Chapter<87> ဖြစ်ရပ်မှန်ဒဏ္ဍာရီလေး(၁)

101 16 0
                                    

Zawgyi

တဒင်္ဂအတွင်း ကမ္ဘာပျက်နေသယောင်ဆူညံနေခဲ့သည့်ပတ်ဝန်းကျင်က ငြိမ်သက်တိတ်ဆိတ်သွားပြန်သည်။ အပြင်တွင်မိုးဖွဲလေးက လေညှင်းနှင့်အတူရွာသွန်းနေကာ အေးစိမ့်သောလေတို့မှာ ကွဲနေသောပြတင်းမှန်ပေါက်မှတဆင့် တိုးဝင်လာသည်။ ပိုင်ချီမင်၏ချွေးစေးများရွှဲနေသော ကျောပြင်မှာအဆိုပါလေကြောင့် အေးစက်သွားရပြီး တဒိုင်းဒိုင်းခုန်လှုပ်နေသောရင်ဘတ်မှာ ဆိုးရွားစွာအောင့်နေ၏။

သန်မာသောလက်တစ်ဖက်က သူ၏လက်မောင်းကိုထိန်းကိုင်ပေးလာပြီး မတ်တပ်ရပ်စေသည်။ ပြီးနောက် သူ့ထံသို့ရေအပြည့်ပါသောဘူးတစ်ဘူးကမ်းပေးလာ၏။ ပိုင်ချီမင်သည်သာမန်ရေဟုသာထင်ကာ တစ်ကျိုက်တည်းမော့သောက်လိုက်မိသည်။ တစ်မျိုးတစ်ဖုံ ပြင်းဖန်သောအရသာက လျှာဖျားပေါ်သို့အလုံးအရင်းဖြင့် စိမ့်ဝင်သွားသည့်အခါ ထွေးထုတ်ပစ်ရန်ပြင်လိုက်သည်။ သို့ရာတွင် နှုတ်ခမ်းဝတွင်သာရှိ

သေးစဉ် အနှီကြမ်းတမ်းသန်မာသောလက်တစ်ဖက်က သူ့ပါးစပ်ကိုအပြည့်အဝပိတ်ဆို့ထားကာ အစောတလျင်ဆိုလာ၏။

"တာဝန်ခံပိုင်! မြိုချလိုက်ပါ...!အဲ့ဒါအရေးကြီးတဲ့ဆေးတွေပါ!"

ဆေးသောဘာသောသူမသိနေတော့။ သူ၏ပါးစပ်ထဲသို့အပြင်းစားရှာကလာရည်များ ထိုးထည့်နေသည်ဟုသာခံစားရတော့သည်။ စက္ကန့်ပိုင်းအကြာလေးတွင် အနှီသူ၏ကျွမ်းကျင်လှသောဆေးတိုက်နည်းကြောင့် ၎င်းက သူ၏သွေးကြောနှင့်အူများကိုဖြတ်သန်းကာ အစာအိမ်တွင်းသို့တန်းမတ်စွာဝင်ရောက်သွားတော့သည်။

"အစ်ကိုပိုင်! အဆင်ပြေရဲ့လား"

သူသည်တစ်ဖက်တွင် ပွဲကြည့်ပရိသတ်လုပ်နေပါသော ယုံယန်ကိုမျက်စောင်းသာထိုးလိုက်ပြီး မျက်စိတစ်မှိတ်တွင်ပေါ်လာသည့် နောက်တစ်ဖက်မှလူကိုလှမ်းကြည့်လိုက်သည်။ ထိုသူသည်တောင်တက်အဝတ်အစားဝတ်ထားပြီး ဘယ်ဘက်လက်တွင်မကြာခင်က အန္တရာယ်ကိုထိပ်တိုက်ရင်ဆိုင်လိုက်ရသည့် ပစ္စတိုလေးတစ်လက်အားကိုင်ထားသည်။ မျက်နှာမှာ ခက်ထန်သည်ဟုထင်ရသော်ငြား သူ့အားကြည့်လာသည့်မျက်လုံးများမှာ နူးညံ့ရိုကျိုးနေသည့်ပုံလည်းပေါ်သည်။ ပိုင်ချီမင်သည်မျက်ဆံအိမ်ကိုအနည်းငယ်ကျဉ်းမြောင်းလိုက်ကာ မေးခွန်းမေးလိုက်သည်။

The Immortal World:Starway(The Legends Of Sorrowless Capital)Where stories live. Discover now