133.2.အဆင်မပြတ်​​ထောင်​ချောက်များ

97 19 1
                                    

လီ​ဝေ့ရန်က လှောင်ပြုံးပြုံးလျက်

“အထိန်းတော်ရုန် သတ္တမကိုယ်လုပ်​တော်ကရိုးသားတဲ့သူတစ်​ယောက်ပါ။ သူမကိုပါ သံသယရှိနေတာလား? ဒါမှမဟုတ် ကျွန်မရဲ့ စတုတ္ထ​မောင်​လေးမှာပါ ကတိုးနံ့သာရှိနေနိုင်တယ်လို့ အလွယ်ပြောလိုက်တာလား?”

အထိန်း​တော်ရုန်က လှောင်ပြုံးပြုံးကာ စိုးရိမ်ဟန်ဆောင်၍

"တတိယသခင်မ​​လေး၊ ဒီအ​စေခံက ရိုးရိုးသားသားပြောရတာပါ။ သခင်မ​လေး အရမ်းဒေါသထွက်ဖို့ လိုလို့လား?"

လီဝေ့ရန်၏နှုတ်ခမ်းများသည် အနည်းငယ် ကွေးညွှတ်သွားကာ သူမ၏အပြုံးသည် ​ရေခဲပြင်ကိုဝါးမျို​နေ​သော မီးတောက်များကဲ့သို့ ဖြစ်လာပြီး

"အိုး၊ မင်းက ရိုးရိုးသားသားပြောတာတဲ့လား? ဒါဆို မင်းက ဘာလို့ညစ်ပတ်နေတဲ့ရေနဲ့ သတ္တမကိုယ်လုပ်​တော်ကို လောင်းချင်နေရတာလဲ?”

"သူမကို ဒီနေရာဆီခေါ်လိုက်တာနဲ့ ညစ်ပေတဲ့​ရေနဲ့လောင်းလား မ​လောင်းဘူးလားဆိုတာ ရှင်းသွားလိမ့်မယ်" ဟု လီ​ရှောင်ရန်သည် ​အေးစက်စွာ​ပြော၍ လက်​​ဝှေ့ယမ်းကာ သတ္တမကိုယ်လုပ်​တော်ကို ဆင့်ခေါ်​စေလိုက်သည်။

လီဝေ့ရန်၏နှုတ်ခမ်းများသည် လုံးဝအေးစက်လေးနက်သောအပြုံးတစ်ခုအဖြစ် ​ပြောင်းလဲသွားကာ အခြားသူများအားတုန်လှုပ်သွားစေရသည်။ သူမသည် သူမပြိုင်ဘက်၏တစ်ခုတည်းသော ပစ်မှတ်မဟုတ်ကြောင်း သူမကောင်းကောင်းသိတာ​ပေါ့။ မဝေးလှသော အိပ်ယာပေါ်တွင် အားနည်း၍လဲလျောင်းနေသော တရားဝင်မိခင်ဖြစ်သူ​ကျောင်းယွိလန်ကို ကြည့်ရင်း လီ​​​ဝေ့ရန်က ရယ်မောလိုက်မိသည်။ ကျောင်းယွိလန်၊ ရှင်က တော်တော် အတင့်ရဲနေတယ်​ပေါ့​လေ! ငါ့ကို စွပ်စွဲရုံမကဘဲ သတ္တမကိုယ်လုပ်​တော်ကိုပါ ဆွဲထည့်​လိုက်သေးတယ်။ ကောင်းပြီ၊ သိပ်ကို ကောင်းပြီ​လေ၊ ရှိစေ​တော့!

"သခင်မကြီး၊ သခင်ကြီး”

ထန်ရှီက နှုတ်ဆက်လိုက်ပေမယ့် ဘယ်သူမှ ဘာမှပြန်မပြောတဲ့အတွက် သူမက ဘေးထွက်ပြီးသာ ရပ်လိုက်တယ်။ အထိန်း​တော်လျူသည် ထိုနေရာတွင်ဒူးထောက်​နေပြီး လီ​ဝေ့ရန်က အေးစက်သော အမူအရာဖြစ်​နေသည်။ သတ္တမကိုယ်လုပ်​တော်က အနည်းငယ်ထူးဆန်းတယ်လို့ ခံစားမိပေမယ့် သိပ်ပြီးတော့မတွေးမိဘူး။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now