အပိုင်း ၉

1.5K 169 29
                                    

Unicode
 
“Ugh! ကိုဝသန် ....”

သံရှည်ဆွဲကာ သူ့အား ခေါ်လေသူ နေပိုင်ကြောင့် ဝသန် လန့်လန့်ဖျပ်ဖျပ်နဲ့ပဲ

“ဗျ ... ဗျ”

“ဟမ်!”

ဝသန်ပြန်ထူးတော့ နေပိုင်က တအံ့တသြနဲ့ စားပွဲပေါ် မှောက်အိပ်နေရာမှ ထလာသည်။

“ဘာကြီးလဲ boss”

File လေးပိုက်ရင်း အနားတိုးကပ်သွားလိုက်တော့ နေပိုင့်ရုပ်က ဂဏာမငြိမ်သလိုနှင့်။

“ဘာ .. ဘာမှ မဟုတ်ပါဘူး”

“သြော်~”

ဝသန်လည်း စိတ်ထဲထူးဆန်းနေလို့ နေပိုင့်ကို စိုက်ကြည့်နေလိုက်တော့ နေပိုင်က သူ့လက်ထဲမှ file အား လက်ညိုးထိုးကာဖြင့်

“ငွေရှင်းစာရင်းလား”

“ဟုတ်ကဲ့”

“ဒီကိုပေးလေ”

သူလည်း နေပိုင့်ရှေ့ file ကို အသာဖွင့်ကာ ချပေးလိုက်တော့ လှန်လှော်ကာ စာရင်းကိုစစ်သည်။ ထို့နောက် လက်မှတ်ထိုးကာ သူ့ကို ပြန်ပေးလေသည်။
သူ့ကို ဒီအတိုင်းထွက်သွားဖို့ မျှော်လင့်နေသလိုနဲ့ ရယ်ပြနေလိုက်တာ။ ရမလား။ မနက်ကတင် သူ့အကြည့်ကို ရှောင်သွားတာ။ ဘာညာ မဖြေရှင်းပဲ လွှတ်ပေးလိုက်မယ်ဆို သူဟာ ဝသန် မဟုတ်တော့ဘူး။

“ကိစ္စရှိသေးလို့လား”

“ဟီး”

သွားတွေပေါ်အောင် ဝသန် ဖြဲပြလိုက်သည်။ ထို့နောက် လက်ထဲက file ကို ဘမ်းခနဲ ရိုက်ချပစ်လိုက်တော့ နေပိုင် တုန်တက်သွားချက်။
မသိရင် ဝသန်ကပဲ သူ့ကိုက်စားတော့မည့်ပုံ။

“ဘာ ဘာလဲ ကိုဝသန်”

နေပိုင်ဟာလည်း မထင်ရ။ ကြောက်တက်လိုက်တာ အသံတွေပါတုန်လို့။

“မနက်က ဘာကိစ္စ ရှောင်သွားတာလဲ”

“ကျွန်တော် ဘယ်မှာရှောင်လို့လဲ”

ပြောရင်း နေပိုင်က အကြည့်လွှဲသွားပြန်သည်။

တွေ့လား။ မရှောင်ပါဘူးဆိုပြီး ဗြောင်လိမ် ဗြောင်စား။

“တည့်တည့်ကြည့်!”

“ဗျာ”

“အကြည့်မလွှဲနဲ့ ကျွန်တော့်ကို တည့်တည့်ကြည့်လို့”

My office romance (Complete)Where stories live. Discover now