86.1.အမြဲလိုလိုသတိရှိ

359 83 7
                                    

ပထမသခင်မက အေးစက်စွာရယ်မောလိုက်ရင်း

"ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာကိုသာ ငါသိခဲ့ရင်မင်းကိုဒီလိုလှည့်ကွက်တွေကစားခွင့်ပေးမယ့်အစား အစကတည်းက သခင်ကြီးကမင်းကိုရေနစ်သတ်ခိုင်းတာကိုလုပ်ခိုင်းလိုက်ရမှာ!"

သခင်မကြီး၏တုန့်ပြန်ချက်သည် ပို၍မ​နွေးထွေးနိုင်​တော့ပေ။ 

"မင်းမှာ တခြားသူတွေကို ဝေဖန်ဖို့ အချိန်ရပေမယ့် ကိုယ့်သမီးနဲ့သားကို သင်ပေးဖို့မေ့​လျော့နေတာပဲ။ တစ်ယောက်က သူ့ဖခင်ရဲ့ဟင်းချိုထဲကို အဆိပ်ထည့်နိုင်ပြီး နောက်တစ်ယောက်ကတော့ သူ့ကိုယ်တိုင်ဖခင်ဖြစ်သူကို အန္တရာယ်ပြုဖို့သတ္တိရှိ​နေတယ်။ သူတို့​တွေက ဒီအပြစ်​တွေအတွက်အဆတစ်ထောင်​တောင်သေသင့်တယ်"

ပထမသခင်မသည် သူမ၏သွားများကို အံကြိတ်ကာ သူမ၏ဆုံးဖြတ်ချက်ကို ခိုင်မာစေသည်။ အထိန်း​တော်တုကို စတေးရမယ်ဆိုရင်တောင် သူ့သားသမီးတွေကို​တော့ကယ်တင်ရမယ်​လေ။ သူမ ကအသံကိုမြှင့်ကာ

"အထိန်း​တော်တု၊ မင်း ဘာအမှားလုပ်မိခဲ့လဲ သိလား!"

အထိန်း​တော်တုသည် အူလှိုက်သည်းလှိုက်ကို ထိတ်လန့်သွားပြီး ပထမသခင်မသည်အဘယ်ကြောင့် ရုတ်တရက်ဤသို့ပြောလာသည်ကို နားမလည်နိုင်ဖြစ်သွားသည်။

ပထမသခင်မက

"အထိန်း​တော်တု၊ မင်းရဲ့အငယ်ဆုံးသမီးကို အိမ်​​​တော်စောင့်ကျန်းရဲ့သားနဲ့ ထိမ်းမြား​ပေးဖို့သ​ဘောတူခဲ့တယ်ဆိုတာ က နှစ်ဖက်စလုံးအတွက် အကျိုးရှိမှာမို့​လေ။ အိမ်​တော်​စောင့်ကျန်းက ငါတို့အိမ်​​တော်အတွက် အများကြီးလုပ်ပေးခဲ့တယ်​လေ။ ပထမသခင်​လေးကို ကာကွယ်ဖို့ကြိုးစားရင်းနဲ့ သူ့သားငယ်ငယ်တုန်းက ခြေထောက်ကျိုးသွားရတယ်။ အဲ့တာ​ကြောင့် ငါလည်းသူ့အတွက်လိုက်ဖက်ညီမယ့်လက်တွဲ​ဖော်ကို ရှာ​ပေးချင်ခဲ့ပြီး မင်းရဲ့သမီး​လေးက စရိုက်ကောင်း​တော့ သင့်တော်တယ်လို့ ထင်ခဲ့တာ​ပေါ့။ ဒီ့အတွက်မင်းကငါ့ကိုမုန်းလို့အဆိပ်ခတ်ဖို့ကြိုးစားမလဲဆိုတာ ဘယ်သူကသိပါ့မလဲ!"

အထိန်း​တော်တုသည် သူမ၏သခင်မကို ထိတ်လန့်စွာနဲ့ ကြည့်လိုက်မိသည်။ ပထမသခင်မ နိုးလာချိန်တွင် ပထမဆုံး လုပ်ဆောင်သည့်အရာမှာ သူမအပေါ် အပြစ်​တွေအားလုံးကိုပုံချမည်ဟု သူမ ကမထင်ထားသောကြောင့် ဖြစ်သည်။  သူမသည် ငါးတစ်ကောင်အား ဆုပ်ကိုင်ထားမိသလိုလျှာလိမ်​နေပြီးစကားလည်း မပြောနိုင်​တော့ပေ။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now