Chapter<8> ပူးပေါင်းလုပ်ဆောင်မှု(၂)

509 87 8
                                    

Zawgyi

အရုဏ်ဦးနေရောင်ခြည်ကတောင်တန်းများအကြားမှဖြည်းဖြည်းချင်းထွက်ပေါ်လာကာ နေ့သစ်တစ်ရက်အားအစပြု ပေးလိုက်သည်။ အေးမြသောပတ်ဝန်းကျင်က နေရာအနှံ့အားလွှမ်းခြုံ ထားလျက်။ ပိုင်ချီမင်ကကိုယ်တွင်းမှသွေးများပူနွေးလာစေရန်အနည်းငယ်လှုပ်ရှားလိုက်ပြီး ကျန်နှစ်ယောက်ကိုစောင့်ဆိုင်းနေလိုက်၏။

ခဏအကြာတွင်မုကျားလျိုနှင့်ခဲဆိုတို့နှစ်ယောက်အပေါ်မှဆင်းလာကြသည်။ နှစ်ယောက်လုံး၏မျက်လုံးအောက်များကအနည်းငယ်ညိုမည်းနေကြကာ ညကအိပ်မပျော်ခဲ့ကြပုံရသည်။ သူသည်အနည်းငယ်စိုးရိမ်နေသောကြောင့်မေးမြန်းကြည့်မိ၏။

"မင်းတို့နှစ်ယောက် ညကကောင်းကောင်းမအိပ်ရဘူးလား..."

မုကျားလျိုကသမ်းဝေလိုက်ရင်း ခဲဆိုကိုမျက်စောင်းထိုးသည်။ ခဲဆိုကသူ့အားမျက်လုံးမှေးစင်းကြည့်ကာပြုံးစိစိပြန်ဖြေသည်။

"ညကအလုပ်များပြီးညဥ့်နက်သွားတာ"

"....."

"ဒရုန်းကိုအရင်ရှာရမယ်"

မုကျားလျိုကအကြောဆန့်လိုက်ရင်း အရှေ့မှထွက်သွားနှင့်၏။ ခဲဆိုကသူ၏ပုခုံးကိုသိုင်းဖက်ရင်းတရွတ်တိုက်ဆွဲခေါ်သွားတော့သည်။

Puzzle Woods တောအုပ်ကဧရိယာကျယ်ဝန်းပြီး သစ်ပင်များကမိုးကောင်းကင်အားထွင်းဖောက်နိုင်မည်အထိမြင့်မားကြသည်။ သစ်ရွက်လေးများက စိမ်းစိုနေကာ နှင်းရည်ကြည်လေးများပင်အပေါ်ယံတွင် တင်ကျန်ကာနေရောင်နှင့်ထိတွေ့ကြလျှင်အရောင်များတလက်လက်ဖြင့်စိန်တုံးလေးများပမာလင်းလက်နေ၏။ မုကျားလျိုကရှေ့ဆုံးမှသွားနေရင်း တစ်နေရာအရောက်တွင်ပြုတ်ကျနေသော ခပ်မည်းမည်းအရာတစ်ခုကိုကောက်ယူကာအနောက်လှည့်မေးလိုက်သည်။

"ဒါမင်းညကလွှတ်လိုက်တဲ့ ဒရုန်းမဟုတ်လား"

ဒရုန်း၏ထိပ်ပိုင်းရှိလေဒလက်ကား ထက်ပိုင်းကျိုးသွားခဲ့သည်။ ခဲဆိုကဝမ်းနည်းပက်လက်လေသံဖြင့်ပြော၏။

"ဟုတ်တယ်...မနေ့ညကငါလွှတ်ထားပြီးအိပ်ပျော်သွားတာ...မနက်မိုးလင်းလို့ကြည့်လိုက်တော့ Screen ပေါ်မှာဘာမှမတွေ့တော့ဘူး"

The Immortal World:Starway(The Legends Of Sorrowless Capital)Where stories live. Discover now