Chapter<86> တောအုပ်တွင်းမှအိမ်ဟောင်း

71 18 0
                                    

Zawgyi

အမျိုးသမီးငယ်လေးသည် ဆဌမအာရုံစေ့ဆော်မှုကြောင့် ခေါင်းကိုအပေါ်ဘက်သို့အနည်းငယ်မော့လိုက်ပြီး သွယ်လျသောလည်တံကိုဆန့်ထုတ်လိုက်ချေ ၏။ အမှန်တကယ်ပင် သူမကိုမျက်တောင်မခတ်ပဲစူးစမ်းနေသည့်လူတစ်ယောက်ရှိနေသည်။ သူမနှင့်ထိုလူတို့၏မျက်လုံးများကအချိန်အတန်ကြာသည်အထိ စုံဆည်းနေမိကြပြီး နှစ်ဦးနှစ်ဖက်စကားပြောဆိုလာခြင်းမရှိကြသေးပေ။ ငါးမိနစ်ခန့်ကြာပြီးသည့်နောက်တွင်ထိုသူက ကွေးညွတ်ထူထဲသောမျက်ခုံးလေးများကိုပင့်ကာ အပြုံးတစ်ပွင့်ဖြင့်ဆိုလာသည်။

"အိုး...! လီရှပါလား"

စံအိမ်အတွင်းပိုင်းတွင်အလုပ်သမားများက ဟိုသည်သွားလာနေပြီးသူမကိုမှတ်မိကြသူများက ခေါင်းငုံ့နှုတ်ဆက်လာကြသည်။ စံအိမ်သို့ရောက်ခါစကအလုပ်သမားလေးများကမူ သူမကိုအခါခါကြည့်သွားကြကာတီးတိုးရေရွတ်သွားကြလေ၏။ သူမအတွက်ထိုသို့အကြည့်ခံရခြင်းနှင့်အတင်းတုပ်ခံရခြင်းတို့က မျက်လုံးအတွင်းဘောင်မဝင်သောကိစ္စမျိုးများဖြစ်၍အချိန်ကုန်ခံဒေါသထွက်နေစရာမလိုအပ်ပေ။ သူမကိုယ်တိုင်လည်းကြီးကျယ်ခမ်းနားနေတတ်သည့်သူဌေးသမီးတစ်ယောက် ဟုတ်မနေသောကြောင့်လည်းဖြစ်သည်။

စံအိမ်လှေကားက ကြောင်လိမ်လှေကားအမျိုးအစားဖြစ်ပြီး အိမ်မကြီးကဲ့သို့ကြီးမားခြင်းမရှိ။ တစ်အိမ်လုံးကြမ်းခင်းကိုပါကေးများဖြင့်ခင်းကျင်းထားပြီး ပြောင်လက်ဝင်းမွတ်နေသည်။

"ညီမလေးစံအိမ်ကိုမရောက်တာကြာလို့လာခဲ့တာ"

သူမရှေ့ရှိပိုင်ချီမင်ကသူမကိုချိုသာသောအပြုံးဖြင့်တုံ့ပြန်လျက်ရှိနေပြီး နက်ရှိုင်းတည်ငြိမ်လှသောအသံဖြင့်ပြောလာသည်။

"ကောင်းတာပေါ့....အစ်ကိုနဲ့ညီမလေးနောက်ဆုံးတွေ့ဖြစ်ခဲ့တာ တစ်ပတ်တောင်ကြာပြီထင်တယ်"

လီရှသည် အနှီသူ၏မျက်လုံးအနားသို့ဝဲကျနေသည့်ဆံနွယ်စလေးကို ဘေးဘက်သို့ဖွဖွလေးသပ်တင်ပေးလိုက်သည်။ ထိုအပြုအမူမျိုးက အတော်အတန်စည်းဘောင်လွတ်နေသယောင်ရှိပြီး မလေးစားရာရောက်သည်။ တစ်ဖက်သူကဆွေမျိုးနီးစပ်အစ်ကိုဖြစ်သူနှင့် အနီးကပ်ပတ်သတ်နေသူလည်းဖြစ်နေသေးသည်။ အလုပ်သမားများမှာ မျက်မမြင်များမဟုတ်ကြပေ။ အနည်းဆုံးသုံးလေးယောက်ခန့်ထိုကိစ္စကိုမြင်သွားကြပြီးလျှင် ညနေစောင်းအချိန်၌ သတင်းတစ်မျိုးထွက်ပေါ်လာလိမ့်မည်။

The Immortal World:Starway(The Legends Of Sorrowless Capital)Where stories live. Discover now