Unicode
ဒီနေ့က ရုံးပိတ်သည်။ သို့ပေမယ့် မနက်ပိုင်း ဆင်းသည့် လူများလည်း ရှိသည်။ ဝသန် ပေါ့ပေါ့ပါးပါး ကြယ်သီးတပ် အကျႌနဲ့ ဘောင်းဘီတိုကိုပဲ ဝတ်ဆင်ခဲ့မိပြီးမှ နာမည်ကြီး တစ်ယောက်နဲ့ သွားတွေ့တာ အရမ်း ဖြစ်ကတက်ဆန်း လုပ်လွန်းရာ ကျသလားလို့ပင် တစ်စက္ကန့်လောက် တွေးမိလိုက်သေးသည်။
ဘာဖြစ်လဲ။ ကိုယ့်ဖက်ရှင် သူ့ဖက်ရှင် တူတာမှ မဟုတ်။ ပြီးတော့ သူဘယ်လို ထင်ထင်ပေါ့။
အပေါ်ထပ်ကို ဦးတည်တက်လာခဲ့သည့် ဝသန် ခံစားချက်တို့ မကောင်းမိ။ Vif က ပက်သတ်လို့ ကောင်းတဲ့လူ မဟုတ်ဘူးလို့ သူထင်နေမိသည်။
ခေါင်မိုးထပ်ကိုရောက်တာနဲ့ မှန်ကာထားသည့်လက်ရမ်းကို ဖိထောက်ကာ ကောင်းကင်ကြီးကို မော့ကြည့်နေသည့် vif။
ကျောပြင်ကျယ်ကြီးနဲ့ ခေါက်တင်ထားသည့် လက်တဖက်ရယ် တစ်ခြားတစ်ဖက်ကိုတော့ လက်ချောင်းတွေပင်မပေါ်အောင် ချထားသည့် အတိုအရှည်စတိုင်က ဝသန့်စိတ်ထဲ ကြည့်ကောင်းမနေပဲ အမြဲဖရိုဖရဲ။“William Vif”
ခပ်တိုးတိုးခေါ်ရုံနှင့် လှည့်ကြည့်လာသည့် Vif ဝသန့်ကိုမြင်တော့ သာမာန်ထက် ပိုပြုံးလို့။
“ရောက်လာပြီပဲ”
ဝသန် Vif နဲ့ ခပ်လှမ်းလှမ်းမှာပဲ ရပ်နေလိုက်တော့ Vif က တချက်ရယ်ပြီး သူ့ရှေ့လာရပ်သည်။
“ကျွန်တော်နဲ့ ထမင်းတူတူစားဖို့ ready ပဲလား”
“ဗျာ!”
“ဟက်ဟက် အဲ့လောက်ကြီး ရှော့ရသွားစရာလား ဘာလဲ ကျွန်တော့်လို လူက invite မယ် မထင်လို့လား”
Vif ဘာလို့ အဲ့လိုတွေလုပ်နေလဲ ဝသန် မတွေးတက်။ နေပိုင့်ရဲ့ညီလေးမို့ ဆိုးဝါးတဲ့ ဆက်ဆံရေးမျိုးကြီးလည်း သူမလိုချင်။
“ကျွန်တော့် ပိုက်ဆံအိတ်လေး”
မချိ့ပြုံးလေးဆင်လို့ လှမ်းတောင်းလိုက်မိတော့ Vif က သူ့အိတ်ကပ်ထဲမှ ပိုက်ဆံအိတ်လေးကို ထုတ်ပေးသည်။ ဝသန် လှမ်းယူလိုက်တုန်းမှာပဲ Vif က ပြန်ရုတ်သွားပြီး အိတ်ကို ဝဲပစ်လိုက်သည်မှာ လေဟုန်စီးကာ တိုက်အောက်ကျသွား၏။
YOU ARE READING
My office romance (Complete)
Romanceရိုးရိုးရှင်းရှင်း ဇာတ်လမ်းတိုတိုလေး September 1,2021