104.2.ညဥ့်သန်း​ခေါင်မှ ဆန်းကြယ်​သောသမား​တော်

230 50 3
                                    

ထိုအချိန်တွင် လီဝေ့ရန်၏စိတ်ဝိညာဉ်များ ပြန်လည်ရောက်ရှိလာသည်။ သူမသည် အတည်ပြုလိုစိတ်ဖြင့် လျှောက်လှမ်းလာကာ

"ရှင်က....လုလူကြီးမင်းလား?"

"မင်းရဲ့ရောဂါတွေကို ကုသဖို့ ဒီနေရာကိုလာတာလား? ဒါဆိုရင် အိမ်တော်ထဲဝင်ပြီး စကားပြောလေ!”

လုလူကြီးမင်းကထိုသို့ပြောပြီးသည်နှင့် လီ​ဝေ့ရန်က သူ၏ဝတ်ရုံလက်တွေကို ဆုပ်ကိုင်လိုက်ပြီး

"အချိန်မရှိပါဘူး! ကျေးဇူးပြုပြီး ကျွန်မတို့နဲ့လိုက်ခဲ့ပေးပါ။ ကျွန်မရဲ့​မောင်​လေးက နိုး​တောင်မနိုးလာ​တော့ဘူး!"

လုလူကြီးမင်းက ခေါင်းခါယမ်းပြီး

"ကျုပ် အထဲဝင်ပြီး ဆေးအိတ်ယူဖို့ လိုသေးတယ် အမ​လေး!" 

သူ့ဝတ်ရုံလက်ပေါ်ရှိ လီဝေ့ရန်၏လက်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးများကပြုံးနေသည်။

လီ​ဝေ့ရန်သည် ဘယ်​လောက်​တောင် သူမ အ​လောကြီးပြီး ကျင့်ဝတ်မဲ့စွာပြုမူ​နေမိမှန်းရှင်းရှင်းလင်းလင်းသဘောပေါက်သွားသဖြင့် သူမလက်ထဲမှ ဝတ်ရုံလက်ကို ချက်ချင်း လွှတ်ပေးလိုက်သည်။ အိမ်တော်အတွင်း၏ အပြင်အဆင်သည် ရိုးရိုးရှင်းရှင်းနှင့် ဗလာဖြစ်နေကြောင်းကို မြင်နိုင်သည်။ ပရိဘောဂအားလုံးသည် သူတို့၏ ပထမဦးစားပေးအဖြစ် ကြာရှည်ခံနိုင်စွမ်းအတွက် ဖန်တီးထားပုံရပြီး အထက်တန်းပစ္စည်းများ၏ သဲလွန်စအရိပ်အ​ယောင်မရှိပေ။ ဥပမာအားဖြင့်၊ စားပွဲပေါ်တွင်ကို တခြားဘာမှမရှိဘဲ တရုတ်စစ်တုရင်ခုံဖြင့် တန်ဆာဆင်ထားတာမျိုး​ပေါ့။ အထက်တန်းစား အ​ငွေ့အသက်ရနိုင်တာက​တော့ အစွန်ဆုံးထောင့်တွင်ထားရှိထား​သော ပန်းအိုးများပင်ဖြစ်သည်။ အဖိုးတန်ဆေးဖက်ဝင်အပင်များကို ထို​နေရာတွင် အပုံလိုက်သိမ်းဆည်းထားသည်။ ကုသခြင်းကို အထူးပြုသောရှေးဟောင်းကျမ်းစာများ စုပုံနေသည့် ကြီးမားပြီးကြီးကျယ်ခမ်းနားသော စာအုပ်စင်များကို ထည့်​ပြောရန်ပင်မလို​လောက်​ပေ။

လုလူကြီးမင်း၏အသွင်အပြင်နှင့် ပတ်သက်ရင်​တော့ သူ့ရဲ့မုတ်ဆိတ်မွေးတွေက ဖြူဖွေးနေတယ်။ သူသည် ငယ်စဉ်ကထွားကျိုင်းသော လူငယ်တစ်ယောက် ဖြစ်ခဲ့ရသော်လည်း နှစ်ပေါင်းများစွာက သူ့ကို ခါးကုန်းစေရသည်။ ဒါတောင်မှ သူက ဖြုံရ​လောက်​သော လူတစ်ယောက်ရဲ့ အရှိန်အဝါရှိ​နေတုန်းပဲ။ အစကတော့ သူသည်အိမ်တော်ကိုပြန်ရောက်လာတာနဲ့ လူနာကို မကုသချင်ဘူး။ ဒါပေမယ့် လီမိသားစုရဲ့အခြေအနေကို ကြားသိရပြီးနောက် သမား​တော် ၇ဦးကို ငှားရမ်းထားသော်လည်း မင်ကျီရဲ့ ရောဂါကို ကုသ​ပေးနိုင်ဖို့ အချိန်လွန်​နေပြီဖြစ်တယ်လို့သိရ​သောအခါ သူက အားကြိုးမာန်တက်ဖြင့်

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now