အပိုင်း ၃

1.9K 198 22
                                    

Unicode
 
 

June . . .

နောက်ပိုင်း သူ ဝသန့်အိမ်ကို တပတ် ၂ခေါက်လောက်တော့ သွားအိပ်ဖြစ်သည်။ ဝသန့်လက်ရာလေး စားချင်တာရယ် ညဖက် အထီးမကျန်ပဲ စကားလေးပြောရင်း အိပ်ရတာရယ်ကို သဘောကျလာမိသည်။ တခြားသဘောမပါပေမယ့်လို့ coffee ဘူး အလိုလိုဝယ်ပေးမိတာတို့ နေ့လည်စာတူတူစားဖို့ စောင့်မိတာတို့တော့ လုပ်ဖြစ်နေသည်။

ဒေါက် ဒေါက်

အခန်းတံခါး ခေါက်သံကြောင့် အပေါက်ကို တချက်လှမ်းကြည့်ရင်း ခုံလှည့်ထိုင်ကာဖြင့်

“ဝင်ခဲ့”

တံခါးတွန်းဖွင့်ဝင်လာသူက ဝသန်မို့ ထိုင်ရာက ထမိမတက်နဲ့ ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်ရသည်။

“ကိုဝသန် လာ”

ရှေ့စားပွဲပေါ်ဖိုင်စာရင်း လာတင်ပေးတော့ ချက်ချင်းပင် လှန်စစ်လိုက်ပြီး လက်မှတ်ကောက်ထိုး ပေးလိုက်သည်။ အမှန်က ဝသန်နဲ့ သူ့ရာထူးကြားမှာ မန်နေဂျာတစ်ယောက်ရှိပေမယ့်လို့ ငွေစာရင်းကို ဝသန်ပဲ လာပို့ရမည်ဟု အမိန့်ရှိထား၍ဖြစ်သည်။

“ထမင်း သွားစားတော့မလား”

“ဟုတ်ကဲ့ ညနေ Meeting ပြီးရင် Party လုပ်ပေးမလို့ဆို”

“ဟုတ်တယ် ကိုဝသန်လည်း လိုက်မယ်မလား”

“ဟုတ်ကဲ့ မလိုက်စရာအကြောင်းမရှိဘူး ဟီး ဟီး”

သွားတက်နှစ်ဖက်လုံးပေါ်အောင် ဝသန် ပြုံးလေတိုင်း သူဘာရယ်မသိ ငေးငေးမိသည်။ ဝသန်ကလည်း တကယ့်ကို cute type ပေကိုး။

“okay  ဒါဆို ကျွန်တော်နဲ့လိုက်ခဲ့လေ”

“ဟုတ်ကဲ့ ဒါဆို နေ့လည်စာ”

“ဟုတ်ကဲ့ သွားကြတာပေါ့”

*****************************

ရုံးကန်တင်းကိုဆင်းခဲ့လိုက်တော့ ဝန်ထမ်းလေးတွေက  ခေါင်းငုံ့နှုတ်ဆက်သွားကြပြီး တီးတိုးစကားဆိုကြသည်။ တစ်ခြားကိစ္စတော့ မဟုတ်။ သူနဲ့နေပိုင် date နေတယ်ဆိုတဲ့ သတင်းအမှားသာ။ ကြားကြားချင်း သူရယ်မိတာ အူလှိုက်သည်းလှိုက်။ သို့ပေမယ့် နေပိုင်ကတော့ ထိုသည်ကို သဘောမတွေ့သည့်ပုံ ဖြစ်နေ၍ အမှန်မဟုတ်လို့ ကိစ္စမရှိကြောင်း ပြောခဲ့ရသေးသည်။
ထိုနောက်ပိုင်းတွင်တော့ နေပိုင်လည်း သူ့နည်းတူ ဂရုမထားတော့ပေ။

My office romance (Complete)Where stories live. Discover now