Part-31

232 22 3
                                    

Unicode Ver:

သူတို့အတွက်အဆုံးသတ်ဟာ တဖန်ပြန်လှည့်လာလေပြီ
ယွန်းဂီသူကိုင်နေကျ တစ်နည်းဆိုရင် သူ့ညီတော်ရဲ့ချစ်ရသူကိုသတ်ခဲ့တဲ့ ဓားကိုဆွဲကိုင်ရင်း ပြတင်းပေါက်မှမြင်နေရသည့်သူ့ညီတော်တို့ အုပ်စုကိုလှမ်းကြည့်သည်

ညီတော်ဟာ မယ်တော်နှင့်ဆင်သည် သူဟာဖခင်နဲ့ဆင်သလောက် ညီတော်ကတော့မယ်တော့ကိုယ်ပွားလိုပင် သိပ်အေးစက်သည် ချစ်တတ်သည် သို့သော် ထုတ်ပြောရမှာကိုလဲသိပ်ဝန်လေးတတ်သည်
ဒါအပြင် အငြိုးလဲအမုန်းလဲကြီးတတ်သည်
ဒါခနလေးနဲ့ပြန်တွေ့ချိန်မှာသူသိလိုက်ရတဲ့ညီတော်ရဲ့ အတ္တနှင့်ပုံစံပင်

"ပွဲတော်ကိုလာတဲ့သူတိုင်းကိုဂရုစိုက်ပါ အထူးသဖြင့်။ ညီတော့်အနားကိုကပ်တဲ့သူတိုင်းကိုပိုဂရုစိုက်!"

မွန်ဂိုကနေ သူ့ရဲ့လေ့ကျင့်တပ်သားတွေရောက်လာတည်းက သူ့အနားမှာ ဂိုလျောအမှုထမ်းတွေနှင့်ရောထားနေရာချထားပေးလိုက်သည် ဒါမှလဲ သူကာကွယ်ချင်တဲ့သူတွေကိုကာကွယ်လို့ရမှာပင် ဂျွန်ဂျောင်ကုဟာ ညီတော်ကိုကာကွယ်နိုင်ပေမဲ့ သူ့ကိုလဲစိတ်မချ

သူအလုံးဆုံးပြင်ဆင်ပြီးချိန်တွင် အွန်းလေးကလဲ သူ့အနားကိုရောက်လာချေပြီဖစ်၏

" ညီလေးကိုစိတ်မချနိုင်ဖြစ်နေတာလားအရှင်?"

သူမအမေးကိုပြန်မ‌ဖြေခဲ့ပေ ဒီအတွက်သူ့အဖြေကမလိုလောက်အောင်မှန်နေခဲ့တာမို့

သူအတွေးဆုံးတော့ ညီတော်လဲ သူ့မျက်လုံးရှေ့ကပျောက်သွားချေပြီ။

" ကိုယ်တော်!"

ပြောမဲ့စကားက အွန်းလေး၏အကြည့်တို့တွင်လေထဲ၌သာရပ်တန့်ကုန်သည်

"ဘာပြောဖို့လဲအရှင် ပြောလေ?"

" မဟုတ်ပါဘူး အွန်းလေးပြင်ဆင်လို့ပြီးပြီလား? သွားနှင့်လို့ရမလား?ကိုယ်ဆော့ဂျင်းနဲ့စကားတစ်ချို့ပြောစရာရှိနေသေးလို့"

" ဒါဆို ခွင့်ပြပါအုံးအရှင်!"

သူ့စကားအဆုံးတော့ သူမကအလိုက်သိစွာစကားထပ်မဆိုတော့ပဲထွက်သွားလေသည်

영원히-Forever(Z+U)Where stories live. Discover now