Part 19(Uni+ Zaw)

5.1K 262 2
                                    

We are seke (Uni)
အပိုင်း ၁၉


နှစ်ယောက်သား ရေမိုးချိုးထမင်းစားပြီး ကုတင်ပေါ်တွင် လေတိုးလို့ပင် မရအောင်မျက်နှာချင်းဆိုင် ဖက်ထားကြလေသည်။ အသက်ရှူတဲ့ လေငွေ့နွေးနွေးတွေက လည်ပင်းတွေ နားတွေကို ကျီစယ်ကာ ပွတ်တိုက်သွားသည်။ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူက သုတပင်။

"ရှင်း ဒီနေ့လေ ငါ့ကို ခွန်းဆက်လာတွေ့သေးတယ်"

"ဘာဖြစ်လို့လဲ"

ရှင်းက လေသံတိုးတိုးလေးနဲ့ဘဲ ပျင်းရိနေဟန်မေးလိုက်သည်။ သုတက သက်ပြင်းချပြီး ရှင်းကို ပိုတိုးလို့ပင် ဖက်ကာ ပုံမှန်လေသံနဲ့ဘဲ ပြန်ဖြေလိုက်သည်။

"သူသဖက်ခါ အမေရိကန်ကို သွားတော့မလို့တဲ့ ငါကို လာပြောတာ သူက မင်းကို တကယ်ချစ်သလိုဘဲ နောင်တရလား ငါနဲ့နေရတာ"

"မရဘူး......သူငါ့ကို ချစ်ချစ်မချစ်ချစ် သူ့ကိစ္စ.....ငါက မင်းကိုဘဲ ​ချစ်တာ."

"ဟားဟား.....ဟုတ်ပါပြီကွာ"


နှစ်​ယောက်သား စကားပြောနေတုန်း သုတဖုန်းက ရုတ်တရက် အသံမြည်လာသည်။

ဂွီ.....ဂွီ......

"ဒီအချိန်ကြီး ဘယ်သူဆက်ပါလိမ့်"

သုတပြောပြီး ကုတင်ပေါ်က ဆင်းကာ စားပွဲပေါ်မှ ဖုန်းကို သွားယူလေသည်။ ဖုန်းကို ကြည့်လိုက်တော့ အိမ်က ဖုန်းပင်။

"ဟယ်လို"

".............."

"မငိုနဲ့ ဒေါ်ကြီးမြ ဘာဖြစ်တာလဲ အရင်ပြောပါအုံး"

"သူဋေးကြီး......သခင်လေး အ​ဖေ မေ့လဲ သွားလို့ ဆေးရုံတင်ထားရတယ်......မြန်မြန်လိုက်လာခဲ့ပါ ........."

"စိတ်အေးအေးထား ဒေါ်ကြီးမြ ကျွန်တော် အခုချက်ချင်းလိုက်လာခဲ့မယ်"

ရှင်းသန့်လဲ ကုတင်ပေါ်မှ ဆင်းကာ သုတရဲ့ ပုခုံးကို ကိုင်လိုက်ပြီး

"ဦးလေး ဘာဖြစ်လို့လဲ"

"ဆေးရုံတင်ထားရတယ်တဲ့ အတူတူသွားရအောင်"

"ကောင်းပါပြီ"

ဒီနေ့တော့ ကားကို ရှင်းကဘဲ မောင်းကာ သုတကို ဘေးမှာ ထိုင်လိုက်ခိုင်းလိုက်သည်။ သူ့အကြောင်းကို သိတာပေါ့။ အပြင်မှာသာ အဖေကို အေးတိအေးစက် ဆက်ဆံတာ စိတ်ထဲမှာတော့ အမြဲရှိမှန်း သိလေသည်။

🔞We are seke🔞 CompleteWhere stories live. Discover now