Part 22(Uni +Zaw)end🔞🔞🔞

12.8K 276 4
                                    

We are seke (Uni)🔞🔞🔞
အပိုင်း ၂၂ ဇာတ်သိမ်းပိုင်း

​ဖ​ယောင်းတိုင်များကြီးများ နှင်းဆီပန်းဖက်များနဲ့ ပြည့်နေသော အခန်းတစ်ခန်းထဲဝယ် လက်ထက်ပြီးခါစ ပူပူနွေးနွေး စုံတွဲတစ်တွဲ ရှိလေရဲ့။ ထိုသူနှစ်ယောက်မှာ ကုတင်ပေါ်တွင် ထိုင်နေကြသည်။ မွေ့ယာမှာ အဖြူရောင် ဖြစ်ပြီး ကုတင်ပေါ်တွင်လဲ နှင်းဆီနီ ပွင့်ဖက်များ ရှိလေသည်။

ဒီနေ့က သုတရဲ့ ရှင်းတို့ရဲ့ မဂ်လာဦးည ဖြစ်လေသည်။ သုတအဖေက ဆေးရုံတက်နေရသောကြောင့် ဟန်နီးမွန်းကို ဆေးရုံနဲ့ နီးရာ ဟော်တယ် တွင်သာ နေခဲ့ကြရသည်။

ထိုသူနှစ်ဦးမှာ အခုမှ လက်ထက်သော်လည်း သူတို့နှစ်ယောက် living together နေတာက နှစ်ချီ နေလေပြီ။ ထို့ကြောင့် သူတို့မှာ အခုမှ မဂ်လာဦးမည့် စုံတွဲတွေလို ထူးထူးခြားခြား ရင်ခုန်ခြင်းတော့ ရှိမနေခဲ့။ ဒါပေမဲ့ ပျော်ရွှင်မှုကတော့ နှလုံးသားထဲမှာ ပြည့်နေလေသည်။

"ရှင်း"

"ဟင်"

"ငါတို့ အခုက စပြီး အိမ်ထောင်သည်ဘဝကို အတူတူ ဖြတ်သန်းကြတာပေါ့"

"အင်း"

"ဘယ်အရာမဆို တစ်ယောက်ကိုတစ်ယောက် တိမ်ချန်မထားဘဲ ပြောပြရမယ်"

"သဘောတူတယ် ပြီးတော့ ဘယ်ကိစ္စမဆို တစ်ယောက်ကို တစ်ယောက် ယုံကြည်ရမယ်"

သုတ ခေါင်းငြိမ့်ပြီး သဘောတူခဲ့တယ်။ ရှင်းကစဥ်းစားဟန် တစ်ချက်ပြုပြီးမှ စကားဆက်ပြောလေသည်။ သူ့အသံက တိုးလည်းမတိုးသလို ကျယ်လဲ ကျယ်မနေခဲ့။ ညင်သာပြီး တည်ငြိမ်နေတယ်။

"အိမ်ထောင်တစ်ခုမှာ မရှိမဖြစ်က အချစ်ဆိုပေမဲ့ ငါ့အတွက်တော့ ယုံကြည်မှု့က ပိုအရေးပါတယ် လို့ ထင်မိတယ်။ ယုံကြည်မှု မရှိတော့ရင် အဲ့လူနှစ်ယောက်ရဲ့ အိမ်ထောင်ရေးက အမြဲ စိတ်ညစ်စရာတွေဘဲ ကြုံရမယ်။ ရမ်တွေလဲ ခဏခဏဖြစ်မယ်။ အိမ်ထောင်လဲ မြဲမယ်မထင်ဘူး။ ငါကတော့ အေးအေးဆေးဆေးဘဲ နေချင်တယ်။ တစ်သက်လုံး ရန်မဖြစ်ဘဲ"

"ငါသဘောတူတယ် ငါတို့ ဘယ်တော့မှ ရန်မဖြစ်ဘဲ အတူနေရအောင် ငါတို့အတူရှိခဲ့တဲ့ ၁၀နှစ်ကျော် အတောအတွင်းလဲ ဘာပြသနာမှ မတက်ဘဲ နေခဲ့ကြတာလေ မင်းဒါတွေ တွေးပူနေဖို့ မလိုပါဘူး"

🔞We are seke🔞 CompleteWhere stories live. Discover now