောင့်ရင်ခွင်ကို ခွန်းအရမ်းသဘောကျပါသည်။

"စေကိုး မောင့်ကိုဘာပြောစရာရှိလို့လဲ"

အိပ်မယ်ဆိုပြီး ရင်ခွင်အတွင်းမှမော့ကြည့်နေသူကြောင့် မေးတော့..

"ပြောမို့မဟုတ်ဘူး မေးမို့"

"မေးမို့ အဲ့ဒါဆိုမေးပါဗျာ"

"မောင် စေကိုးကိုပြောစရာရှိနေတယ်မလား"

"ဟမ်"

ရှမ်းအိုးစည် နှင့် မန္တလေးသား (Complete )Where stories live. Discover now