116.2.​ထောင်​ချောက်!​ထောင်​ချောက်!

192 40 2
                                    

သူက စကားပြောရင်းနှင့် နောက်ထပ် လက်သီး၃ချက် ထိုးလိုက်သည်။ သူ့ရဲ့နောက်ဆုံးလက်သီးချက်ကြောင့် ​ကျောင်းနန်ကသတိလစ်လုမတတ် အသက်မရှူနိုင်ဖြစ်သွားရတယ်။

"မင်း...မင်းအရူး​ကောင်ကွာ။ ရပ်စမ်း!"

ကျောင်းနန်သည် အမြဲတမ်း ဂုဏ်သိက္ခာရှိပြီး မြင့်မြတ်ဟန်ရှိသော်လည်း ယခုတစ်ကြိမ်တွင်​တော့ သူက တိုက်ခိုက်ခြင်းခံလိုက်ရသည်။ လီမင်တိက အေးစက်စွာဖြင့်

"ခင်ဗျားက ဘာကြောင့် တခြားသူတွေထက် သာလွန်နေရမှာလဲ? ခင်ဗျားကိုယ်ခင်ဗျားဘာထင်​နေလဲ? ခင်ဗျားမှာ ​ကျောင်းမျိုးနွယ်​တွေရဲ့ နာမည်သာမရှိရင် ခင်ဗျားနှစ်ရှည်လများ အောင်ပွဲခံခဲ့တဲ့ စစ်သူကြီးရဲ့ ဘွဲ့ဂုဏ်ထူးကို ဘယ်လိုလုပ် ရနိုင်ပါ့မလဲ? ခင်ဗျားရဲ့ဘိုးဘေးတွေက နောင်လာနောက်သားအကျိုးအတွက် သစ်ပင်တွေစိုက်ထားလို့သာ​​ပေါ့ ခင်ဗျားကိုယ်ခင်ဗျားတကယ်သာလွန်​နေတယ်လို့ ထင်နေတာလား?"

ဟုတ်တယ်။ သူ့မှာ ​ကျောင်းမျိုးနွယ်​တွေရဲ့ ဂုဏ်ဒြပ်သာမရှိရင် ​ကျောင်းနန်က စစ်တပ်ကို ထိန်းချုပ်ဖို့အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး။ ဤစကားများသည် ​ကျောင်းနန်ကို အမှန်တကယ်ထိခိုက်စေရသည်။ သူ့ချို့ယွင်းချက်တွေကို ဘယ်သူကမှ သူ့မျက်နှာကိုကြည့်၍ တိုက်ရိုက်မဖော်ပြရဲခဲ့တာကြောင့် ယခု​တော့ သူ့ကို မီးရှို့ခံလိုက်ရသလိုပင်။ စက္ကန့်ပိုင်းအတွင်း သူပေါက်ကွဲသွားသည်။

“တိတ်စမ်း! မင်းကများ ကောလဟာလတစ်ခုစတင်​ပြောဝံ့တယ်....မင်းကကျုပ်ကိုအယုံအကြည်မဲ့ရဲတယ်! ကျုပ်ရဲ့ စစ်ရေးအောင်မြင်မှုတွေအတွက် ကျုပ်ကိုယ်ပိုင်စွမ်းရည်ကို ကျုပ်အားကိုးခဲ့ရတယ်။ မျက်နှာလှတဲ့​ကောင်! မင်းက​ရော ဘာကိုအားကိုးနေတာလဲ? မင်းရဲ့ရုပ်​ရည်​ကို အားကိုး​နေ​တာလား?"

အထူးသဖြင့် လီမင်တိ၏ရုပ်ရည်ကို အခြားသူများက အာရုံစိုက်လာသောအခါမျိုးတွင် ထိုသို့အ​ခေါ်ခံရခြင်းကို မင်တိက မုန်းတီးသဖြင့် ​မျက်နှာလှတဲ့​​ကောင်ဟုခေါ်ခြင်းသည် အ​ခြေအ​နေမ​ကောင်း​ချေ။ မင်တိ၏အပြုံးက ပိုအေးစက်လာတယ်။

လီ​ဝေ့ရန် (Zawgyi)Donde viven las historias. Descúbrelo ahora