Chapter<23> တစ်ချိန်ကမှတ်ဉာဏ်ဟောင်း(၂)

317 63 7
                                    

Zawgyi

ထိုသတ္တဝါ၏ဦးခေါင်းမှာငိုက်ကျသွားခဲ့သည်။ နီရဲနေသောသွေးရည်များကား ကြည်လင်နေသောရေကန်အတွင်းစီးဆင်းသွားကြပြီး နောက်ကျိသွားလေသည်။ အာ့ရှန်း၏ဒေါသများမှာများမှာမိုင်းတစ်လုံးကဲ့သို့ပေါက်ကွဲသွားပြီး ထိုလူငယ်လေးထံမှသေနတ်ကိုဆွဲလုလိုက်သည်။

"မင်းဘာလုပ်လိုက်တာလဲဆိုတာ မင်းသိရဲ့လား!"

ထိုလူငယ်သည်သူ၏လက်ထဲမှသေနတ်ကိုဆွဲလုလိုက်ပြီး သူ့အားချိန်ရွယ်လိုက်၏။ နံဘေးရှိအချို့လူများမှာ အလန့်တကြားဖြစ်သွားကာဆွဲရန်ကြိုးစားကြသည်။

"တစ်ယောက်မှငါ့အနားကိုကပ်မလာကြနဲ့!"

လူငယ်၏စကားတစ်ခွန်းနှင့်ပင် အခြားသူများမှာအလိုလိုနောက်ဆုတ်သွားကြကာ အားနာသောမျက်လုံးများဖြင့် အာ့ရှန်းကိုကြည့်နေခဲ့ကြသည်။ လူငယ်လေးကားမဲ့ပြုံးပြုံးလိုက်ပြီး နံဘေးမှကောင်လေးကိုပြောလိုက်သည်။

"အားယွင်....မင်းသွားပြီးအဲ့ကောင်ကိုယူခဲ့!"

အားယွင်ဆိုသောလူငယ်လေးခမျာ ကြောက်လွန်း၍မျက်ရည်အဝိုင်းသာဖြစ်နေခဲ့သည်။ စီနီယာစကားကိုလွန်ဆန်၍မရသောကြောင့် ချီတုံချတုံဖြင့်ကန်၏ဘေးမှပတ်ကာ ထိုမျိုးစိတ်ကိုသွားယူရတော့သည်။

အာ့ရှန်း၏ခံစားချက်များမှာမကောင်းလှတော့ပေ။သူသည် အားလင့်ကိုသာစိုးရိမ်ကြီးစွာကြည့်နေခဲ့ပြီး သတိပေးရန်ကြိုးစားခဲ့၏။ အာ့ရှန်းကား မည်သို့ကိုမှထိခိုက်စေလိုခြင်းမရှိခဲ့ပေ။ သူ၏အရှေ့တွင်စက္ကန့်ပိုင်းလေးအတွင်းဖြစ်သွားခဲ့သော သွေးအလိမ်းလိမ်းအလောင်းကောင်များကို သတိလွတ်စွာကြည့်နေခဲ့မိသည်။

ထိုသတ္တဝါကသူ့အားအန္တရာယ်ပေးခဲ့သည့် လူကိုတစ်စစီဆွဲဖြဲနေခဲ့သည်။ ကန်ပတ်လည်တွင်သွေးစက်များမှာ ပန်းချီကားကိုဆေးခြယ်သည့်အတိုင်းစွန်းထင်းနေခဲ့၏။ သူသည်ကြောက်စိတ်လွှမ်းမိုးမှုကိုခြယ်လှယ်ခံရ၍ ခြေထောက်များပင်မရွေ့လျားနိုင်တော့ပေ။

သူမှတ်မိနေသည်က ပါးပြင်တွင်အစင်းရာများကြားမှသွေးများထွက်နေခဲ့သည့်ကောင်လေးတစ်ယောက်က သူ့အားဆွဲခေါ်သွားခဲ့ခြင်းသာ။ ထိုကောင်လေးကားသူ၏လက်ကိုမလွှတ်တမ်းခေါ်ဆောင်သွားခဲ့သည်။ မည်သည့်ပုံဖြင့် စခန်းကိုပြန်ရောက်လာခဲ့မှန်းလည်းမသိတော့ပေ။

The Immortal World:Starway(The Legends Of Sorrowless Capital)Where stories live. Discover now