Part 11(Uni+Zaw)🔞

10K 340 6
                                    

We are seke (Uni)🔞
အပိုင်း ၁၁


ညနေဘက် သုတကားမောင်းပြီး အိမ်ပြန်လာသည်။ ရှင်းသန့်က အလုပ်က စောစော ပြန်ရောက်တော့ အိမ်မှာ ရောက်နေပြီးသားဖြစ်တယ်။

သုတ အိမ်ထဲ ဝင်တာနဲ့ မီးဖိုချောင်ထဲမှာ ဟင်းချက်နေတဲ့ အေပရွန်လေးဝတ်ပြီး ကျောခိုင်းနေသော ရှင်းကို တွေ့ရတယ်။ တံခါးဖွင့်သံ ကြားတာနဲ့ နောက်လှည့်လာပြီး

"သုတ ငါညနေစာ ပြင်ထားတယ် စားမယ်မလား"

"အင်း"

"ပြီးရင်ဆင်းခဲ့ ငါပြောစရာ​လဲရှိတယ်"

"ok"

သုတလဲ ရေမိုးချိုးပြီး ပေါ့ပေါ့ပါးပါး ညဝတ်အကျိ်ဝတ်လာတယ်။ အပြာနု ဝမ်းဆက်လေး ရင်ဘက်က ကြယ်သီးနှစ်လုံးလောက်ကို ဖြုတ်ထားပြီး ဖုထစ်နေတဲ့ကြွက်သားတွေကို လစ်ဟာပြထားတယ်။ ခေါင်းလျှော်ထားပြီး မခြောက်သေးတဲ့ ဆံပင်ရေစိုတွေက အကျိ်ပေါ်ကို တစ်စက်ချင်း တတောက်တောက်ကျနေသည်။


ရှင်းက ထမင်းစားပေါ်​ထိုင်စောင့်နေတာဖြစ်ပြီး သုတပုံကို ကြည့်ပြီး မျက်ခုံး ရှုံ့လိုက်တယ်။ ပြီးတော့ သက်ပြင်းချပြီး သပတ်သွားယူလေသည်။

သုတကတော့ ထမင်းစားပွဲစီသွားပြီး ထိုင်နေကျခုံမှာ ထိုင်ပြီး ရှင်းပြန်အလာကို စောင့်နေလေသည်။ ရှင်းက အဖြူရောင်ဝမ်းဆက်ကို ဘောင်းဘီဒူးလောက်ကို ဝတ်ထားသည်။ ဖြူဖွေးနေတဲ့ အသားအရည်က ခြေသလုံးမှာ ဖော်ပြနေသည်။ လက်ထဲမှာ သပတ်ပါလာတယ်။

ရှင်းက သုတအနားလာတော့ သုတက ရှင်းကို မော့ကြည့်လိုက်တယ်။ ရှင်းက သုတကို ပြန်စိုက်ကြည့်ပြီး သုတရဲ့ ပေါင်ပေါ်ကို ခွထိုင်ပြီး သုတနဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်တယ်။သုတက ဒီအခြေအနေ ပုံစံက အရင်က ပြသနာ မရှိပေမဲ့ အခုကနှစ်ယောက်ကြားမှာ ရန်ဖြစ်ထားတာကြောင့် ရှင်းအပြုအမူကို သတိထားနေသည်။

"ပြောစရာက ဘာလဲ ရှင်း ဘာလို့ငါ့ပေါ်လာထိုင်တာလဲ"

"မင်းနဲ့ငါ့ ကြားက ကိစ္စကို ရှင်းမလို့လေ"

ရှင်းကပြောရင်းနဲ့ သုတရဲ့ ခေါင်းအနောက်က ဆံပင်တွေကို သုတ်ပေးရင်းပြောနေလေသည်။

🔞We are seke🔞 CompleteWhere stories live. Discover now