အပိုင်း ၄

1.7K 193 6
                                    

Unicode
 
 

July . . .

July မိုးက ကျောစိမ့်အေးအောင်ပင် ရွာသွန်းဖြိုးနေ၏။ Company ထဲတွင်မို့ မသိသာပေမယ့် ဒီ rate အတိုင်းဆို အပြန်လမ်းတွင်တော့ ဒုက္ခများဖွယ် ရှိနေပေပြီ။
အချိန်မှာ ထမင်းစားချိန်ကုန်၍ ၁ စွန်းစွန်းပင် ဖြစ်သည်။ မိုးအေး၍လားတော့မသိ အိပ်ချင်စိတ်က အနည်းငယ် ကိန်းအောင်းလျှက်ပင်။ ထို့ကြောင့် Elevator စောင့်ရင်း ဝသန်မျက်စိကို ပိတ်မသွားရလေအောင် ကြိုးစားနေရသည်။

ထိုစဉ် လူတစ်ယောက် အနားလာရပ်လို့ သတိထားကြည့်မိလိုက်သည်။ အရပ်က ရှည်သော်လည်း ဗလသိပ်မရှိပဲ  ပိန်ပိန်လျလျပင်။ အပေါ်နှုတ်ခမ်းပါးပြီး အောက်နှုတ်ခမ်းပဲ ရှိနေတဲ့အဲ့လူက နှာတံစင်းစင်းနှင့်။
မျက်ရစ်မပေါ်သည့် စွေစောင်းစောင်း အကြည့်တချက်က သူ့ဆီပစ်ဝင်လာ၍ အကြည့်လွှဲလိုက်ရသေးသည်။
စပ်စုစရာပေါ်လာတော့ အိပ်ချင်စိတ်က ဘယ်ကြားညှပ်သွားမှန်းပင် မသိလိုက်တော့။
ထို့နောက် တည့်တည့်ကြည့်၍မရတော့ မျက်ထောင့်လေးကပဲ စပ်စုလိုက်တော့သည်။

အဲ့လူရဲ့ ရှေ့ဆံပင်ရှည်က ဘေးစောင်းခွဲထားပြီး သပ်တင်ထားသည်မို့ နှဖူးကျယ်ကျယ်ကိုလည်း အထင်သား မြင်ရလေသည်။
နားရွက်ကားကားလေးက နီရဲနေပြီး လည်တိုင်ရှည်ပေါ် ဇလုတ်ကြီးကြီးက ဘေးကနေ စွေကြည့်တောင် မြင်နေရသည်။
ပျော့ရွဲရွဲ shirt ကိုပုံကျနေတဲ့ ချောင်ချိချိ ဘောင်းဘီနှင့် တွဲဝတ်ထားသည့် သူက addidas စီးထားလျှက်။
သူ့လို စွတ်စွတ်ဖြူနေတဲ့အသားပေါ် ကျို့တို့ကျဲတဲ ပေါက်နေသည့် အမွှေးအမျှင်တွေကလည်း ထင်းခနဲ။

ဈေးကြီးဟန်ရှိသည့် နာရီခပ်ရှင်းရှင်းလေး ဝတ်ထားပြီး တစ်စုံတစ်ယောက်က သူ့အတွက် သီးသန့် ထိုးပေးထားဟန်ရှိသည့် sweater အရောင်စပ်ကို မြတ်မြတ်နိုးနိုး ဝတ်ဆင်လို့ ထားသေးသည်။ ပျော့ပျော့ရွဲရွဲ ထိုလူရဲ့ပုံစံက အတော်အတန်လည်း အလိုလိုက် ခံထားရဟန် ရှိလေသည်။

ဒီလူဘယ်ဌာနကိုလာတာပါလိမ့်။ တခါမှလည်း မမြင်ဖူးထားဘူးမဟုတ်လား။

“Hey ဘာကြည့်နေတာလဲ ကျွန်တော့်လို မော်ဒယ်တစ်ယောက်ကို မမြင်ဖူးဘူးလား”

My office romance (Complete)Where stories live. Discover now