112.2.ကြီးမား​သောဆုံးရှုံးမှုများ

232 44 3
                                    

လီ​ရှောင်ရန်က ​လျှောက်တင်သည်မှာ

"အရှင်မင်းမြတ်၊ ဝူ​ဝေ့စစ်သူကြီးက အသက်မပြည့်သေးပေမယ့် သူ့တာဝန်တွေကို အားသွန်ခွန်စိုက်နဲ့ ထိထိရောက်ရောက် ထမ်းဆောင်ခဲ့ပါတယ်။ သူကရဲစွမ်းသတ္တိရှိပြီး စွမ်းရည်ရှိတာကြောင့် သူ့စိတ်ကူး​တွေကို ရဲဝံ့စွာ​တွေး​ခေါ်နိုင်ပါတယ်။ သူ့လို ပါရမီမျိုးရှိလာဖို့က ခက်ခဲလှ​ပေသားမလား"

ဧကရာဇ်က “ဒါဆို ​မောင်မင်းကသူ့လုပ်ရပ်ကို သဘောတူတာလား” လို့ အတင်းမေး​တော့တယ်။

လီ​ရှောင်ရန်က သက်ပြင်းချလိုက်ပြီး သူ့ရဲ့ အရေးပါတဲ့ စကားတွေကို ပြောလာ​တော့တယ်

"အရှင့်ရဲ့ငယ်သားက ဒီလို မဆိုလိုပါဘူး။ သူ့ရဲ့ မုရုံမျိုးနွယ်​တွေကို သတ်ပစ်မှုက လှည့်စားမှု တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ သူက တိုက်ပွဲပေါင်း၄၀ကျော် အောင်မြင်ခဲ့ပြီး ဘယ်နေရာကိုသွားသွား ​ကျောင်းစစ်တပ်​တွေချန်ရစ်ခဲ့တဲ့ ရလဒ်​ကောင်း​တွေကို မြင်ရမှာပါ။ ဆို​တော့ကား စစ်သူကြီးငယ်​လေးက သူ့ဦးနှောက်တွေကို အလုပ်​ပေး​စေပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်မှုကို ထိန်းကျောင်းဖို့ သူ့ရဲ့သစ္စာစောင့်သိမှုကို ပြသခဲ့တာ ဖြစ်နိုင်​ကြောင်းပါ။ အခြားသူတစ်​ယောက်သာဆိုရင် အ​ခြေအ​နေကဒီထက်ပိုဆိုးမယ်ဆိုတာ ဒီငယ်သားက​ပြောနိုင်ပါတယ်။ ဘယ်သူကမှ သူ့​လောက်ပိုကောင်းအောင် လုပ်နိုင်မှာမဟုတ်ရပါဘူး!”

သူရည်မှန်းထားသည့်အရာအားလုံးက ချီးမွမ်းစကားများဖြင့်သာ ပြီးသွားခဲ့သည်။အဓိကအားဖြင့် ​ကျောင်းနန်ကို ချီးကျူးသည့်စကားလုံးများဖြစ်သည်။ သို့သော် ဧကရာဇ်၏အမူအရာမှာ ပြောင်းလဲသွားပြီး မမျှော်လင့်ဘဲ ပို၍သာဆိုးလာသည်။

လီ​ဝေ့ရန်က ဒါကိုသတိပြုမိပြီး သူမရဲ့ အပြုံးကို ဖုံးကွယ်ရင်း ခေါင်းငုံ့ထားတယ်။ လီ​ရှောင်ရန်က ဧကရာဇ်ကို နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သူဖြစ်သဖြင့် သူ့ရဲ့ ဒေါသကို အပြည့်အဝ နားလည်တယ်။ ဧကရာဇ်က ချီတုံချတုံ ဖြစ်နေတဲ့အတွက် သူသည်​ကျောင်းနန်အား ကောင်းကင်ဘုံမှ စေလွှတ်လိုက်သော သူရဲကောင်းအဖြစ် ချီးမွမ်း​ထောပနာပြုခဲ့တယ်။ သူသာမရှိခဲ့ရင် တိုင်းပြည်က ပြိုလဲသွားလိမ့်မည်​ပေါ့။ သာမန်ဧကရာဇ်မင်းတစ်ပါးသာဆိုရင်​တော့​ကျောင်းနန်သည် သေချာပေါက် အန္တရာယ်ကင်းလိမ့်မည်။ သို့သော် ဤဧကရာဇ်မင်းသည် သာမန်ကာလျှံကာထက် သံသယစိတ်များ ကျော်လွန်​နေသူဖြစ်သဖြင့်ကွဲပြားခြားနားသူဖြစ်သည်။ လီ​ရှောင်ရန်သာ​ကျောင်းနန်ကို ကြိမ်းမောင်းလိုက်ပါက ဧကရာဇ်သည် သူ၏စကားများက အလွန်ပြင်းထန်သွားသည်ဟု ယုံကြည်ကာ သူ့ငယ်သားအပေါ် စာနာစိတ်ဖြင့် တောင်းပန်ပြီးနောက် ထိုအရာသည် အသေးအဖွဲဖြစ်သွားနိုင်သည်။ သို့သော် လီ​ရှောင်ရန်သည် ​ကျောင်းနန်အားအလွန်ချီးမွမ်းခြင်းဖြင့် ဧကရာဇ်မင်း၏အရွံရှာဆုံးအရာကဘာဖြစ်တယ်ဆိုတာကို သတိပေးခဲ့ပြီး မကြားဝံ့မနားသာဖြစ်​စေသည်။ ဧကရာဇ်က ဒေါသအမျက်ဖြစ်မည်မှာ သေချာသည်။ လီ​ဝေ့ရန်က လီ​ရှောင်ရန်သည် ကြင်ရာတော်လျန်နှင့်ပင် မတူကြောင်း ခန့်မှန်းမိသည်။ သူက ဧကရာဇ်မင်း အငြိုးအထားဆုံးကဘာဆိုတာကို သိ​နေတယ်​လေ။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now