Unicode
ရုံးဆင်းခါနီးတော့ ဝသန် နေပိုင့်အခန်းဆီ ထွက်ခဲ့လိုက်သည်။ဝတ်လွှာက သူ့ကို မြင်တော့ “ဝင်သွား Boss စောင့်နေတယ်တဲ့”။
အခန်းထဲရောက်တော့ နေပိုင်က မှန်ရှေ့က မြင်ကွင်းကို ကြည့်ရင်း မတ်တပ်လေးရပ်လို့။“Boss”
“အော ကိုဝသန်”
အပြေးကလေး သူ့ရှေ့ရောက်လာသည်။ ဝသန် စကားတို့ကို အားယူကာဖြင့်
“အရင်နေ့ကအဖြေကို ကျွန်တော်ပေးမယ် နေဦး အရင်အပတ်ကလို့ ပြောရမလား”
“နေဦး နေဦး ကိုဝသန် ဟူးးး”
အတင်းကာရော လက်တွေပြကာ သူ့အပြောကို တားပြီး စားပွဲပေါ်လက်သွားထောက်ကာ လေပူတွေမှုတ်ထုတ်လို့။
“ခဏလေး ကျွန်တော် စိတ်ကို ပြင်ဆင်ရဦးမယ်”
ရှေ့တည့်တည့်မှာ ကမ္ဘာပျက်နေသည့် နေပိုင့်ကို ကြည့်ရင်း အဖြေပေးဖို့ အားတင်းနေရသည့် ဝသန်ပင် ရယ်ချင်လာမိသည်။
“နေပိုင်~”
ပထမဦးဆုံးအကြိမ်အဖြစ် သူ နေပိုင့်ကို ကုမ္ပဏီမှာ နာမည်ခေါ်လိုက်ခြင်း။ ထိုသည်ကလည်း အလုပ်ဖြစ်စွာ စိတ်လှုပ်ရှားလွန်းနေသည့် နေပိုင့်ကို တနည်းတဖုံ ရပ်တန့်စေလိုက်သည်။
“ကိုဝသန် ကျွန်တော်လေ ကျွန်တော် ..”
နှုတ်ခမ်းသားတို့ကို ဖိကပ်လိုက်သည့် ဝသန့်လက်ညိုးကြောင့် အံ့သြမှုတို့နှင့် နေပိုင် အသံတိတ်သွားသည်။
“တွေးကြည့်နေတာ မင်းက သိပ် ရှက်တတ်လွန်းနေတော့ နမ်းများနမ်းရင် ဘယ်လိုနေမလဲလို့”
ထို့နောက် သူကပဲ ဦးဆောင်ကာ နေပိုင့် နှုတ်ခမ်းတို့အား တိုးကပ်နမ်းရှိုက်မိတော့သည်။
အစပိုင်းမှာ အနမ်းတစ်ခုကို သူ အစပျိုးပေမယ့် နောက်ပိုင်းမှာ နေပိုင်က အနမ်းတို့ကို ချယ်လှယ်လာသည်။ နွေးထွေးမှုပေးတဲ့ လက်တစ်စုံက သူ့ခါးကိုတင်းတင်းဖက်လို့ ကိုယ်တိမ်းညွှန်လာသည်မှာ သူ့လက်တွေ စားပွဲကိုနောက်ပြန်ထောက်ထားမိသည်အထိ။
အနမ်းရှည်တစ်ခုရဲ့အဆုံးသတ်မှာ မောဟိုက်မှုတို့နှင့် ရီဝေဝေခံစားချက်တို့က နှလုံးသားတစ်စုံကို ပေါက်ထွက်လုနီးနီး စွမ်းဆောင်လို့နေသည်။
YOU ARE READING
My office romance (Complete)
Romanceရိုးရိုးရှင်းရှင်း ဇာတ်လမ်းတိုတိုလေး September 1,2021