အပိုင်း ၇

1.5K 174 23
                                    

Unicode

Parking အပ်ပြီးနောက် ကားထဲမှ နေပိုင် အရင်ဆင်းကာ ဝသန်နဲ့ ဇွဲလေးကို ထီးဆောင်းပေးလို့ လမ်းထဲလျှောက်ဝင်ခဲ့သည်။ နေပိုင့်ထီးက ကြီးပေမယ့် ၃ယောက် မိုးလုံဖို့ ပူးကပ်နေရသည်။ နေပိုင်က ထီးဆောင်း အိတ်သယ် ဝသန်က ကလေးချီနှင့် တကယ့် မိသားစုလေး အတိုင်းပင်။

“ဘာတွေပြုံးနေလဲ ဦးဦး”

“ဗျ...မပြုံးပါဘူး”

နေပိုင် ပြုံးဖြီးဖြီးကြီးဖြစ်နေတာ ကလေး သူ့ကို ကြည့်နေမှန်း သတိမထားမိသည်အထိ ဖြစ်သွားခဲ့သည်။ ထိုစကားကြောင့် ဝသန်ပင် နေပိုင့်ကို လှည့်ကြည့်ယူသည်အထိ။ အတွင်းစိတ်ကိုကွယ်ကာ အပြုံးမျက်နှာဆောင်လိုက်တော့ ဝသန်အကြည့်ပြန်လွှဲသွားသည်။
ဝသန်တို့ တိုက်ခန်းရှေ့ရောက်တော့ အထဲဝင်ရန် ပြင်လိုက်စဉ် ဇွဲလေးက မျက်စောင်းထိုးလမ်းမှ အသစ်ဖွင့်ထားသည့် ရေခဲမုန့်ဆိုင် သေးသေးလေးကို လှမ်းမြင်လိုက်ရသည်။

“ဝသန် ဝသန် ဟိုးက ဆိုင်က ဘာရောင်းလဲ”

“ရေခဲမုန့် မြင်သားနဲ့ မင်း တမင် ဝယ်ကျွေးအောင် မေးတာမလား မစားရဘူးမှတ်”

“ဝသန် အကျင့်မကောင်းဘူး”

“ကျစ် မင်း ချောင်းဆိုးမှာစိုးလို့”

“နည်းနည်းစားရင် ဘာမှမဖြစ်ပါဘူးဆို”

“ဖြစ်တယ်ကွာ မင်းချွဲကပ်ရင် မင်းအမေက ငါ့အော်မှာ”

“ချွဲမကပ်အောင် စားမယ်လေ လုပ်ပါဂျာ”

ဇွဲလေးက ကျန်စကားပီပေမယ့် ဗျာ ကျမှ မပီတော့။ ဝသန့်ကို မျက်နှာချိုသွေးနေပုံလေးက တကယ်ချစ်စရာလေး။ ဝသန်ကလည်း တကယ့်ကို မလွယ်ကြော။ ကလေးကိုပင်  လုံးဝ အလျော့မပေး။

“အီး...ရေခဲမုန့်စားမှာ အီးးး”

“မငိုနဲ့ ဟေ့ကောင် တိတ်လို့”

ကလေးက ထငိုပြီမို့ နေပိုင် သူပဲ ကြားကနေ ဖျန်ဖြေလိုက်ရသည်။

“လာ လာ ဦးဦးဆီလာ ငါတို့ဇွဲလေးက ရေခဲမုန့်စားချင်နေတာလား ဦးဦး ဝယ်ကျွေးမယ်နော်”

“ဟာ မစားရပါဘူးဆို”

“အီး...ဟီး”

“လုပ်ပါဗျာ ကိုဝသန်ရယ် တခွက်တည်းလေဗျာ”

My office romance (Complete)Όπου ζουν οι ιστορίες. Ανακάλυψε τώρα