Part 16(Uni +Zaw)

4.7K 295 6
                                    

We are seke (Uni)
အပိုင်း ၁၆




ရှင်းနဲ့ သုတ နှစ်ယောက်အ​တူ VIP အခန်းထဲ တွင် တိတ်ဆိတ်စွာ ထိုင်​နေကြသည်။ သုတ ကရှင်းကို ကုတင်ပေါ်တွင် ကျောနောက်ကနေ ခေါင်းအုံး ခံကာ ထိုင်စေပြီး သူက ဝယ်လာတဲ့ ဆန်ပြုတ်ပူပူလေးကို ပန်းကန်ထဲ ထဲ့ကာ ယူလာပေးသည်။



"ရှင်း ဆန်ပြုတ် ပူပူလေး သောက်လိုက်နော်"

"မင်းရော ဘာမှ မစားရသေးဘူးမလား အတူစားကြမယ်လေ"

"ရတယ် ငါ ဆန်ပြုတ်ဘဲ ဝယ်လာမိတယ် မင်းအရင် စားနှင့်လေ ငါက မဆာသေးဘူး"

"မဟုတ်တာ အတူစားမယ်"

"ကောင်းပါပြီ"

"ခွံ့ကျွေး"

"ဟားဟား နေမကောင်းခါမှ ချွှဲစိန်လေး ဖြစ်သွားတာလား"

"ဟွန့်"

"ဟုတ်ပါပြီ ဟုတ်ပါပြီ ခွံ့ကျွေးပါ့မယ်"


ရှင်းက ရယ်ပြီး ကျေနပ်စွာနဲ့ သုတ ခွံံကျွေးတာကို စားနေတယ်။ သုတကလဲ တစ်ဇွန်းခပ်လိုက် မှုတ်ပေးလိုက်နဲ့ အလုပ်ရှုပ်နေတယ်။



တဖက်တွင်

သုတရဲ့ အဖေ သုဝဏ္ဏက မျက်နှာကြီး မှောင်မဲနေကာ မျက်ခုံးမွှေးနှစ်ခုကို ကျုံ့ထားသည်။ ဘေးက သူတွေမှာ အသက်ပင် ဖြောင့်အောင် မရှူရဲကြပါ။ အကြောင်းမှာ သုတအကြောင်းကို အွန်လိုင်းပေါ်ကနေ တွေ့ပြီးသောကြောင့်ဖြစ်သည်။


"ငါ့သားကို ထိခိုက်အောင် လုပ်ရဲတယ်ဆိုတော့ ငါ့ကို စိန်ခေါ်လိုက်တာနဲ့ အတူတူဘဲ အဲ့မိန်းမကို မှတ်သွားအောင် ပညာပေးလိုက်"


"ဟုတ်ကဲ့ပါ ဘော့စ်"


ဦးသုဝဏ္ဏ ၏ တပည့်များထွက်သွားကာမှ အိမ်မှ ထမင်းချက်တဲ့ ဒေါ်ကြီးမြက ထွက်လာပြီး


"သူဋေးကြီး သခင်လေးကို ဆေးရုံသွားကြည့်ဖို့လိုမလား"


ဦးသုဝဏ္ဏက ဒေါ်ကြီး မြကို တချက်ကြည့်ပြီး သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။


"မလိုဘူး အဲ့ကောင်လေး ဘာမှ သိပ်မဖြစ်သွားဘူး သူ့သူငယ်ချင်းက ပိုထိခိုက်တယ်ကြားတယ်"

🔞We are seke🔞 CompleteWhere stories live. Discover now