Part-16

262 36 1
                                    

Unicode***

အိပ်မက်လိုထိုအရာကိုမြင်ပြီးတဲ့နောက်မှာတော့ဆော့ဂျင်းစိတ်ထဲသေချာသွားခဲ့တာက သူကဒီနေရာကိုသက်ဆိုင်လို့ရောက်လာခဲ့ခြင်းသာ

ဟုတ်တယ် ဒါတွေအကုန်လုံးကသူတွေ့ကြုံပြီးသားအကြောင်းအရာတွေချည်း!!

နောက်ဆုံးမှာသူကသေဆုံးပြီးတော့ပြန်လည်မွေးဖွားခွင့်ရခဲ့သူ
သူမှတ်မိသလောက် ထယ်ယောင်းသေတာကိုမြင်ပြီးနောက်မှာတော့ ဂျောင်ကုရှေ့တွင်ပဲ ကိုယ့်ကိုကိုယ်အဆုံးသတ်စေလိုက်သည်

ဂျောင်ကုငိုပြီးသူ့ကိုအော်ခေါ်နေခဲ့တာကိုတောင်လျစ်လျူရှု့လိုက်ပြီးတော့ မျက်ဝန်းကိုပိတ်လိုက်တော့သည်

အမှောင်ပိတ်သွားသည့်မျက်ဝန်းထဲတွင် တစ်စွန်းတစအလင်းရောင်ကစုသွားပြီးလျှင် ထိုနေရာ၌ မိန်းကလေး ဟုဆိုရလောက်အောင်လှသည့်အမျိုးသမီးတစ်ဦးကပြုံး၍ကြည့်နေသည် သူမကသူ့အားလက်လှမ်းပေးပြီးနောက် တော့

" ပြန်ပြီးမစတင်ချင်ဘူးလားကောင်လေး?"

စတင်ရမယ်??ဝေဝေဝါးဝါးဖြစ်နေတဲ့ဦးနှောက်ကိုအလုပ်ပေးနေတော့ သူမကညှင်းသွဲ့သွဲ့ပြန်လည်ရယ်မောလိုက်ပြီး

ဟင်း~ဟင်း~!

"ပြန်ပြီးမမွေးဖွားချင်ဘူးလား? "

ပြန်ပြီးမွေးဖွားရမယ် ?သူကလေ??

"တစ်စုံတစ်ယောက်ကသူ့အမှားအတွက် ပေးဆပ်ပြီးပြန်စတင်ချင်နေတယ်ကောင်လေးရဲ့ သူ့အတွက်အခွင့်အရေးကမင်းကိုယ်တိုင်ပဲရှိတယ် မင်းကိုသူစောင့်နေတယ် "

မဟုတ်မှလွဲရော!!!

"ဘယ်သူလဲ?ဂျောင်ကု?? "

အဟင်း!!~~

"မင်းသိလာမှာပါ ဒါပေမဲ့ခွင့်လွှတ်တတ်အောင်လေ့ကျင့်ထားပါ "

သူမနဲ့စကားပြောပြီးတဲ့နောက်မှာတော့ သူက
တစ်ဖန်ရှင်သန်ခွင့်ရခဲ့တယ် သူပြန်ရောက်နေတဲ့အချိန်က အဖေ့ဆီကထွက်ပြေးပြီးနောက်
နန်းတော်ထဲကိုဝင်ခဲ့သည် အချိန်ပင်ဖြစ်သည်ကိုယ်ရံတော်အ​ဖစ်စ၍လေ့ကျင့်ရချိန်သည် စုတ်တံပဲကိုင်ရင်းကြီးပြင်းခဲ့သည့်သူ့အဖို့ ဓါးကိုအစားထိုးပြောင်းကိုင်ရသည့်အခါလုံးဝကိုကျင့်သားမရခဲ့ ထိုအချိန်တွင်ငယ်ငယ်ရွယ်ရွယ်နှင့် ဓားဖြင့်သာအချိန်ကုန်ခဲ့ရသည့်ဂျောင်ကုကိုနားမလည်ပေ... အချိန်အတော်ကြာရောက်မလာတော့တာမို့ အနေနီးစပ်စေရန် လိုက်လာရခြင်း အခုဆို ဂျောင်ကုသည်မည်သို့သောပုံစံဖြစ်နေမည်နည်း??အရင်လိုတဇွတ်ထိုးဆန်နေမည်လား ထိုသို့သောအတွေးကသာသူ့၌ရှိနေခဲ့သည် ထိူ့အတွက်လဲ သူ မရွေးချယ်ခဲ့သောအရာကိုရူးရူးမိုက်မိုက်ရွေးချယ်မိသည့်အထိ..
အခုသူလုံးဝနားလည်ချေပြီဒါကသူနဲ့ဘယ်လိုမှမအပ်စက်ဘူးဆိုတာ ထို့နောက်မှာတော့ သူသည်လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားလေသည်

영원히-Forever(Z+U)Where stories live. Discover now