Sidestory for KhonSett🖤💙

4.8K 216 3
                                    

Sidestory for Khon Sett🖤💙
(Uni)

"ခွန်းလေး မင်းကိုယ့်ကို ဘယ်တော့မှ အဖြေပြန်ပေးမှာလဲကွာ"

ခွန်းဆက်နှင့် မျက်နှာချင်းဆိုင်၍ ပြောနေသူကတော့ ခွန်းဆက်ကို ၁နှစ်ကြာ လိုက်လာခဲ့တဲ့ ရှိန်းမိုးမာန် ဖြစ်လေသည်။

ခွန်းဆက် အမေရိကန်ကို ရောက်တာ တစ်နှစ်ကျော်လေပြီ။ ကျောင်းတက်ရင်း ရှိန်းမိုးမာန်ဆိုတဲ့ စီနီယာ အကိုနဲ့ ခင်ခဲ့ပြီး ထိုသူက သူ့ကို ဖွင့်ပြောကာ အမြဲ ဂရုစိုက်ပေးနေသူဖြစ်တယ်။ခွန်းဆက်ကလဲ  အဖြေတောင်းတိုင်း အချိန် ရွေ့ နေတတ်သူဖြစ်တယ်။ ကိုရှင်းသန့်ကို ဒီတစ်နှစ်တာအတွင်း မေ့နိုင်အောင် ကြိုးစားနေခြင်းဖြစ်သည်။

ကိုရှိန်းမိုးမာန်က ကျွန်တော့်အပေါ် အလွန်ကောင်းသည်။ ကျွန်တော် နေမကောင်းဖြစ်လဲ သူဘဲ စောင့်ရှောက်ပေးသည်။ ထိုသူက ကျွန်တော့်အတွက် အကိုလိုရော သူငယ်ချင်းလိုရော မိသားစု လိုပါ အရေးပါသူ ဖြစ်လာခဲ့တယ်။

ဒါပေမဲ့ ကျွန်တော်က ကိုရှင်းသန့်ကို မမေ့နိုင်တဲ့အချိန်မှာ နောက်တစ်ယောက်ကို အစားထိုးပြီး မတွဲနိုင်ပါ။ အစားထိုးခံရသူက ခံစားရမည် မဟုတ်ပါလား။

ဒီတစ်နှစ်ကျော်အတွင်း မြန်​မာနိုင်ငံမှ အဆက်အသွယ်များဖြင့် သတင်းကြားရသည်က ကိုရှင်းသန့်နဲ့ ကိုသုတ တို့ ဘယ်လိုချစ်ကြကြောင်း သူတို့နှစ်ယောက် ဖက်ရှင် ကုမ္မဏီ တစ်ခု ထောင်လိုက်ပြီ ဖြစ်ကြောင်း စသည်ဖြင့် သူတို့နှစ်ဦး အဆင်ပြေသည့် သတင်းမျိုးတွေသာ အမြဲကြားရသည်။

အခုဆို ခွန်းဆက်က ရှင်းသန့်ကို မေ့နိုင်သွားပြီ ဖြစ်တယ်။ သူ့ဘေးမှာ အမြဲ နေလာခဲ့တဲ့ ရှိန်းမိုးမာန် ကိုလဲ သူကြာကြာ ဆွဲမထားချင်တော့ပါ။ ထိုသူက သူ့အတွက် အရမ်းကို ကောင်းလွန်းသည်။

ခွန်းဆက် ရှိန်းမိုးမာန်ရဲ့ မျက်နှာကို သေချာကြည့်လိုက်သည်။ ထိုသူက အရပ် ၆ပေ ၂လက်မ လောက်ရှိပြီး ခန္ဓာကိုယ်တွင် ကြွက်သားအဖုအထစ်များဖြင့် ကျွန်တော်နဲ့စာရင် အတော်လေးကို ထွားသည်။ အသားက ညိုသော်လည်း ညို ချောလို့ဘဲ ဆိုရမလား ထိုသူက အရမ်းကို ယောကျာ်းပီသလွန်းသည်။ ထိုသူနှင့် တွဲသွားလျှင် နိုင်ငံခြားသူတွေ ငေးခြင်းကို အမြဲ ခံရသည်။ ရှိန်းမိုးမာန်ဆိုသောသူက ခွန်းဆက်ထက် ၃နှစ်ကြီးကာ စော်ကြည်ဘဲကြည့်သူ ဖြစ်တယ်။ မိန်းကလေးများကြားတွင်သာ မက ယောကျာ်းလေးတွေ ကြားတွင်ပါ နာမည်ကြီးသည်။

You've reached the end of published parts.

⏰ Last updated: Nov 04, 2021 ⏰

Add this story to your Library to get notified about new parts!

🔞We are seke🔞 CompleteWhere stories live. Discover now