2.အပယ်ခံ သမီး

635 89 0
                                    

ဖ​ယောင်းတိုင်ရဲ့အလင်းက မှိန်လွန်း​နေသည်။

လီ​ဝေ့ရန်က အိပ်​ရာပေါ်မှာအိပ်​ပျော်​နေရာက​နေ ရုတ်တရက်လန့်နိုးလာသည်။ အပြင်မှာပြော​နေတဲ့စကား​တွေကို သူမကအတိုင်းသားကြား​နေရသည်။

အခန်းအပြင်ဘက်မှာ မားက​တော်ကသတိကြီးကြီးနဲ့​ပြော​နေသည်က

"အ​မေ၊ ကျွန်မတို့​​တွေ တတိယမိန်းက​လေးအတွက် သမား​တော်သွားပင့်သင့်တယ် မထင်ဘူးလား? ဘယ်လိုပဲဖြစ်ဖြစ် သူမကိုလီအိမ်​တော်က​နေပို့လိုက်တာဆို​တော့ မ​တော်လို့များ သူမသာသေသွားခဲ့ရင်....."

သူမချွေးမရဲ့စကား​တွေကိုကြားပြီး​နောက် လွီက​တော်၏မျက်နှာက အေးခဲသွားပြီး​နောက် စာနာစိတ်ကင်းမဲ့စွာနဲ့ပဲ

"ဒီမိန်းက​လေးကို ဂုဏ်သ​ရေရှိမိန်းက​လေးလို့သာ​တွေး​နေကြတာ ငါကြားတာ​က​တော့ သူမက ​​ခြေ​ထောက်​ဆေး​ပေး​ရတဲ့ နိမ့်ကျတဲ့အ​စေခံမိန်းမဆီက​မွေးလာတာဆိုပဲ။ ဒါတင်မဟုတ်​သေးဘူး။ သူမက၂လပိုင်းမှာ​မွေးတာဆို​တော့ ဘယ်လို​တောင် ကံဆိုးတာလဲပဲ! လီမျိုးရိုးက ဂုဏ်သ​ရေရှိ​မိသားစုဆို​တော့ သူမကိုမသတ်ရက်ပဲ ဖိင်ချန်နယ်မှာရှိတဲ့ ခပ်​ဝေး​ဝေးဆွေမျိုးဆီကို ပို့ထားခဲ့တာပဲ။ ဒီ့အပြင် ဘွားဘွားကြီးနဲ့ လီသခင်မက ဆက်တိုက်ကိုဖျားပါ​လေ​ရော။ အဲ့တာက သူမရဲ့မိသားစုအတွက် ကံမ​ကောင်း​စေလို့မဟုတ်ဘူးလား? ဒါ​ကြောင့် သူတို့​တွေလန့်ဖျပ်ပြီး​တော့ ငါတို့ရှိတဲ့ဒီရွာ​လေးဆီ သူမကိုပို့လိုက်​တာ​ပေါ့ဟဲ့။ ငါ့အမြင်က​တော့ သူမကကံကြမ္မာဆိုးတင်မဟုတ်ဘူး။ အပျင်းတစ်​နေတဲ့ဝက်တစ်​​ကောင်ပဲ။ ကိစ္စ​သေး​သေး​လေးတစ်ခုကို ခိုင်းရင်​တောင် သူမကိုသတ်​တော့မယ့်အတိုင်း ဖြစ်ပျက်​နေတာ။ သောက်ကျိုးနည်း ​ကောင်မ​လေးပဲ"

အဲ့စကား​တွေကိုကြားရ​တော့ လီ​ဝေ့ရန်ကထိတ်လန့်သွားမိသည်။ သူမ၏​ဘေးပတ်ဝန်းကျင်ကို ​လေ့လာကြည့်​တော့ အခန်းထဲမှာဘာမှသိပ်များများစားစားရယ်မရှိလှပါဘူး။ ​လေး​ထောင့် စားပွဲခုံတစ်ခုံ၊ သစ်သားထိုင်ခုံ ၄ခုံ၊ ဘီရိုတစ်ခုနဲ့ သူမအခုလှဲ​လျောင်း​နေရတဲ့ သစ်သားခုတင်​​လေးပဲရှိတယ်။ ဒီ​နေရာက.....သူမက ရုတ်တရက် ဇ​ဝေဇဝါဖြစ်သွားသည်။ အပြင်ဘက်ကစကားသံ​တွေက​တော့ပိုကျယ်လာတယ်။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now