Part-6

769 83 11
                                    

Zawgyi

" မင်းသမီး​အေးချမ်းစွာအနားယူလို့ရပါတယ်​ မင်းသမီးကို​စောင့်​​ရှောက်​​ပေးဖို့ကျွန်​မကိုအမိန့်​​ပေးထားပါတယ်​ _"

မိိမိတို့နှင့်​ဝတ်​စားပုံချင်းမတူပုံကလွဲရင်​ထိုသူသည်​၏ယဉ်​​ကျေးမှုသည်​​တော့မိမိတို့နှင့်​တူပုံရသည်​..ဒါနဲ့ မိမိပါသူတို့ဘုရင်​ကိုလက်​ထပ်​လိုက်​ရင်​ သူတို့လိုလိုက်​ဝတ်​ရမှာလို့ဟူ၍ ​တွေးမိသည့်​အခါစိတ်​ကတင်းကျပ်​လာပြန်​၏..

ဆံပင်​တို့သည်တစ်​ဝက်​ကိုထုံးလျက်​ ကျန်​တစ်​ဝက်​ကို​တော့ ချထား​လေသည်​...ထို့ပြင်​​အ​ရှေ့တွင်​ချထားသည့်​ဆံမြိတ်​တို့​ကောက်​​နေပြန်​​သေးသည်​..

'ဒါက​တော့ အကုန်​မနက်​မှသိရမှာပဲ​လေ ငါကြို​တွေးပြီး​ခေါင်းကိုက်​မခံတာပဲ​ကောင်းမယ်​ _´

သူမသည်​​တော့​ခေါင်းကိုအနည်းငယ်​ခါလိုက်​ပြီး အိပ်​စက်​ရန်​ပြင်​လိုက်​၏..သို့​သော်​လည်း..

'ဂြီ~~~_´

ရုတ်​တရက်​ဗိုက်​မှအချက်​​ပေးသံက မိမိညစာမစားရ​သေး​ကြောင်း​ဖော်​ပြ​ပေး​နေ​လေသည်​...

" မင်းသမီး..အထိန်း​တော်​ဟွမ်​ပါ _"

သူမသည်​တံခါးကို​ခေါက်​၍အသိ​ပေးလိုက်​ပြီး စားပွဲဝိုင်းတစ်​ခုကိုကိုင်​လျက်​ဝင်​လာ၏...
ထို့​နောက်​ထိုစားပွဲဝိုင်း​လေသည်​မိမိ၏​ရှေ့တွင်​​နေရာယူ​လေ​တော့
သည်​..

" မင်းသမီးဗိုက်​ဆာ​နေမယ်​ထင်​လို့ပါ ဒါ​ကြောင့်​ကျွန်​မစားစရာပြင်​လာပါတယ်​ _"

Hae Eunစားပွဲဝိုင်းတွင်​ပြင်ဆင်​ထားသည့်​ဟင်းပွဲများကိုသာအာရုံ​ရောက်​​နေသည်​မို့ မိမိအားကြည့်​​နေသည့်​အထိန်း​တော်​ဆိုသည့်​သူမကိုပင်​သတိမထားမိ​တော့​ချေ...

" ဒါဆိုမင်းသမီးကိုမ​နှောက်​ယှက်​​တော့ပါဘူး.._"

သူမသည်​အရိုအ​သေ​ပေးပြီး​နောက်​ထွက်​သွား​လေသည်​..

'ဘာလို့ဟင်း​တွေကငါ့အကြိက်​ချည်းပဲလဲ_ ဒါမှမဟုတ်​ သူတို့စားတာကိုက ငါ့အကြိုက်ဖြစ်​​နေတာများလား??_ဘာပဲဖြစ်​ဖြစ်​ပါ..ငါ​တော့အကုန်​စားမှာ _"

영원히-Forever(Z+U)Where stories live. Discover now