Part 5(Uni+Zaw)

6.5K 331 0
                                    

We are seke (Uni)
အပိုင်း ၅

တီ....

"ဟယ်လို"

"အိမ်ကို အခုချက်ချင်းပြန်လာခဲ့ ပြန်မလာရင် ဘာဖြစ်မယ်ဆိုတာ သိတယ်နော်"

"ဟယ်လို ဟယ်လို"

ဟာကွာ တောက်~~

ဟာအရေးထဲ ဘက်ထရီ က down သွားပြန်ပြီ။ ရှင်းကို ဒီအတိုင်းဘဲ ထားခဲ့လိုက်တော့မယ်။ငါမတွေ့ရင် သူ့ဘာသာပြန်လောက်ပါတယ်။

သုတ တယောက်ထဲ တွေးရင်းကားကို အရှိန်တင်မောင်းကာ အိမ်ကို ပြန်ခဲ့သည်။ တလမ်းလုံး စိတ်ရှုပ်ကာ အဖေနဲ့လဲ မတွေ့ချင်ပါ။ ဘာလိုလိုနဲ့ အိမ်ရောက်တော့ ခြံစောင့်နှစ်ယောက်က တံခါးလာဖွင့်ပေးတယ်။ခြံထဲဝင်ပြီး အိမ်ဝရောက်တော့ အိမ်တော်ထိန်းဦးတိုးက လာနှုတ်ဆက်တယ်။

"သခင်လေးသုတ ရောက်ပြီလား"

"ဟုကဲ့ရောက်ပြီ ဦလေးတိုးရော နေကောင်းရဲ့လား"

"ကောင်းပါတယ် သခင်လေးရယ်"

"ဟုကဲ့"

သုတလဲ အိမ်တော်ထိန်းကို နှုတ်ဆက်ပြီးတာနဲ့အိမ်ထဲဝင်သွားတယ်။ ဝင်ဝင်ချင်း ဆိုဖာပေါ်မှာ ခြေထောက်ချိတ်ကာ ထိုင်နေတဲ့ အဖေကိုတွေ့ရတယ်။ မျက်နှာတည်နဲ့ ထိုင် မိုက်ကြည့်ကြည့်နေလေသည်။

ထိုသူမှာ သုတရဲ့ အဖေ ဦးသုဝဏ္ဏ ဖြစ်လေသည်။ ဦးသုဝဏ္ဏက မှောင်ခိုအလုပ်တွေနဲ့ ကြီးပွားချမ်းသာနေသူတဦးဖြစ်တယ်။ ငွေတိုးလဲ ချေးစားတယ်။ သူ့ငွေပြန်မပေးတဲ့သူတွေကိုလဲ သတ်ကာ လက်စဖျောက်တတ်သည်။သုတငယ်ငယ်လေးထဲက အာ့မကောင်းတဲ့အလုပ်တွေလုပ်နေတာကြောင့် သုတရဲ့အမေဖြစ်သူဟာ အိမ်မှာနေရင်း နေ့တိုင်း ရင်မောနေရသည်။ သုတငယ်ငယ်ကလဲ ဂိုထောင်မှာသွားဆော့ရင်း သူ့အဖေက လူတယောက်ကို သေလောက်အောင်နှိပ်စက်နေတာကိုလဲ မြင်ဖူးတယ်။ အဲ့အချိန်ထဲက အဖေ့ကို ကြောက်မိပြီး အနားကို မကပ်ရဲတော့ပေ။

အဖေ့ကို ပိုပြီး နာကျည်းမိတဲ့အချက်ကတော့-သုတရဲ့အမေက နှလုံးရောဂါသည်ဖြစ်တယ်။ ရောဂါအမြဲဖောက်တိုင်း အဖေဟာ အနားမှာ ရှိမနေခဲ့ပါ။ လူဆိုးလူမိုက်အလုပ်တွေဘဲ လုပ်ကာ အဖေဟာ အတ္တကြီးတဲ့လူတယောက်ဖြစ်တယ်။ သူ့အကျိုးစီးပွားဘဲ သူကြည့်တယ်။ အမြဲတိုက်ခိုက်နေကာ အိမ်ရောက်တိုင်း ဒဏ်ရာတွေ ပါလာတတ်တယ်။ အမေနောက်ဆုံးထွက်သက်တောင် အဖေ​အိမ်ပြန်မလာခဲ့ပါ။ အဲ့ခက်ခဲတဲ့အချိန်တွေမှာတော့ ရှင်းသန့်ဘဲ အဖော်လုပ်ပေးခဲ့တယ်။ သူမရှိရင် ကျွန်တော် ဒီနေ့ထိမခံလောက်ဘူး။

🔞We are seke🔞 CompleteWhere stories live. Discover now