အပိုင်း ၁

6.4K 265 80
                                    

Unicode
 
 
May . . .

ဒုန်း

“အားး”

ကောင်းဝသန် ခေါင်းနဲ့စားပွဲ တိုက်ကာမှ အိပ်ပျော်သွားမှန်းသိလို့ ရဲရဲတွတ် နဖူးတို့နှင့် ကိုယ့်ကိုယ်ကို ကျိန်ဆဲမိတော့သည်။

“သေစမ်း ... သေစမ်း'”

လက်လုပ်စ ဖိုင်စာရင်းချုပ်ကြီးက ဝသန့်ရဲ့ အလုပ်စားပွဲပေါ်မှာ အသံထွက် မနှုတ်ဆက်ရုံတမယ်။ ရုံးကလူတွေအကုန် ရုံးဆင်းလို့ သူတစ်ယောက်တည်းသာ ကျန်ခဲ့ခြင်းဖြစ်သည်။ အမှန်မှန် ဝသန်တို့ DC team မှာ ၃ယောက်ရှိတာ တစ်ယောက်က အတင်းကြီးအလုပ်ထွက်ပြီး နောက်လူမခေါ်ရသေးခင် ကျန်ခဲ့တဲ့အမကပါ ကလေးထမွေးတော့ သူတစ်ယောက်တည်း ဟိုမနိုင်ဒီမနိုင်တွေ ဖြစ်ကုန်ရော။ အလုပ်သာပိလာတာ ဘောနပ်စ်ကျ ရချင်မှရမှာ။

*DC - Documents controller

အလုပ်အပြီးသတ်ချိန်မှာ နာရီက ၁၁ စွန်းချင်နေပြီဖြစ်သည်။မနက် ၈နာရီ meeting အမှီ ရုံးတက်ရပါမယ်ဆို သူ့အိမ်က ရုံးနဲ့ ၂ နာရီကြာ ကားစီးရတဲ့အကွာအဝေးမို့ စိတ်ပျက်လက်ပျက်ဖြစ်မိသည်။ဒီပုံအတိုင်းဆို ၁၂ကျော် ၁ကပ်မှအိမ်ပြန်ရောက်မည်။ပြီးရင် မနက် meeting အမှီ ၅နာရီကားထစီးရမည်။

“သောက်အလုပ် ထွက်တောင်ထွက်ချင်နေပြီ ငါတို့ကောင်တွေကိုကျ အသေခိုင်းနေတာပဲ”

ကိုယ်တိုင်သူဌေး မဖြစ်သေးသရွေ့ ဖြစ်လာသမျှ ရင်စည်းခံယုံပဲ တက်နိုင်တာဆိုတော့ ဖိုင် အုပ်လိုက်ကြီး “မ” လို့ သူဌေးအခန်းရှေ့ကို ရောက်လာခဲ့တော့သည်။ တံခါးလေး တွန်းဖွင့်မလို့ရှိတုန်း ဖိုင်အုပ်ကြီးက သူ့လက်ထဲက ချော်ကျသွားတာများ ပြန့်ပြန့်ကိုကျဲလို့။ နဂိုကတည်းက စိတ်က အလုပ်ပိလို့ကြည်နေတာ မဟုတ်ပါဘူးဆိုမှ။

“သေ...သေ....သေလိုက်တော့”

ဖြစ်နိုင်ရင် ခြေထောက်နဲ့ပိတ်ကန်တာတို့
ဘာတို့ လုပ်ချင်ပေမယ့် မလုပ်သင့်ဘူးဆိုတာ ဦးနှောက်ကအသိပေးနေတော့ ဘောက်ဆတ်ဆတ်နဲ့ပဲ ဒူးကွေးထိုင်လို့ ပြန်ကောက်လိုက်ရတော့သည်။

“ဝိုး...ကိုဝသန်က အဲ့လို ကျိန်ဆဲတက်မှန်း မသိခဲ့ဘူး”

နောက်ကအသံကြောင့် ဘယ်သူမှမရှိဘူး ထင်ထားတဲ့ ဝသန် ဖင်ထိုင်လျှက်လဲတာ နှလုံးရောဂါပါ ရတော့မလို့ရယ်။

My office romance (Complete)Where stories live. Discover now