Part 14(Uni+Zaw)

4.6K 285 10
                                    

We are seke (Uni)
အပိုင်း ၁၄




ရှင်းလဲ သုတလက်ကိုချိတ်သွားသော သစ္စာကို ကြည့်ကာ အနောက်မှာ ကျန်ခဲ့တယ်။ ပြီးမှ သူတို့နောက်ကနေ ခပ်သွက်သွက် လိုက်သွားလိုက်တယ်။




သုတကတော့ လက်မှာ အရှက်မရှိ လာကပ်နေတဲ့ သစ္စာကို တော်တော်လေးကို အမြင်ကပ်နေပါပြီ။ ပြောထားလဲ အမှတ်မရှိဘဲ ​အရေထူလွန်းတယ်။ လူကြားထဲမို့ အလိုက်သင့်ဘဲ နေနေရတယ်။ ရှင်းရော ဘယ်လို နေမလဲ မသိဘူး။




သစ္စာကတော့ အောင်နိုင်သူအပြုံးနဲ့ပေါ့။ အနောက်က လိုက်လာတဲ့ ရှင်းကို ကြည့်ပြီး လှောင်ပြုံးပြုံးနေသည်။



Dream ကုမ္မဏီက CEO လင်းက သုတနဲ့ သစ္စာတို့ကို လာနှုတ်ဆက်ကြတယ်။


"သုတ တို့ပါလား။ ဒီနှစ်တော့ အတွဲပါ ပြီပေါ့"


"မဟုတ်ပါဘူး"(သုတပြန်ဖြေလိုက်တယ်)

"အသက်တောင် ၃၀ နားကပ်နေပြီနော် လက်ထက်ဖို့ မိန်းကလေးရှာသင့်ပြီ"



သစ္စာကတော့ မျက်နှာလေး အောက်ချကာ ရှက်နေသည့်ပုံစံ လုပ်နေသည်။ ရှင်းလဲ သုတဘေးလာကာ သစ္စာကို ကြည့်ပင် မကြည့်ပါ။သုတ ကတော့ သစ္စာလက်ကို ခါချလိုက်ပြီး ရှင်းရဲ့ လက်ကောက်ဝတ်ကို ကိုင်ကာ CEO လင်းကို ကြည့်ပြောလိုက်တယ်။




"CEO လင်း စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော့် အိမ်ထောင်ဖက်က ဘေးနားမှာ အမြဲ ရှိနေပြီးသားပါ"



သုတက ရှင်းမျက်နှာ ကြည့်ပြောလိုက်တာကြောင့် CEO လင်း ပြုံးစိစိ လုပ်ကာ နှုတ်ဆက်ပြီး ထွက်သွားလေသည်။ ဘေးကသစ္စာကတော့ စိတ်ထဲကသာကျိန်ဆဲပြီး အပြင်တွင်မဖော်ပြပေ။



ခဏကြာတော့ ရှင်းက သန့်စင်ခန်းသွားလေသည်။ သစ္စာကတော့ ပျော်သွားပြီး အစီအစဥ်ကို စတော့သည်။


"အဖွဲမှူး သုတ ဝိုင်လေး နဲနဲသောက်ရအောင်"

"ကောင်းပြီလေ"



သစ္စာကတော့ သုတအကုန်သောက်လိုက်တာကို ဘေးကနေဘဲ ကြည့်နေရင်း လက်ထဲကနေ ဖုန်းမှ တစ်ဆင့် စာပို့​လိုက်သည်။


🔞We are seke🔞 CompleteWhere stories live. Discover now