အပိုင်း ၅

1.6K 180 7
                                    

Unicode
 
 

ဝဏ္ဏလိုက်ပို့ပေးတာမို့ ကားပေါ်တက်ခဲ့ပေမယ့် နေပိုင်မပါတော့ ကားထဲ တစ်ခုခုလိုနေသလိုကြီးပင်။

“ကိုဝသန်”

ဝဏ္ဏ၏ ခေါ်သံကိုပင်မကြား။ ကားအပြင်ဖက်ကို ကြည့်၍သာ တွေးငေးနေမိသည်။

“ကိုဝသန်”

“ဗျ”

“ဘာတွေတွေးနေတာလဲဗျ။ ကျွန်တော် ခေါ်နေတာတောင် မကြားဘူး”

“ဟဲဟဲ တောင်းပန်ပါတယ်ဗျာ။ အပြင်ဖက် ရှုခင်းလေးက လှလို့ပါ”

“haha မသိပါဘူး သူဌေးကိုများ လွမ်းနေတာလားလို့”

“ha ha ha”

တမင်နောက်မှန်းသိပေမယ့် ရင်ဘတ်ကြီး ပေါက်ထွက်တော့မယ့်အတိုင်း ဖြစ်နေရတာ ဘာကြောင့်များလဲ။

“မေးနေတာ ကိုဝသန်က သူဌေးနဲ့တွဲနေတာ ဘယ်လောက်ကြာပြီလဲ”

“ဗျာ”

ဝသန်တစ်ယောက် မျက်လုံးပြုး မျက်ဆံပြုးနဲ့။ ဝဏ္ဏကတော့ smirk တစ်ခုနဲ့။

“မပြောပြချင်လို့လား”

“မဟုတ်ပါဘူး ကျွန်တော်တို့က မတွဲပါဘူးဗျ။ ကိုဝဏ္ဏ အထင်မှားနေတာ”

ဝသန် ပြန်ဖြေရှင်းသည်။ သို့ပေမယ့် ဝဏ္ဏ ကတော့မယုံ။ သူတွေးမိတာက တွဲမနေရင် အိမ်ခေါ်တဲ့အဆင့်ထိ ဖြစ်ပါ့မလားပေါ့လေ။

“ဘယ်....ညာမနေပါနဲ့ဗျာ။ ကျွန်တော် အကုန်သိပါတယ်”

“မဟုတ်ပါဘူးဗျာ”

“ကိုဝသန့်ကို သူဌေးက အတော်ချစ်ပုံရတယ်နော်။ အိမ်ခေါ်လာတယ်ဆိုတော့လေ။ ကျွန်တော် သိရသလောက်တော့။ သူဌေးက သူကောင်လေးတွေကို အိမ်ခေါ်လေ့ မရှိဘူးဗျ”

ဝဏ္ဏက ရယ်ရယ်မောမော ပြောပေမယ့် ဝသန့်စိတ်ထဲ အတွေးတချို့ဖြတ်သန်းသွားသည်။ နေပိုင်က သူ့ကောင်လေး တွေကို ခေါ်လာလေ့မရှိဘူးတဲ့လား။
ဒီအဓိပ္ပါယ်က....။
ဒါနဲ့ဘာလို့များ သူ့ကို မပြောခဲ့တာလဲ။ နေရခက်မှာစိုးလို့လား။ မဟုတ်ရင် သူ့ကို မယုံလို့များလား။

“ကိုဝသန် ~ ဒီလမ်းလား”

စိတ်တင်းကြပ်လာသလို ခံစားချက်ကြီးနဲ့ ဝဏ္ဏရဲ့အခေါ်ကို မကြားမိပြန်တော့။

My office romance (Complete)Where stories live. Discover now